NEWS

HERMITE အရုပ်အမွှေးပွ စက်ရုံ အချိန်ပို ညနက် ၉ ခွဲကျော်နှင့် အောလင်းလုပ်ကိုင်ခိုင်း တနင်္ဂနွေနားရက်ပါ အနားမရ

CoverLogo
992 Views

အကူအညီတောင်းတာပါ ရှင့်။  
HERMITE အရုပ်အမွှေးပွ စက်ရုံက အလုပ်သမားတွေပါ ရှင့်။
စက်ရုံလိပ်စာက ခြံအမှတ်(၃၀)၊ ကျောက်စိမ်းလမ်း၊ သာဓုကန်စက်မှုဇုံ၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့ပါရှင့် ။ 
HERMITE စက်ရုံကို  ကိုရီးယားသူဌေးပိုင်ပြီး  တရုတ်အမျိုးသားက အုပ်ချုပ်ပါတယ်။ ညီမတို့ကို ၅လပိုင်း  လဝက် လောက်ကစပြီး အချိန်ပို (ot) တွေကို နေတိုင်း ည ၉နာရီ ၊ ၉ခွဲကျော်တဲ့အထိ လုပ်ခိုင်းပါတယ်။ တခါတလေ အောလင်း (ညလုံးပေါက်)  လုပ်ခိုင်းပါတယ်။    ၅လပိုင်းမှာ packingနဲ့ တခြား ဌာနက  လူနည်းနည်းကိုပဲ (ot) ခေါ်ပါတယ်။ အဲ့တုန်းက ထမင်းဖိုး၊ မုန့်ဖိုးအနေနဲ့ စက်ရုံသူဌေးက မုန့်ဖိုးကို ၉နာရီ ဆင်းရရင် ၂၀၀၀ပေးပြီး၊ ၉နာရီခွဲထက်  ကျော် သွားတယ့် နေ့ကိုတော့ ၃၀၀၀ ဆိုပြီးပေးပါတယ်။ 
၅လပိုင်း ကုန်ခါနီးမှာတော့ စက်ရုံလုပ်သား အကုန်လုံးနီးပါးကို နေတိုင်း ၉နာရီခွဲအထိ  အချိန်ပိုotတွေ လုပ်ခိုင်းပြီး  တနင်္ဂနွေပိတ်ရက်တွေပါ  လုပ်ခိုင်းလို့ အနားမရပါဘူး။  ဒီနေ့ အစ်နေ့ဆိုလည်း စက်ရုံဖွင့်လို့ အချိန်ပိုလုပ်နေ ရပါတယ်။ 
တနင်္ဂနွေပိတ်ရက်အတွက် အိုတီကြေးကလည်း ဒေကြေးနဲ့ တွက်မယ်ဆိုရင် နည်းနေပါတယ်။ 
အချိန်ပို အောလင်း (ညလုံးပေါက်) ဆင်းရမယ်ဆိုတာကိုလည်း ကြိုမပြောဘဲ ၉ နာရီဆိုပြီး အရင်ခေါ်ပါတယ်။ ပြီးတော့  ၉နာခွဲဆိုပြီး  ထပ်ပြောတယ်။ နောက် အောလင်းဆိုပြီး လုပ်ခိုင်းပါတယ်။   အဲဒီ အောလင်းခေါ်တာကို မုန့်ဖိုးထည့်ပေးမယ် ပြောပြီး မပေးပါဘူး ၊  နားရက်အတွက် ဒေးကြေးကို မုန့်ဖိုးအနေနဲ့ ပြောပြီး နားလည်ပါးရိုက် လုပ်ပါတယ်။ 
၆လပိုင်းမှာ အချိန်ပိုကို တရုံလုံးနီးပါး ည ၉  နာရီအထိ မဖြစ်မနေဆင်းခိုင်းပါတယ်။ မဆင်းနိုင်တယ့်သူကို အကြောင်းပြချက်နဲ့တကွ မဆင်းနိုင်ကြောင်းကို ရုံးပေါ်မှာ ဖြေရှင်းခိုင်းပါတယ်။ 
တနင်္ဂနွေ ot မဆင်းတာကို ခွင့်စာတင်ခိုင်းပါတယ်ရှင့် ။  မန်နေဂျာအမျိုးသမီးကလည်း ထမင်းစားဖို့ အဆင်မပြေလို့ ၊  otဆင်းပေးဖို့  သိပ်အဆင်မပြေဘူးလို့ပြောတာကို မန်နေဂျာက လုပ်သက် ၃လပြည့်ပြီလားလို့  ခြိမ်းခြောက်ပြီး  မေးပါတယ်။ 
တကယ်ဆို  မန်နေဂျာကိုယ်တိုင် လုပ်သက် ၃လမပြည့်သေးပါဘူး။ စက်ရုံက ကျွေးတဲ့ ထမင်းတွေက တော်တော် များများ သိုးနေပြီး  ၊ အသားမလတ်တာတွေကို  ရေလုံပြုတ်သာသာနဲ့ အရသာမရှိဘဲ စားရတာပါ။   
အဲ့ထမင်းဖိုးကိုလည်း ကျပ် ၂၀၀၀ ဆိုပြီး otကြေးထဲ ရောပေါင်းပြီး  လက်မှတ်ထိုးခိုင်းပါတယ်။ ထမင်းသိုးတာ မစားနိုင်လို့ ပြောတာလည်း လက်မခံပါဘူး ။ ထမင်းမစားနိုင်တဲ့ အလုပ်သမားတွေရဲ့ နာမည်စာရင်း  ကောက်ခိုင်း ပါတယ်။ ထမင်းမစားရင် ထမင်းဖိုးမပေးနိုင်ဘူးလို့ မန်နေဂျာကပြောပါတယ်။
အချိန်ပို otမဆင်းနိုင်တဲ့သူတွေကို ပထမတရက်မဆင်းရင် ဒေးကြေး  ၃၃ ရာခိုင်းနှုန်း ဖြတ်ပါတယ်။ ၂ရက်မဆင်းရင် ၇၀ ရာခိုင်းနှုန်းနဲ့ ၃ရက် မဆင်းရင် ရာခိုင်နှုန်းကြေး တပြားမှမပေးပါဘူးလို့ မန်နေဂျာက ပြောပါတယ်။ 
ခွင့်ယူတာ၊ ဂိတ်ပတ်စ်ယူတာတွေကို  ဆုကြေးတွေ ဖြတ်ချမယ်လို့ ပြောပါတယ်။ 
စက်ရုံမှာ လုပ်သား ၁၀၀၀ ကျော်  ရှိပါတယ်။ ဒါပေမဲ့အလုပ်သမားသမဂ္ဂမရှိပါဘူး ၊ WCCအဖွဲ့ မရှိပါဘူး။ 
အချိန်ပို otမဆင်းနိုင်ရင် ရာထူးချတာ ဌာနပြောင်းတာတွေ လုပ်ပါတယ်။  ရာထူးချခံရလို့ အလုပ်ထွက်သွားတယ့်  ခေါင်းဆောင်တွေလည်း ရှိပါတယ်။
မလုပ်နိုင်ရင်ထွက်ဆိုပြီး  မန်‌နေဂျာနဲ့ all super တွေက ပြောခဲ့တာပါ ။ 
စက်ရုံ အိမ်သာတွေက ပြည့်ပြီး အနံတွေထွက်နေပါတယ်။ ဘာမှ မလုပ်ပေးပါဘူး ။  အနံ့ဆိုးတွေကြောင့် ခြင်တွေက‌လည်း ပေါပါတယ်။ 
နေမကောင်းတွေ ခဏခဏဖြစ်တာလည်း တွေ့ရပါတယ်။ စက်ရုံဆေးခန်း ပြရင်  သေချာမကု‌ပေး၊ ဆေးသေချာ မပေးပဲ သူနာပြုက ငေါက်လွတ်ပါတယ်။ 
အထိရောက်ဆုံးနဲ့အမြန်ဆုံး ကူညီပေးပါလို့ ညီမက ဝန်ထမ်းတွေ ကိုယ်စား တောင်းဆိုပါတယ်ရှင့်။  
Hermite စက်ရုံရဲ့မန်နေဂျာနာမည်က မဝတ်ရည်ပါ။တရုတ်စကား နည်းနည်းပြော ပါတယ်။ 


Related posts

Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း
May 18, 2026
Cover
Lucky Top Myanmar တွင် အိုတီရုံးလာရောက်၊ စစ်ဆေးမှုမရှိဘဲ ငွေယူပြန်
May 18, 2026