NEWS

Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း

CoverLogo
155 Views
 
“MADE” စီမံကိန်းအဖွဲ့ဝင် Handa 2 စက်ရုံမှာ စုပေါင်းတောင်းဆို ဆန္ဒပြခဲ့ကြတဲ့ အလုပ်သမားအားလုံးကို စက်ရုံဘက်က သတိပေး လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ပြောပါတယ်။ မတ်လ ၁၄ ရက်မှာ လုပ်ငန်းခွင် ပြန်ဝင်ခိုင်းခဲ့ပြီး အဲ့ဒီနေ့မှာပဲ စက်ရုံဘက်က သတိပေးလက်မှတ် ထိုးခိုင်းခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ နောက်းဆုံး ဝမ်တိန်လက်မှတ်လို့တောင် ပြောလို့ရတယ်။ နောက်တခါ ဆန္ဒပြရင် ကိုယ့်သဘောနဲ့ ကိုယ် အလုပ်ထွက်တာ’ဆိုပြီး လက်မှတ်ထိုးခိုင်းလို့ ထိုးပေးရတယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ အလုပ်သမား အားလုံး မတ်လ ၁၄ ရက်မှာ လုပ်ငန်းခွင်ပြန်မဝင်ပါက စက်ရုံဘက်က လိုက်လျှော တိုးမြှင်ပေးတဲ့ ဒေးကြေး ၁,၀၀၀ နဲ့ အိုတီကြေး ၁၀၀ ကို မပေးဘဲ၊ တောင်းဆိုမှု လုပ်နေတဲ့ အလုပ်သမားတွေကိုပါ စက်ရုံဘက်က တာဝန်မယူဘူးလို့ ခြိမ်းခြောက် ဖိအားပေးပြီး လုပ်ငန်းခွင်ကို ပြန်လည် ဝင်ရောက်ခိုင်းခဲ့တယ်လို့ သွေးစည်းညီညွှတ်မှုဖြင့် မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM တာဝန်ရှိသူက ပြောပါတယ်။
 
“လာကူညီတဲ့ အလုပ်သမားအဖွဲ့တော့ရှိတယ်။ အလုပ်သမားခေါင်းဆောင် ၂၁ ဦးနဲ့ လက်မှတ်ထိုးတဲ့ ရလဒ်ကို အလုပ်သမားအားလုံးချပြဖို့ နဲ့ နောက်ဆက်ဖြစ်တဲ့ ဒီကိစ္စတွေတော့ ရှင်းပြတာမရှိဘူး။ အခုတော့ တောင်းတဲ့ ရလဒ်နဲ့ ဝိမ်တိန်ထိုးရတာ မကျေနပ်လို့ အလုပ်သမားတွေ အလုပ် ထွက်သွားကြတယ်”လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Handa 2 အလုပ်သမားတောင်းဆိုမှုက မတ်လ (၆) ရက်မှာ စတင်ခဲ့ပြီး မတ်လ ၁၄ ရက်အထိ ၈ ရက်ကြာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီကာလအတွင်း စက်ရုံနဲ့ ရရှိတဲ့ သဘောတူညီချက်တွေကို အလုပ်သမားတွေရဲ့ သဘော ထားကို မမေးဘဲ ခေါင်းဆောင် ၂၁ ဦးက လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်တွေကို အလုပ်သမားတွေလက်မခံလို့ စက်ရုံဘက်က ခြိမ်းခြောက်ဖိအားပေး လုပ်ငန်းခွင်ဝင်ရောက်ခဲ့ရပြီး အခုလို သတိပေးလက်မှတ် ထိုးပေးခဲ့ရတာ ဖြစ်ပါတယ်။
 
Handa 2 စက်ရုံက ဥရောပသမဂ္ဂရဲ့ MADE စီမံကိန်းအဖွဲ့ဝင် စက်ရုံဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ အလုပ်သမားတွေ ရဲ့ စားဝတ်နေရေးနဲ့ လူမှုဘဝ လုံခြုံရေးကို အဓိကထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ စီးပွားရေး ချဉ်းကပ်မှုတစ်ခု ဖြစ်ပေမဲ ဒါပေမဲ့ Handa 2 စက်ရုံရဲ့ ခြိမ်းခြောက်တဲ့ လုပ်ဆောင်ချက်တွေက ပြောင်းပြန်ဖြစ်နေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောဆိုထားပါတယ်။
 
စက်ရုံက Handa Group အထည်စက်ရုံ ၄ ရုံထဲ တရုတ်နိုင်ငံသားပိုင် Handa 2 Yangon Garment Co.,Ltd စက်ရုံဖြစ်ပြီး အလုပ်သမား ၃၀၀၀ ဝန်းကျင် လုပ်ကိုင် နေပါတယ်။ ဂျပန်နိုင်ငံ အခြေစိုက် Itochu Retail Link Corporation ရဲ့ အထည်တွေကို ချုပ်လုပ်နေပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် လုပ်ငန်းလုပ်ကိုင်နေပါတယ်။

Related posts

Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026