NEWS

Hanboom အထည်ချုပ်စက်ရုံတွင် စနေ၊ တနင်္ဂနွေ ပိတ်ရက်များပါ အချိန်ပိုခေါ်ယူနေဟုဆို

CoverLogo
1.3K Views

တရုတ်နိုင်ငံသားပိုင် Hanboom(Myanmar) Garment Co.LTD အထည်ချုပ်စက်ရုံမှာ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေကိုပါ အချိန်ပိုခေါ်ယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကို လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အားတစ်ထောင်ကျော်နဲ့  လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။

အချိန်ပိုခေါ်ယူတာတွေကို နေ့စဉ်လုပ်ဆောင်နေပြီး စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာပါ နားရက်မရှိ လုပ်ငန်းလည်ပတ်နေတာပါ။

“သင်္ကြန်ပြီးကတည်းက ခေါ်နေတာပါ။ နားရက်မရှိတော့ အလုပ်သမားတွေက အဆင်မပြေတော့ဘူး။ ဒါပေမယ့် မပြောရဲဘူး ဖြစ်နေတယ်။ စက်ရုံမှာ WCCကော၊ သမဂ္ဂကော ရှိပေမယ့် စက်ရုံမှူးတွေ၊ All Superတွေ ဖြစ်နေတော့ ဘာမှ မပြောရဲကြဘူး”လို့ ယင်းစက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံဘက်က အချိန်ပို ခေါ်ယူရာတွင် မနက် (၈) နာရီမှ ည(၈)နာရီ ၄၀ မိနစ်ထိ တနင်္လာမှ စနေနေ့တိုင်း နေ့စဉ် ခေါ်ယူနေပြီး တနင်္ဂနွေ ပိတ်ရက်တွေမှာတော့ မနက် (၈) နာရီမှ ညနေ (၄) နာရီထိ ခေါ်ယူနေတယ်လို့ သိရပါတယ်။

“စနေနေ့ဆို တစ်ခါတစ်လေ (၄) နာရီထိပဲ ဆင်းရပါတယ်။ လစာကတော့ (၄၈၀၀) နဲ့ပဲ တွက်ပေးတယ်။ အချိန်ပိုကြေးက (၁၂၀၀) နဲ့ ရှင်းပေးပါတယ်။ ညဘက်ဆင်းရတဲ့ရက်တွေမှာတော့ အချိန်ပိုကြေးအပြင် မုန့်ဖိုး (၅၀၀) ထပ်ပေးတယ်။ အသွားအပြန်ကိုတော့ ဖယ်ရီ စီစဉ်ပေးတယ်။ အခုက နားရက်မရှိဖြစ်နေပေမယ့် အပြင်မှာလည်း အလုပ်အကိုင် ရှားနေတော့ အလုပ်သမားတွေက ဘာမှမပြောရဲဘဲ ငြိမ်ခံနေရတယ်”လို့ သူက ပြောပါတယ်။

Hanboom အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ကာလတွေကလည်း အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026