NEWS

Heng Li Garment စက်ရုံအလုပ်သမားတွေ နားရက်မရှိလုပ်ကိုင်နေရပြီး အခွင့်အရေးချိုးဖောက်ခံရမှုများရှိနေ

CoverLogo
931 Views

လှိုင်သာယာမြို့နယ် အမှတ်(-)၊ ဆရာစံလမ်း၊ ဗိုလ်ချုပ်မှတ်တိုင်တွင် ဖွင့်လှစ်ထားသော Heng Li Garment စက်ရုံ အလုပ်သမားတွေဟာ အများပြည်သူ အလုပ်ပိတ်ရက် တနင်္ဂနွေနေ့တွေမှာပါ နားရက်မရဘဲ အချိန်ပိုဆင်းနေရပြီး လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများစွာ ကိုခံနေရတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။ 
 
စက်ရုံဟာ အလုပ်သမား ၃၀၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး  HOUSE တံဆိပ်ဖြင့် ဘောင်းဘီ၊ အင်္ကျီ ထည်များချုပ်လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

"လစာပေးတာကျတော့ စက်သမားတွေ နဲ့ ဟက်ပါတွေကို တန်းတူမပေးထားဘူး စက်ရုံကို ၂၀၂၄ ၊ ၄ လ ပိုင်းမှာ စဖွင့်ထားတာ စစ်ဆေးရေးတွေလာရင် ၅ လပိုင်းမှာဖွင့်တယ်ပြောခိုင်းထားတယ် အလုပ်လုပ်တဲ့နေရာမှာလည်း မိုးမလုံတဲ့နေရာမှာ အလုပ်သမားတွေ မိုးရွာရင် ထီးဆောင်းပြီး စက်ချုပ်ရတယ်၊ ကိုယ်ဝန်ဆောင်အလုပ်သမားတွေကိုလည်း အကြောင်းပြချက်မရှိ အလုပ်ထုတ်ပစ်ပါတယ်"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်ချိန် နံနက်(၇း၃၀)မှ  ည(၇း၀၀)အထိ အမြဲဆင်းရပြီး အချိန်ပိုအိုတီကိုလည်း ငြင်းဆို ပိုင်ခွင့်မရှိဘဲ  မဆင်းမနေရ ည(၉း၀၀)အထိ ထပ်မံဆင်းပေးရသလို   အလုပ်သမားများ သဘောဆန္ဒကို မေးမြန်းတာမရှိဘဲ  တနင်္ဂနွေနေ့တွေမှာလဲ တစ်လလုံးနားရက်မရှိဘဲ အချိန်ပိုခေါ်ယူကာဖိအားပေးခိုင်းနေတာဖြစ်သလို အိုတီမ ဆင်းလျင် အောစူပါ၊ စူပါ များမှ နားမခံနိုင်အောင်ပြောဆိုပြီး ဆဲဆိုမှုတွေရှိနေတယ်လို့အလုပ်သမားကပြောပါတယ်။

"စက်လိုင်းတစ်လိုင်းကို စူပါ နဲ့ အကူအပါ ၅၀ ရှိတယ်ဆိုရင် တနာရီကို လိုင်းပေါက်အထည် ဘောင်းဘီ ၈၅ ထည်ပေးရတယ်၊ ဂျာကင်အင်္ကျီဆို ၄၅ ထည် အထိ ပေးရတယ် သူတို့တောင်းတဲ့အထည်မပြည့်ဘူးဆိုရင် တချိန်လုံးဆဲဆိုအော်ဟစ်နေတာ လူအလုံအလောက်မရှိဘဲ မတရားစံချိန်တောင်းတာ"လို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် စက်လိုင်းထဲတွင် အောစူပါ၊ စူပါရှိသော်လည်း တရုတ်အမျိုးသမီးက ကိုယ်တိုင်အုပ် ချုပ်နေပြီး  အထည်မရလျင် ကိုယ်တိုင်အော်ဟစ် ဆဲဆိုကာ  အထည်ကိုတောင်းခံနေတာလို့ ဆိုပါတယ်။

ကျွမ်းကျင်အဆင့်သတ်မှတ်ပေးရာမှာလည်း အမှန်တကယ်ကျွမ်းကျင်တဲ့လုပ်သားတွေကို သတ်မှတ်ပေးတာမရှိဘူးလို့ ပြောပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်သမားများ ခံစားခွင့်ရှိတဲ့  ရှောင်တခင်ခွင့်ခံစားခွင့်မရှိခြင်း၊ လူမှုဖူလုံရေးကြေးလတိုင်း ထည့်ဝင်ရသော်လည်း အလုပ်သမားများမှာ လူမှုဖူလုံရေးခံစားခွင့်နဲ့ပတ်သတ်သော ခွင့်ခံစားခွင့်မရရှိခြင်းကြောင့် အလုပ်သမားများမှာ နေမကောင်းဖြစ်ပါက လူမှုဖူလုံရေ ဆေးခန်းပြချင်သည်ဖြစ်စေ၊ ရှောင်တခင်ခွင့်တိုင်သည် ဖြစ်စေ အလုပ်ရှင်ဘက်မှခွင့်မပေးဘူးလို့ ဆိုပါတယ်။ 

ရက်ပျက်ပါက စက်ချုပ်သမားဆိုလျင်   ဒေးကြေး (၆၈၀၀)ကျပ်၊ ရက်မှန်ကြေး (၃၀၀၀၀)ကျပ်ဖြတ်တောက်ပြီး၊ အခြားဌာနမှ အလုပ်သမားများရက်ပျက်လျင် ဒေးကြေး(၅၈၀၀)ကျပ်၊ ရက် မှန်ကြေး(၃၀၀၀၀)ကျပ်ဖြတ်တောက်ခံရတဲ့အပြင်  ရက်ပျက်လျင်လည်း ခွဲခြားဆက် ဆံခံရခြင်း၊ အငြိုးအတေးထား ခံရခြင်း၊ ဖိအားပေးစေခိုင်းခံရခြင်းများခံနေရလို့ အလုပ်သမားများနစ်နာနေကြရတယ်လို့ သိရပါတယ်။  

ချိုးဖောက်မှုများစွာကြောင့် အလုပ်သမားအခွင့်အရေးဆုံးရှုံးနေမှုများအတွက် အလုပ်သမားများတောင်းဆိုချက်တွေဖြစ်တဲ့ 
 ၁။ အလုပ်ရှင်ဘက်မှ ကိုယ်ဝန်ဆောင်သယ်များကို အပြစ်မရှိဘဲ အလုပ်ထုတ်ခြင်း မပြုလုပ်ရန်။
၂။ အလုပ်ရှင်ဘက်မှ ကျွမ်းကျင်ကြေးအဆင့်သတ်မှတ်ရာတွင် ဘက်လိုက်မှုမရှိပဲ တကယ်ကျွမ်းကျင်သူ ကိုပေးရန်။
၃။ အလုပ်ရှင်ဘက်မှ စက်ချုပ်နေသောနေရာကို မိုးလုံအောင်ဆောင်ရွက်ပေးရန်။
၄။ အလုပ်ရှင်ဘက်မှ တရုတ်အမျိုးသမီးက ကိုယ်တိုင်မအုပ်ချုပ်ရန်နှင့် ဆဲဆိုခြင်း၊ အော်ဟစ်ခြင်းမပြုလုပ်ရန်။
၅။ စက်ရုံတစ်မိုးအောက်ထဲ သူဌေးတစ်ဦးထဲ အလုပ်လုပ်နေချင်အတူတူကို အလုပ်သမားများကို ဒေးကြေးအတူတူပေးရန်။
၆။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ လူမှုဖူလုံရေးခွင့်များ ခံစားခွင့်ပေးရန် စတဲ့တောင်းဆိုချက် ၆ ချက်ကိုလည်းတောင်းဆိုထားတယ်လို့ သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026