NEWS

Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ

CoverLogo
29 Views
 
ရန်ကုန်၊ အရှေ့ဒဂုံမြို့နယ်၊ အင်းဝလမ်းမပေါ်က Myanmar Handsome အထည်ချုပ်စက်ရုံမှာ အလုပ်စတင်ဝင်ရောက်တဲ့ အလုပ်သမား အသစ်တွေဆီက နည်းမျိုးစုံနဲ့ တရားမဝင် ငွေကြေး ကောက်ခံနေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
 
“လက်ရှိမှာပဲ အလုပ်သမားအသစ်တွေဆီက တစ်ယောက် ၂၀၀၀၀ ဆိုပြီး ကောက်တယ်။ ပွဲလုပ်ဖို့ဆိုပြီး ကောက်တယ်။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံဘက်က ငွေကြေးကောက်ခံမှုတွေကြောင့် သတင်းတွေမှာ မကြာခဏ ဖော်ပြခံနေရပေမဲ့ တာဝန်ရှိသူ တချို့က အမည်အမျိုးမျိုး တပ် ငွေကောက်ခံတာ ကို မရပ်ဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
“စက်ရုံက "အေဂျင်စီ" အမည်ခံပြီး အလုပ်သမားအသစ်တွေက ကျပ် ၅၀,၀၀၀ ကနေ ၇၀,၀၀၀ အထိ ကောက်ခဲ့ဘူးတယ်။ ဒါသတင်းတက်လည်း သူတို့က ဆက်ကောက်နေတုန်းပဲ။ “
 
စက်ရုံဘက် ငွေကောက်ခံမှုတွေ အပြင် လူမှုဖူလုံရေးကတ် (SSB Card) မရရှိသေးတဲ့ အလုပ်သမား အများအပြား ရှိနေပြီး လစာထဲက လူမှုဖူလုံရေးကြေး ပေးသွင်းနေပေမဲ့ ကတ်ပြားကို လက်ဝယ်မရရှိဘူးလို့လည်း ပြောပါတယ်။
"ညီမဆို လုပ်သက် ၂ နှစ်ကျော်ပြီ မရသေးဘူး။ တချို့ လုပ်သက် ၃ နှစ်၊ ၄ နှစ်ရှိတဲ့ သူတွေလည်း မရသေးဘူး" လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
Myanmar Handsome စက်ရုံက LCW Brand များကို အဓိကချုပ်လုပ်နေပြီး အလုပ်သမား ၁၅၀၀ ဝန်းကျင်နဲ့ လည်ပတ်နေတဲ့ စက်ရုံဖြစ်တယ်လို့ သိထားပါတယ်။

Related posts

Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
မဲဆောက် တွင် ဈေးရောင်းနေသည့် မြန်မာများ အဖမ်းခံရ
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ
Oct 09, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ
Oct 08, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ (ရုပ်သံ သတင်း)
Oct 08, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ (ရုပ်သံသတင်း)
Oct 07, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ
Oct 07, 2025