NEWS

Hengda အထည်ချုပ်စက်ရုံ တနင်္ဂနွေနားရက်ပါ  အချိန်ပို အတင်းကျပ် ခိုင်းစေ

CoverLogo
900 Views

ရန်ကုန်တိုင်း၊ မှော်ဘီမြိုနယ်က H&M အမှတ်တံဆိပ်ချုပ် Hengda အထည်ချုပ်စက်ရုံမှာ  သင်္ကြန်ကာလ ပြီးကတည်းက နေ့စဉ်  အချိန်ပို ၃ နာရီ လုပ်ကိုင်ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိ ဇွန်လမှာလည်း ရက်သတ္တပတ် အလုပ်ပိတ်ရက်တွေနဲ့ အများပြည်သူ အလုပ်ပိတ်ရက်တွေပါ  အတင်းအဓမ္မ အချိန်ပိုဆင်းခိုင်းတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။

“တနေ့ သုံးနာရီဆိုတာ ၇ နာရီခွဲအထိဆင်းရတာ။ ဒီလထဲမှာတော့ တနင်္ဂနွေနေ့တွေ၊ အစ်နေ့တွေပါ ဆင်းရ တယ်။ ကျွန်မတို့က တပတ်တရက်တော့ နားချင်တယ်။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။

အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးက ၂၀၂၂ ခုနှစ်မှာထုတ်ပြန်ထားတဲ့ ညွှန်ကြားလွှာမှာတော့ အချိန်ခေါ်ယူဖို့ အလုပ်သမားတွေရဲ့ သဘောတူမှတ်တမ်းနဲ့ ခွင့်ပြု အချိန်ပိုတိုင်း ခိုင်းစေရမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အချိန်ပို တပတ် နာရီ ၂၀ သာ လုပ်ကိုင်ခွင့်ပြုထားပြီး တနင်္ဂနွေနဲ့ ရက်သတ္တပတ်ပိတ်ရက် လုပ်ကိုင်ဖို့ကို စဉ်ဆက်မပြတ်  လုပ်ကိုင်ရတဲ့ စက်ရုံအလုပ်ရုံတွေကိုပဲ ခွင့်ပြုထားတာကို အဲဒီ ညွှန်ကြားလွှာမှာ တွေ့ရပါတယ်။ 

“လာမဲ့ သောကြာနေ့(ဇွန် ၂၁ရက်)မှာ တညလုံး (အောလင်း) ဆင်းပေးရမယ်ဆိုပြီး လာပြောတယ်။ မဆင်းချင်လို့ မရဘူးဆိုပြီး  အတင်းအဓမ္မ ဆင်းခိုင်းနေလို့ပါ ။ “လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

အချိန်ပိုကို နားရက်မရှိ လုပ်ကိုင်နေရတာကြောင် ခန္ဓာကိုယ်ပင်ပန်းပြီ၊ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေ ရတယ် လို့လည်း အလုပ်သမားတွေက ပြောပါတယ်။   ဒါ့အပြင် အချိန်ပိုတွေ မနားမနေလုပ်ကိုင် နေရလို့ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့ အခြေအနေတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမားတွေက  ပြောပါတယ်။

“အတင်းအကျပ်ဆင်းခိုင်းတော့၊ အလုပ်သမားတွေမှာ ဧည့်စာရင်း တိုင်ဖို့ရက်ကျော်ပြီး ဖမ်းခံရမှာ  ကြောက်နေ တာတွေလည်းတွေ့ရတယ်။ အလုပ်သမားတွေက နားရက်နဲ့ ပုံမှန်အချိန်ပို လုပ်ချင်တာပါ။” လို့ ပြောပါတယ်။ 

Hengda စက်ရုံက H&M ကုန်အမှတ်တံဆိပ် ချုပ်လုပ်တဲ့ စက်ရုံဖြစ်တာကြောင့် ကုန်အမှတ်တံဆိပ်ဆီ တိုင်ကြား ခဲ့ပေမဲ့ စက်ရုံဘက်က အလုပ်သမားတွ အပေါ်  အကြိမ်ကြိမ် ကျူးလွန်နေတယ်လို့လည်း  မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် MICS - TUsF – Myanmar  က ပြောပါတယ်။ 

Hengda အထည်ချုပ်စက်ရုံကတော့ မှော်ဘီမြို့နယ်၊ အင်းလျက်ရွာမှာရှိပြီး အလုပ်သမား ၁၅၀၀ ဝန်းကျင်နဲ့ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။  စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး စက်ရုံသမဂ္ဂဖွဲ့စည်းထားတာ မရှိသေးဘဲ WCC အဖွဲ့ကိုတော့ ဖွဲ့စည်းထားတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။  


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026