NEWS

လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများဖြေရှင်းပေးဖို့ အလုပ်သမားတွေလိုလားနေ

CoverLogo
527 Views
အလုပ်သမားပေးစာ
 
ချိုးဖောက်မှုဖြစ်စဥ်အကျဥ်း
 
အောက်ပါ အလုပ်သမားဥပဒေပါအခွင့်အရေးများဆုံးရှုံးနေရခြင်းကို ကူညီပေးပါရန် မြန်မာ နိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ထံအကူအညီတောင်းခံအပ်ပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ ကနောင်မင်းသားကြီးလမ်း အမှတ်---(B)တွင်ဖွင့်လှစ်ထားသော Shun Yu Myanmar Garment Co.,Ltdတွင် အလုပ်သမား၂၇၀ ကျော် ဖြင့် လုပ်ကိုင်နေတာပါ။
တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး Smog,Karrimor, CMP, Sinsay တံဆိပ်ချုပ်လုပ်နေကာ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေနေရပါတယ်။
 
လုပ်ငန်းခွင်ထဲတွင်ဆေးပေး ခန်းသီးသန်ထားပေးခြင်းမရှိခြင်း၊ အခြေခံထားရှိရမည့်ဆေးဝါးမရှိခြင်း၊ အလုပ်သမားများ သောက်သုံးရေ များမှာရေသန့်စက်ထားရှိပေး သော်လည်းနေ့စဉ်နေ့တိုင်း ‌သောက်ရေပြတ်လက်မှု့ကြောင့် သောက်ရေ သောက်ရ တာ ဝဝလင်းလင်းမရှိခြင်းများကြုံတွေ့နေရတဲ့အပေါ်ဖြေရှင်းပေးစေလိုပါတယ်။
 
လိုင်းဌာနအသီးသီး သန့်စင်ခန်းသွားရာတွင် လိုင်းတစ်လိုင်း တစ်ဌာနကို အိမ်သာသွားကတ်၂ကတ်သာပေးထားပြီး နှစ်ယောက်အထက် ပိုမသွားရဆိုပြီး ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ စည်းကမ်းများတင်းကြပ်ထားပါတယ်။
အလုပ်သမားများ အလုပ်တက်ချိန်မှာ နံနက် ၇ ခွဲမှ နေ့လည် ထမင်းစား ၁၂ နာရီဖြစ်ပြီး ၁၂ခွဲ မှ အချိန်ပို အိုတီညနေ ၇ နာရီတစ်ဆက်ထဲ နားချိန်မ‌ပေးဘဲခိုင်းပါတယ်။
 
နံနက်၇ခွဲမှ နေ့လည်ထမင်းစားနားအချိန်တွင် မုန်ဈေးသယ်များရောင်းလာခွင့်မရှိပဲ မုန့်စားချင်လျင် ဂိတ်ပတ်ယူ၍သွား၀ယ်စားရပါတယ်။ ဂိတ်ပတ်ယူရာ တွင်အလွယ်တကူမရရှိပဲ ဌာနအပိုင်း စူပါလီတာများထံ အောက်ကျပြီး ဒူးမထောက်ယုံတောင်းခံနေရပါတယ်။
 
စက်ရုံတွင် လူဦး၂၇၀ မှ၃၀၀ခန့်ရှိနေပြီး အလုပ် ၀င်ချိန်အလုပ်ပြန်ချိန်များတွင် ဖယ်ရီကား သို့မဟုတ် လမ်းစရိတ်မပေးဘဲ မိမိအစီစဥ်ဖြင့်လာရပြီး အလုပ်ချိန် အမှီအလုပ်၀င်ရပါတယ်။
 
အိမ်ပြန်ချိန်တွင် ညနေ၇နာ ရီဖယ်ရီစီစဥ်ပေးခြင်းမရှိသည့်အတွက် အိမ်အပြန်လမ်းမှာ အလုပ်သမားများအတွက် စကစဘက်မှ စစ်ဆေး မေးမြန်းမှုများရှိခြင်းကိုလည်း အလုပ်ရှင်ဘက်က တာ၀န်ယူပေးခြင်းမရှိခြင်း၊ ဖယ်ရီမစီစဥ်ပေးခြင်းကြောင့် အခက်အခဲများကြုံတွေ့ရပါတယ်။
 
အလုပ်သမားများ အလုပ်လုပ်ကိုင်တာလုပ် သက်တစ်နှစ်ပြည့် လုပ်သက်‌ဆုကြေး ၁၀ ရက်စာကို လဲယခုအချိန်အထိ ၄၈၀၀ ကျပ်ဖြင့်သာရှင်းပေးပါတယ်။
 
လုပ်ငန်းခွင်ထဲတွင် အသက် ၁၅၊ ၁၆နှစ်အရှိသော လူငယ်၊ လူရွယ်အလုပ်သမားများကို ကျန်းမာရေး ကောင်းမွန်ကြောင်း ဆရာဝန်ထောက်ခံချက်စာမပါဘဲ ခိုင်းစေနေပါတယ်။
 
အချိန်ပိုအိုတီခေါ်ရာတွင် ပါကင်ဌာ န၊ မီးပူတိုက်ဌာနတွင် လူငယ်၊ လူရွယ်အလုပ်သမားများ စံချိန်များကို အော်ဟစ်ဆဲဆိုတောင်းခံခြင်း အလုပ်ချိန် အတွင်းလည်း ကြိမ်းမောင်းပြောဆိုခိုင်းနေတာဖြစ်ပါတယ်။
 
အော်ဒါအပြတ်မပြီးလျှင်လဲ ၇နာရီမှ ၁၀နာရီအထိလိုသ လိုအချိန်ပိုအိုတီဆင်းခိုင်းနေပါတယ်။ အချိန်ပိုအိုတီခေါ်ရာတွင် ကျန်းမာရေးကြောင့်ဖြစ်စေ မိသားစုကိစ္စ ကြောင့်ဖြစ်စေ အချိန်ပိုအိုတီမဆင်းသူများကို ဆုကြေးမှဖြတ်တောက်ခိုင်းပါတယ်။
 
လုပ်ငန်းခွင်ထဲတွင် wcc မဲပေးပြီးရွေးချယ်ထားသော်လည်း ၎င်း wcc များမှာ အလုပ်သမားများ တောင်းဆိုထားသည့် လိုအပ်ချက်များကို ဘာတစ်ခုမှဆောင်ရွက်ပေးခြင်းမရှိခြင်းဖြစ်ပါတယ်။
 
ယခင်ဒေးကြေးမှာ ၄၈၀၀ ကျပ်ဖြစ်ပြီး ထောက်ပံ့ကြေး၂၀၀၀ ကျပ် အလုပ်ရှင်ဘက်ကထောက်ပံ့ ကြေး ၃၇၀၀ ကျပ်စုစုပေါင်း ၁၀၅၀၀ ကျပ်ပေးထာပြီး မကြာသေးခင်က ထောက်ပံ့ကြေး ၁၀၀၀ကျပ်ထပ်တိုး ပေးရန် ကြေညာပြီးနောက် ၅.၁၀.၂၀၂၅ ရက်နေ့တွင် ဒေကြေး၄၈၀၀ကျပ်၊ ထောက်ပံ့ကြေး ၃၀၀၀ ကျပ်ဖြစ်ပြီး စက်ရုံမှ ဘက်ပေးချေထားပြီးသော ထောက်ပံ့ကြေး၃၇၀၀ကျပ်ထဲမှ ယခုတွင် ၂၇၀၀ ကျပ်သာဖြစ်ပြီး စက်ရုံထောက်ပံ့ ကြေးတိုးမလာသည့်အပြင် လျော့ချလိုက်ပါတယ်။
 
လိုင်း ၁၀ ဌာနများမှလဲ ခွဲခြားပြီးဆုကြေးငွေ ပေးချေခြင်များလဲပြုလုပ်ပါတယ်။ ယခုအချိန်ကာလပင် FiningQc၊ iron၊ packing ဌာနတို့မှာ အချိန်ပိုအိုတီ အလွန်အကျွံဆင်းရပြီး စံချိန်များကိုမတရားပေးနေရပြီး ဆုကြေး၊လစာ‌ပေးရာတွင် နှိမ်ချပေးပြီးခိုင်းစေပါ တယ်။
 
လိုင်းဌာနအသီးသီးမှ ယခုအပူအချိန်နှင့် ကိုက်ညီသော လေအေးပေးစက် ‌ပန်ကာများလုံလောက်စွာ တပ်ဆင်ထားခြင်းမရှိဘဲ အလုပ်သမားများမှာ ချွေးထွက်များပြီး မူးဝေကြသည့်အထိဖြစ်နေကြခြင်းဖြစ်ပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်။
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ပေးထားပြီးသော ထောက်ပံ့ကြေးကို မလျော့ချရန်။
၂။ အလုပ်ရှင်ဘက်မှ FiningQc၊ iron၊ packingဌာနတို့မှာ အချိန်ပိုအိုတီ အလွန်အကျွံ ဆင်းခိုင်းခြင်း မပြုလုပ် ရန်၊
၃။ လုပ်ငန်းခွင်ထဲတွင် အပူအအေးမျှတအောင် အလုပ်ရှင်ဘက်မှ စီမံဆောင်ရွက်ပေးရန်။
၄။ အလုပ်ရှင်ဘက်က လူငယ်၊ လူရွယ်အလုပ်သမားများ စံချိန်များကို အော်ဟစ်ဆဲဆိုတောင်းခံခြင်း အလုပ်ချိန် အတွင်းလည်း ကြိမ်းမောင်းပြောဆိုခိုင်းခြင်း မပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်က အလုပ်သမားများကို ဖယ်ရီကားစီစဥ်ပေးရန်။
၆။ အလုပ်သမားများအတွက် အိမ်သာသွားရာတွင် ကပ်ပါမှသွားရမည်ဆိုတဲ့ စည်းကမ်းချက်ကြီးကမတရား သောကြောင့် အလုပ်ရှင်ဘက်မှမပြုလုပ်ရန်တို့ဖြစ်ပါတယ်။
အကူအညီတောင်းခံသူ
Shun Yu Myanmar Garment Co., Ltd

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026