NEWS

Her Mite အရုပ်စက်ရုံက အလုပ်သမားတွေရဲ့လုပ်ခလစာငွေ ထုတ်ပေးဖို့ငြင်းဆို

CoverLogo
787 Views

ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ် ၊ သာဓုကန်စက်မှုဇုန်၊ အမှတ် ၃၀ ၊ ကျောက်စိမ်းလမ်းမှာ ဖွင့်လှစ်ထားတဲ့  Her Mite အရုပ်စက်ရုံဟာ  စက်ရုံတွင်လုပ်ကိုင်ခဲ့သော အလုပ်သမား တွေရဲ့ လုပ်ခလစာကို လစာထုတ်ရက်မှာပေးချေဖို့ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

"စက်ရုံကအတော်လေးကြမ်းတယ်။ ဆဲတာဆိုတာတွေရော စက်ရုံထဲမှာအာဝါဒီတောင်းတာလည်းကြမ်းတယ် ဆိုတော့ အလုပ်သမားတွေက ရေရှည်ဒဏ်အမခံနိုင်ကြဘူး။ လစာကိုလည်းပုံမှန် ၁၀ရက်နေ့ထုတ်ပေးတာ။ အမှန်ဆိုရင် ၁၀ ရက်နေ့ဘယ်ချိန်နောက်ဆုံးထားပြီးလာခဲ့ ဘယ်ချိန်လာဆိုပြီးပြောထားရမှာ မပြောဘဲဒီနေ့ အလုပ်သမားတွေလစာသွားထုတ်မှ ၁၂ကျော်လို့မပေးနိုင်တော့ဘူး တိုင်ချင်သွားတိုင် နောက်လ ၁၀ရက်နေ့မှပဲ လာထုတ်ကြလို့ပြောလိုက်တာ" လို့ အလုပ်သမားထံက သိရပါတယ်။ 

အဆိုပါစက်ရုံဟာ အချိန်ပိုခေါ်ယူရာနဲ့ အာဝါဒီတောင်းခံရာမှာ  ကြမ်းတမ်းလွန်းတဲ့အပြင် အလုပ်သမားအပေါ် ဆက်ဆံရာမှာလည်း ဆဲဆိုမှုတွေနဲ့ကြမ်းတမ်းလွန်းတာကြောင့်  အလုပ်သမားတွေဟာ စက်ရုံကနေ နှုတ်ထွက်တာတွေရှိတယ်လို့ သိရပါတယ်။  

အဲလိုအလုပ်ထွက်တဲ့အလုပ်သမားတွေရဲ့ လုပ်ခလစာတွေကို လကုန်ပြီး ၁၀ရက်နေ့မှာပေးတာဖြစ်လို့ ၁၀ ရက်နေ့လာထုတ်ပါဆိုတာကြောင့်  အဲဒီအလုပ်သမားတွေကလည်း  နိုဝင်ဘာလလစာကိုဒီဇင်ဘာ ၁၀ ရက်နေ့မှာ  သွားထုတ်ခဲ့ရာ  စက်ရုံရှေ့ရောက်တော့ ၁၂နာရီကျော်ဖြစ်လို့  အလုပ်သမားတွေကိုလစာထုတ်မပေးဘဲ တိုင်ချင်ရာတိုင်ဆိုကာ ပြန်လွှတ်လိုက်တာလို့ ဆိုပါတယ်။ 

"အလုပ်သမားတွေက နယ်ကနေလာထုတ်ရတာရှိတယ်။ အခြားစက်ရုံ တွေကနေအလုပ်ဖျက်ပြီးလာထုတ်ကြရတာရှိတယ်။ ၁၂နာရီထက်နောက်ကျလို့ နောက်လ ၁၀ ရက်နေ့ပြန်လာထုတ်ပြောတယ်။ လစာအကုန်သိမ်းပြီးပြီ နင်တို့ကိုရှာမပေးနိုင်ဘူးလို့ပြော လွှတ်လိုက်တာ။ တိုင်ချင်တဲ့ဆီသွားတိုင် ထုတ်မပေးနိုင်ဘူးလို့ပြောလိုက်တာ" လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

အဆိုပါအလုပ်သမား ၂၅ဦးခန့်အထိရှိပြီး  ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြီးခဲ့တဲ့နိုဝင်ဘာလ လစာငွေကို တောင်းခံရာက ထုတ်မပေးတဲ့အတွက် အလုပ်သမားအချို့မှာ ငိုယိုလှည့်ပြန်သွားကြပြီး အလုပ်သမားအချို့မှာ STUM သို့အကူညီတောင်းခံခဲ့ကြတာပါ။

အလုပ်သမားများ၏ ရပိုင်ခွင့်ကို ချိုးဖောက်ခြင်းသည် အလုပ်သမားဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ်လို့ အလုပ်သမားရုံးသို့သွားရောက်တိုင်ကြားခဲ့ကြပြီးအလုပ်သမား ၃ဦးသာလျှင် လုပ်ခလစာရရှိခဲ့ကာ ကျန်အလုပ်သမားတွေကတော့ ငိုပြီးပြန်သွားကြရတယ်လို့ သိရပါတယ်။ 

Her Mite (အရုပ်စက်ရုံ)သည် စက်ရုံဝန်ထမ်းများအပေါ် လုပ်ငန်းခွင်တွင်ဖိအားပေးလွန်းတာတွေရှိသလို အချိန်ပိုဆက်တိုက်ခေါ်ယူခြင်းနဲ့ ဆဲဆိုခြင်းတွေပြုလုပ်တာကြောင့်  ဝန်ထမ်းများမကြာခဏဆိုကဲ့ နှုတ်ထွက်နေရခြင်းဖြစ်တယ်လို့သိရပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း အဆိုပါအရုပ်စက်ရုံက အလုပ်သမားတွေဟာ  အချိန်ပိုဆက်တိုက်ခေါ်တာတွေလုပ်ပြီး အတင်းအဓမ္မခေါ်ယူတာတွေအပြင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြာင့် အလုပ်သမားရုံးသို့ တိုင်ကြားမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ 

အဲ့ဒီလိုတိုင်ကြားတဲ့အလုပ်သမားတွေကိုလည်း  အချိန်ပိုဆက်တိုက်ခေါ်ယူခံရပြီး အလုပ်ပင်ပန်းကာ မဆင်းနိုင်တော့ချိန်  အချိန်ပိုမဆင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်ကနေအလုပ်ထုတ်ခံခဲ့ရပါသေးတယ်။ 

အဆိုပါအလုပ်ထုတ်ခံရမှုကြောင့် တိုင်ကြားခဲ့ရာ အလုပ်ထုတ်နစ်နာကြေးဖြင့်သာ အလုပ်ထွက်ရတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026