NEWS

He MeT အထည်ချုပ် လူရွယ်အလုပ်သမားများအား လူကြီး အလုပ်သမားများနှင့် တန်းတူ ခိုင်းစေ

CoverLogo
458 Views
 
He MeT Company Limited အထည်ချုပ်စက်ရုံက အသက်မပြည့်တဲ့ လူရွယ်လုပ်သား ၃၀၀ နီးပါးကို တခြား လူကြီးလုပ်သားတွေနဲ့ တန်းတူ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက OUTDOOR၊ CHAPTER၊ Pageone၊ JEAN PASCALE စတဲ့ အတည်တွေချုပ်နေပြီး စက်ရုံက နေ့စားလုပ်သားတွေကို ဥပဒေသတ်မှတ်ချက်အတိုင်း အတည်ပြုခန့်အပ်ပေးတာမရှိဘူးလို့လည်း သိရပါတယ်။
 
“စက်ရုံထဲမှာ အသက် ၁၄,၁၅ အရွယ် လူငယ် ကလေး လုပ်သားတွေကို ခေါ်ခိုင်းနေတာ ရှိတယ်။ ၂၅၀ ကျော် ၃၀၀ လောက်ရှိတယ်။ ဆရာဝန်ထောက်ခံချက်လည်းမပါဘူး၊ လူကြီး အလုပ်သမားတွေနဲ့ အတူလုပ်နေရတာ။ သူတို့လည်း တခြားအလုပ်သမားတွေလို့ အချိန်ပိုလည်းဆင်းရ၊ အလုပ်ချိန် အပြည့်လုပ်နေရတာ။ နေ့စားတွေဆို အများကြီး ကလေးလုပ်သားများတာပဲ ကြည့်လိုက် ။ အဲ့နေ့စားတွေဆို လုပ်သက် ၃လပြည့် ပြီးလည်း အတည်ပြုဝန်ထမ်း မခန့်ဘူး၊ နေ့စားအလုပ်သမားလို ပဲ ဆက်ခိုင်းနေတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ အထည် တရားလွန် စံချိန် တောင်းခံတာ၊ ဖယ်ရီ ကျပ်တည်းတာ ကြုံတွေ့ရတဲ့ အပြင် ဥပဒေပါ ခွင့်အမျိုးအစားတွေ ခံစားခွင့်မရဘူးလို့ အလုပ်သားတွေက ပြောပါတယ်။
 
“စက်လိုင်း တလိုင်းမှာ ချုပ်တဲ့ ၄၅ယောက်၊ အဲ့ဒါကို ဂျာကင် တစ်နာရီကို ၄၅ထည်အထိ တောင်းတယ်၊ အဲဒီ စံချိန်မရတာနဲ့ စူပါတွေက ဆဲဆို၊ အော်ဟစ် ပြောတော့တာပဲ.။ အချိန်ပိုတွေဆင်းဖို့ စက်ရုံဘက်က ထန်းတပင် ဂိတ်တွေအထိ သွားညှိထားတယ်။ နောက်ကျလဲ ပြန်နိုင်အောင်။ စီးရတဲ့ ဖယ်ရီက ကျပ်ကျပ်တည်းတည်းနဲ့ အဝေးကလာတဲ့သူတွေဆို မနက်အစောထ စီးရတယ်။ ပြန်တော့ နောက်ကျမှ ရောက်တာ.” လို့ ပြောပါတယ်။
 
အလုပ်သမားတွေ ဥပဒေအရ ခံစားခွင့်တဲ့ ခွင့်အမျိုးအစားတွေကို စက်ရုံဘက်က မပေးဘဲ လူမှုဖူလုံ ရေးကြေးကိုတော့ လစဥ်ထည့်ဝင်ရသလို ရက်ပျက်ပါက ဒေးကြေး ရက်မှန်ကြေးတွေ ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံဘက်က ပေးတဲ့ ဆုကြေးကို လိုင်းစူပါတချို့က ဖြတ်ယူ သုံးစွဲခဲ့တဲ့ အပြင် ကိုယ်ဝန်ဆောင် အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာကြောင့် ထိခိုက်မှုတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ပြီးခဲ့နှစ်ထဲမှာ အလုပ်ရှင်က စက်လိုင်းအတွက် ဆုကြေး ၈သိန်းပေးတယ်။ အဲ့ဆုကြေးကို လိုင်း၁၁ စူပါက အကုန်ဖြတ်ယူလိုက်တယ်။ ဒါထက်ဆိုးတာက ဖယ်ရီကားပေါ် က ကိုယ်ဝန်သည် အလုပ်သမားတွေကို ကားအနောက်မှာ စီးရမယ်ပြောတယ်။ သိပ်မကြာဘူး ကားအနောက်က စီးရတဲ့ ကိုယ်ဝန်သည် အလုပ်သမား ကိုယ်ဝန်ပျက်ကျသွားတယ်။ ဒါကို စက်ရုံက ခွင့် ၂ ရက်ပဲ ပေးတယ်။ အလုပ်သမားက မသက်သာတော့ အလုပ်က ထွက်သွားရရော။” လို့ ပြောပါတယ်။
 
စက်ရုံပိုင်ရှင်က လုံခြုံရေးတွေ ပိုခန့်ပြီး အလုပ်သမားတွေ သန့်စင်ခန်း သွားတာကို ကြည့်ခိုင်းတာ၊ စက်လိုင်းတွေမှာ CCTVတွေ တတ်ထားပြီး စောင့်ကြည့်နေတာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အကြောင်းကြားထားတာပါ။
 
He MeT Company Limitedစက်ရုံက ရန်ကုန်မြို့၊ လှိုင်သာသာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်း၊ အလယ်ရွာ၊မီးတာရုံဘေးမှာ ရှိပြီး အလုပ်သမားများ ၉၀၀ ကျော် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026