NEWS

Hengrun Myanmar အထည်ချုပ်စက်ရုံမှာ တစ်လလုံးပိတ်ရက်မပေးဘဲ အချိန်ပိုများ ခေါ်ယူနေ

CoverLogo
1.1K Views

HengrunMyanmar အထည်ချုပ်စက်ရုံက တနင်္ဂနွေနေ့တွေနဲ့ အများပြည်သူ ရုံးပတ်ရက်တွေမှာပါ အချိန်ပိုတွေ ခေါ်ယူနေပြီး တစ်လုံးနားရက်မရဘူးလို့ စက်ရုံအလုပ်သမားတွေ ဆီက သိရပါတယ်။

 

ဒီစက်ရုံကို တရုတ်နိုင်ငံသား ပိုင်ဆိုင်တာဖြစ်ပြီး လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်မှာ ဖွင့်လှစ်ထားဖြစ် ပါတယ်။ 

 

အလုပ်သမားအင်အား ၆၀၀ နီးပါးနဲ့ လည်ပတ်နေတဲ့ ဒီစက်ရုံမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံ ရတာတွေ ရှိနေပေမယ့် ဝန်ကြီးဌာနကို တိုင်ကြားပေးမယ့်သူ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

 

“WCC ကော်မတီက ဖွဲ့ထားတယ်ဆိုပေမယ့် ဘယ်သူတွေပါလဲ မသိဘူး။ သူတို့လူကြီးတွေပဲ ပါတယ်လို့ ကြားထား တယ်။ ၆လပိုင်းကဆို တစ်လလုံးဆင်းရတယ်။ နားရက်မရှိဘူး။ သင်္ကြန်ပြီးကတည်းက အချိန်ပိုတွေ ဆက်တိုက် ခေါ်နေတာ။ ပိုက်ဆံရတယ်ဆိုပေမယ့် နားရက်မရတော့ ကျန်းမာရေး ထိခိုက်တာတွေ ရှိလာတယ်။ တနင်္ဂနွေ တစ်ရက်တော့ ပိတ်စေချင်တယ်”လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။

 

စက်ရုံအလုပ်သမားတွေအနေနဲ့ နေ့စဉ် နံနက်(၇)နာရီ (၂၀) မိနစ်ကနေ ည(၈) နာရီအထိ အလုပ်လုပ်ကိုင်နေရပြီး ဇူလိုင်လ (၂၅)ရက်ထိ အချိန်ပိုဆင်းဖို့ သဘောတူလက်မှတ်တွေ ကြိုတင်ကောက်ခံထားတယ်လို့ သိရပါတယ်။

 

“အချိန်ပိုဆင်းဖို့ သဘောတူလက်မှတ်ထိုးခိုင်းတဲ့ စာရွက်မှာက ည(၆)နာရီအထိပဲ ပါတယ်။ ဒါပေမယ့် (၈) နာရီအထိ ဆင်းခိုင်းတယ် ။ စူပါတွေက အရေးကြီးလို့ခေါ်တာ။ မလုပ်နိုင်ရင် ထွက်လို့ပြောတယ်။ အော်ဒါရက်နားနီးပြီဆို နေမကောင်းရင်တောင် ခွင့်ယူလို့မရဘူး။ ဆေးခန်းတော့ ဖွင့်ထားတယ်။ ဆေးတောင်သောက်စရာ မရှိဘူး။ ကိုယ့်ဘာသာဝယ်သောက်ရတယ်”လို့ သူက ပြောပါတယ်။

 

 ဒီစက်ရုံမှာ HOUSE၊ BLUE WAVE စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာဖြစ်ပြီး အချိန်ပိုများစွာ ခေါ်ယူနေပေမယ့် သက်ဆိုင်ရာ အလုပ်သမားရေးရာဌာနက လာရောက်စစ်ဆေးတာ မရှိဘူးလို့ သိရပါတယ်။ 

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စက်ရုံတွေမှာ အချိန်ပို အလုပ်ချိန်တွေ အလွန်အကျွံ ခေါ်နေတာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနကတော့ အရေးယူမှု မရှိသေးပါဘူး။

 

#MyanmarLabourNews


Related posts

Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026
Cover
ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားဘဝများ
Mar 23, 2026
Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု
Mar 22, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026