NEWS

HERMITE အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှု နှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ

CoverLogo
343 Views
 
ရန်ကုန်မြို့က HERMITE အမွှေးပွအရုပ်စက်ရုံ ဝန်ထမ်းတွေမှာ လုပ်ခလစာ တရားမဝင် ဖြတ်တောက်ခံရမှု၊ ရာထူးကြီး အလုပ်သမားတွေရဲ့ ခြိမ်းခြောက်မှုနဲ့ ဘက်လိုက် ဆက်ဆံမှုတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
"တစ်ကဒ် (Ticket) စနစ်" နဲ့ လုပ်ကိုင်ရပေမဲ့ လုပ်ခ အပြည့်အဝ မရဘဲ ဖြစ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
"ဘာလိုဖြတ်တာလဲမေးရင် စက်ရုံမှူးက ဖြတ်တာ လို့ပဲပြောတယ်။ ကျွန်မတို လုပ်ထားတဲ့ နာရီနဲ့ လစာကို မရဘဲ အဖြတ်ခံရတာ ခဏခဏပါပဲ။ လုပ်သလောက် မရကြဘူး" လိုပြောပါတယ်။
 
အထူးသဖြင့် စူပါဗိုက်ဆာ Supervisor နှင့် လီဒါ Leader အဆင့် ဝန်ထမ်းများပါ လစာဖြတ်တောက်ခံနေရပြီး အကြောင်းအမျိုးမျိုးပြကာ ငွေကြေးအများအပြား ဖြတ်တောက်လေ့တယ်လို ရှိကြောင်း သိရပါတယ်။
 
ဒါ့အပြင် ကြီးကြပ်ရေး လုပ်သား Leader တွေမှာ တခြား အလုပ်တွေလည်း လုပ်ကိုင်ရပြီး လစာနစ်နာမှုတွေပါကြုံတွေ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လိုင်းသားက ရက်ပျက်ရင် စူပါဗိုက်ဆာတွေ ၃ သောင်း အဖြတ်ခံရတယ်။ စာရေးမတွေ အရုပ် ရေတွက်တာ မှားတော့ စူပါဗိုက်ဆာတွေ ၁ သိန်း အထိ အဖြတ်ခံရတယ်။ လီဒါတွေဆို အလုပ်နဲ့ မသက်ဆိုင်တဲ့ QC (အရည်အသွေးစစ်ဆေးခြင်း) အလုပ်တွေကို လုပ်ပေးရတယ်။ လစာထုတ်တော့ QC အလုပ်သမားတွေ လောက်တောင်မရဘူး။” လို ပြောပါတယ်။
အောစူပါ (Area Supervisor) - - - ကလည်း ရာထူးလုပ်ပိုင်ခွင့်ကို အသုံးပြုပြီး အလုပ်သမားတွေကို ခြိမ်းခြောက်မှုတွေ မကြာခဏ ပြုလုပ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
"သူက 'ငါမကြိုက်ရင် နင်တိုကို အလုပ်ထုတ်ပစ်လိုရတယ်။ ဖြုတ်ပစ်လို့ရတယ်။ လဲပစ်လို့ ရတယ်' လို ပြောပြီး ခြိမ်းခြောက်တယ်။ သူ့လုပ်တာ အဆင်မပြေလို တခြားအကြီးအကဲတွေက ဆူတဲ့အခါကျရင်တောင်မှ 'နင်တိုကြောင့် ငါ့ရာထူးကျရင် နင်တို့ပါ စွဲခေါ်မယ်' လို့ ပြောကြောင်း " ဟု ဝန်ထမ်းတစ်ဦးက ဖွင့်ဟပါတယ်။
 
သီတင်းကျွတ်ကာလကဲ့သို့ အခါကြီးရက်ကြီးတွေမှာ လည်း ဝန်ထမ်း တွေထံမှ ငွေကောက်ခံမှုတွေကို အောစူပါက ဦးဆောင်ပြုလုပ်ပြီး မန်နေဂျာနှင့် အကြီးအကဲတွေကို ကန်တော့ဖိုအတွက် ငွေကောက်ခံပြီးနောက် ဂျာကြီးနဲ့ နိုင်ငံခြားသား ကြီးကြပ်ရေးမှူးတွေကို ကန်တော့ဖို့ ဆိုပြီး ထပ်မံ ကောက်ခံခဲ့တယ်လို အလုပ်သမားတွေက ပြောပါတယ်။
HERMITE အရုပ်စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်းမှာ လုပ်သား
 
အင်အား ၁၀၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး ကိုရီးယားနိုင်ငံသားပိုင်စက်ရုံကို တရုတ်နိုင်ငံသားတဦး အုပ်ချုပ်နေတယ်လို့ Myanmar Labour News က သိရှိထားပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026