NEWS

FUANLAI Laos စက်ရုံလျော်ကြေးတောင်းဆိုမှု မြန်မာသံရုံး ဖြေရှင်း မပေး

CoverLogo
400 Views
 
ပြည်ပရောက် အလုပ်သမားတွေပါ ရှင့်။
လာအိုနိုင်ငံက FUANLAI Laos ခြေအိတ်စက်ရုံမှာ အလုပ်လုပ်ပါတယ်။
စက်ဘက် လျော်ကြေးငွေ မတရားတောင်းခံနေရလို့ ဝန်းထမ်းတွေ အခက်ခဲတွေ့နေရလို့ပါ ။ အကူညီတောင်း ပါတယ်ရှင့်။
 
အလုပ်သဘောအရစာချုပ် ၃ နှစ်ချုပ် ထားရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ကထွက်မယ်ဆိုရင် စက်ရုံက ဒေါ်လာ ၁၈၀၀ လျော်ကြေးတောင်းပါတယ်။
 
စာချုပ် နှစ်မပြည့်ခင် ကျန်းမာရေးမကောင်းလို့ပဲ ဖြစ်ဖြစ်၊ မိသားစုဝင် ကျန်းမာရေး ကြောင့် ဖြစ်ဖြစ် ပြန်မယ်ဆို ဒေါ်လာ ၁၀၀၀ လျော်ကြေး တောင်းပါတယ်။ လေယာဉ်လက်မှတ်ကို အလုပ်သမားကိုယ်တိုင် ဝယ်ရပါတယ်။
 
တစ်ချို့ အလုပ်သမားတွေဆို လျော်ကြေးမတတ်နိုင်လို့ အန္တရာယ်တွေကြားကနေ နယ်စပ်ကတစ်ဆင့် ထွက်ပြေးရတဲ့အထိပါရှင့်။
 
ညီမလည်း ဒီစက်ရုံမှာ လက်ရှိ လုပ်ကိုင်နေပါတယ်။ လာအိုမှာရှိတဲ့ မြန်မာသံရုံးကလည်း အကူညီတောင်းပါတယ်။ ဘာတစ်ခုမှ မကူညီပါဘူးရှင့် ။
 
လာအိုနိုင်ငံ စက်ရုံက အလုပ်သမားတယောက် ခေါ်မယ်ဆို ကုန်ကျစာရိတ် ဘယ်လောက်ရှိတယ်ဆိုတာ အလုပ်သမားတိုင်းသိသလို၊ သက်ဆိုင်ရာ အာဏာပိုင်တွေလည်း သိပါတယ်။
 
ဒီလို သိတာတောင် မတရားမှုကို ဖြေရှင်း ကူညီပေးတာ မရှိပါဘူး ရှင့်။
တခြား စက်ရုံတွေဆို လျော်ကြေး ဒေါ်လာ ၅၀၀ ဝန်းကျင်ပဲ တောင်းပါတယ်ရှင့်။
ညီမတို့ အလုပ်သမားတွေ အဆင်မပြေကြလို့ ပြည်ပကို မိသားစုတွေနဲ့ ခွဲခွာပြီး လာရောက် လုပ်ကိုင်နေကြတာပါ။
 
အခု FUANLAI Laos ခြေအိတ်စက်ရုံရဲ့ လျော်ကြေးနှုန်း သတ်မှတ်တာက မတရားများလွန်းနေလို့ အကူအညီတောင်းဆိုရခြင်းဖြစ်ပါတယ်ရှင့်။
 
FUANLAI Laos ခြေအိတ်စက်ရုံကတော့ Vientiane မြို့၊ Saysettha District ၊ Saysettha Development Zone မှာ ရှိပါတယ်။

Related posts

Cover
General Textile (Myanmar) Apparel အထည်ချုပ် ပြည်တောင်စုနေ အလုပ်ဆင်းခိုင်း
Feb 09, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ်အလုပ်သမားများအား ဝန်ထမ်းတချို့ မှ ခွဲခြားဆက်ဆံ
Feb 09, 2026
Cover
Myanmar Zxi Xin အထည်ချုပ် စက်ရုံ အချိန်ပို အလွန်အကျွံခေါ်
Feb 08, 2026
Cover
Sudey အောစူပါက တရုံလုံး သူ အမိုက်ရိုင်းဆုံးလို့ ပြောပြီး ခြိမ်းခြောက်
Feb 08, 2026
Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026