NEWS

HM တံဆိပ်ချုပ် TongYing စက်ရုံ က သင်္ကြန်ရက်စားအတွက်် ရက် ၂၀ ဆက်တိုက် အလုပ်ဆင်းခိုင်းနေ

CoverLogo
789 Views

တိုင်ကြားပါတယ်ရှင့်။

HMတံဆိပ်ချုပ်တဲ့ TongYing စက်ရုံကပါ။ စက်ရုံက မှော်ဘီမှာပါ။ ညီမတို့ စက်ရုံမှာ သင်္ကြန်ပိတ်ရက်အတွက် ရက်အစားထိုး ဆင်းရမယ်ဆိုပြီး တနင်္ဂနွေပိတ်ရက်ကို အတင်း ဖိအားပေး ဆင်းခိုင်းလို့ပါရှင့် ။

တနင်္ဂနွေ နှစ်ပတ် ဆက်တိုက်ဆင်းရမှာ ဖြစ်တဲ့အတွက် အလုပ်ဆင်းရက်က ရက် ၂၀ အတိ နားရက်မရှိ ဆင်းရသလို ဖြစ်သွားတယ်။

တနင်္ဂနွေကို အစားပေးရတာ ဖြစ်တဲ့အတွက် ညီမတို့ အလုပ်သမားတွေဘက်မှာ အရမ်းနစ်နာတယ်။
အလုပ်သမားတွေဘက်က မဆင်းနိုင်ဘူး၊ ပုံမှန်အတိုင်းပဲ ဆင်းမယ်၊ ရက်စားအတွက် လက်မှတ်ထိုး မပေးကြပါဘူး။ ဒါကို အောစူပါတွေက အမျိုးမျိုး ဖိအားပေး လက်မှတ်ထိုး ခိုင်းပါတယ်။

ပထမ လက်မှတ်ထိုးခိုင်းတော့ ဘယ်သူမှ မထိုးတော့ အောစူပါက နင်တို့ပဲ မထိုးတာ တခြားသူတွေ အကုန်ထိုးတယ်ဆိုပြီး ညာထိုးခိုင်းပါတယ်။

သုံးခါတိတိ လက်မှတ်ထိုးခိုင်းပါတယ်။ အများစုက ရက်အစား မပေးချင်လို့ မထိုးကြပါဘူး။
နောက်ဆုံးမှာ “နင်တို့ကို စောပိတ်ပေးမှာ၊ အစားထိုးမပေးရင်၊ နင်တို့ ၁၁ ရက်နဲ့ ၁၂ရက်ကို စက်ရုံလာဆင်း။ ဒါပေမယ့် စက်ရုံက ဖယ်ရီကားမပေးဘူး။ ကိုယ့်စီစဥ်နဲ့ လာဆိုပြီး ပြောပါတယ်။

ညီမတို့ အလုပ်သမားတွေ စက်ရုံရောက်ဖို့ ဆိုင်ကယ်ငှားစီးရတယ်။

ကိုယ့်အစီစဥ်နဲ့လာဆိုတော့ ညီမတို့ရမဲ့ ဒေးကြေးက ၄၈၀၀ ကယ်ရီအသွားအပြန် ငှားတာနဲ့ဆို အဲ့နေ့တွက်ခ ကုန်နေပါပြီ။

ညီမတို့ အလုပ်မှာလည်း ကြိုးကြိုးစားစားနဲ့ ပင်ပန်းကြတယ်၊ တပတ်တရက် နားချင်ကြပါတယ်။

သင်္ကြန်ပိတ်ရက်ရှိပေမဲ့ ရက် ၂၀ ဆက်တိုက်တော့ ဘယ်သူမှ မဆင်းချင်ပါဘူး။

“မဆင်းနိုင်ဘူး၊ လက်မှတ်မထိုးနိုင်ဘူး” ပြောတော့ လက်မှတ်မထိုးတဲ့လူတွေပဲ သီးသန်ခေါ်ပြောပြီး ဖိအားပေး လက်မှတ်ထိုး ခိုင်းပါတယ်။

အောစူပါ ၊ စူပါက အစ ညီမတို့ကို ဖိအားပေးတော့ မဆင်းချင်လည်း လက်မှတ်ထိုးပေးလိုက်ရပါတယ်။

အရင် စက်ရုံမှူးတုန်းကဆို အဲ့လိုခေါ်ဖို့ကလေးတွေကို သဘောတူလား၊ မတူလား အရင်မေးတယ်။
သဘောမတူရင် မခေါ်ဘူး။

အခုစက်ရုံမှုးကတော့ သူ့ခေါ်ရင်ဆင်းရမယ်၊ သဘောတူညီချက်တွေ မတောင်းဘူး။

ညီမတို့ဘက်က တနင်္ဂနွေတော့ ဆက်တိုက် ရက်စားမပေးနိုင်ဘူး။ စနေနေ့ကို နေ့တဝက် အချိန်ပိုခမယူဘဲ အစား ဆင်းပေးပါ့မယ်ဆိုလည်း စက်ရုံဘက်က လက်မခံပါဘူး။ လက်မှတ်ကို စက်ရုံမှုးက ထိုးခိုင်းတော့ အလုပ်သမား တွေ ရဲ့ သဘောတူညီချက်ကို မမေးဘဲ၊ အောစူပါ စူပါတွေက အမျိုးမျိုး ဖိအားပေး ထိုးခိုင်းတာပါရှင့်။

ကျေးဇူးပြုပြီး လာရောက် ဖြေရှင်းပေးပါ၊ တောင်းဆိုပါတယ်ရှင့် ။

(TONG YING HK(Garment) စက်ရုံကတော့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ (ဖရဲခင်း) စက်မှုဇုန်မှာ လုပ်သားအင်အား ၅၀၀၀ ဝန်းကျင် နဲ့ H&M ကုန်အမှတ်တံဆိပ်ကို နှစ်ကာလရှည်ကြာ ချုပ်လုပ်နေတယ်လို့ Myanmar Labour News က သိရှိထားပါတယ်။)


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026