NEWS

Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေ

CoverLogo
253 Views
 
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ ရက်ပျက်သတ်မှတ်ပြီး လုပ်ခလစာတွေဖြတ်တောက်နေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် - IWFM ဆီက သိရပါတယ်။
“ Haejii (Myanmar) မှာ အလုပ်ပျက်လို့ ဒေကြေးဖြတ်တယ်။ ဒါ့ အပြင် ရက်မှန်ကြေးလည်း ဖြတ်တယ်။ ကျွမ်းကျင်ကြေးတွေကို လျှော့တယ် ၊ ဒါတွေတွေ့ရယ်။ နောက်ဆိုးတာက လုပ်ငန်းခွင် ကျန်းမာရေးစောင့်ရှောက်ကို လုံးဝ ပစ်ပယ်ထားတာတွေ့ရတယ်လို့ “ လို့ IWFM တာဝန်ရှိသူက ပြောပါတယ်။
 
အချိန်ပိုနေ့စဉ် ၃နာရီလုပ်ကိုင်ရပြီး င့် ဒေးကြေး ၁၀,၀၀၀ ကျပ်၊ အချိန်ပိုကြေး တစ်နာရီကို ၂,၂၀၀ ကျပ်၊ ဂရိတ်က‌ြေး A+ 100,000 ကနေ C ကို 30,000 ပေး သတ်မှတ်ပေးထားပြီး ရက်မှန်ကြေးကို ကျပ် ၄၀၀၀၀ ပေးထားတယ်လို့ ရက်ပျက်ပါက သတ်မှတ်ထားတဲ့ လုပ်ခလစာတွေ ဆုံးရှုံးနေရတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“ခွင့်ရက်တွေ တောင်းလည်း မပေးဘူး။ ဂိတ်ပတ်တောင်းလည်း မရဘူး၊ ။ ရက်ပျက်တော့ ဒေးကြေး၊ ရက်မှန်ကြေး၊ အဖြတ်ခံရသည်အပြင် ကျွမ်းကျင်ကြေးက ရထားတဲ့အဆင့်ကို နောက်တစ်ဆင့်ချတော့ တစ်ရက်ပျက်လျှင် မနည်းဘူး အဖြတ်ခံနေရပါတယ်။”
 
လုပ်ငန်းခွင် ကျန်းမာရေး စောင့်ရှောက်မှုတွေ အမည်ခံဖြစ်ပြီး အရေးပေါ် အခြေအနေတွေကြုံတွေ့ရပါတက ကိုယ်တိုင် ကုသမှုတွေ ပြုလုပ်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံမှာဆေးခန်းရှိပါတယ်။ သူနာပြုက မရှိပါဘူး။ အရေးပေါ်တွက် ဆေးဝါး ဘာမှမရှိပါဘူး။ စစ်ဆေးရေးတွေလာစစ်လျှင် ဆေးခန်းထားထားတယ်ဆိုတာမျိုးလောက်ပါပဲ။ မတော်တဆ ဖြစ်တာတောင် ဆေးခန်းက ဘာမှမရှိနေဘူး၊ အရေးပေါ် ဖြစ်လို့ အပြင်ဆေးခန်းသွားလည်း ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဆေးခန်းပြရတယ်။” လို့ ပြောပါတယ်။
 
လုပ်ငခန်းခွင်အတွင် သောက်ရေ လုံလောက်မှုမရှိတဲ့အပြင် သန့်စင်ခန်းတွေမှာလည်း သန့်ရှင်းမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံအတွင် အန္တရာယ်ရှိ အကောင်တွေ ဝင်ရောက်တဲ့ အခြေအနေတွေ ရှ်လို့ လုပ်ငန်းခွင်က လုံခြုံမှု မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံက ရေသန့်တော့ ဝယ်တိုက်ပါတယ်။ သောက်ရေက လုံလောက်မှုမရှိဘူး ရေခဏခဏ ပြတ်က်တယ်။ အိမ်သာတွေ ကလည်း မသန့်တာများတယ်။ ပျက်တာတွေက များပါတယ်။ ညဘက် စက်ရုံထဲ မြွေတွေဝင်တာတာတွေရှိတယ်။ ဘွိုင်လာဘက်က မီးခိုတိုင် တိုနေတော့ ထွက်တဲ့ အနံတွေ ၊ အခိုးအငွေ့တွေကို အလုပ်သမားတွေက ရှူပြီး အလုပ်လုပ်နေရတယ်” လို့ ပြောပါတယ်။
 
အထည်စံချိန်ကို အလုပ်သမားတွေလုပ် နိုင်တာထက် ပိုမိုတောင်းခံတဲ့အပြင် စံချိန်မရပါက ဆဲဆို ပြောဆိုတာတွေ ကို တာဝန်ရှိသူတွေက ပြုလုပ်တယ်လို့ သိရပါတယ်။
 
“အထည်စစ်တွေဆိုရ ထိုင်ခုံမပေးဘူး၊ တချို့ အထည်စစ်တွေ၊ အလုပ်သမားတွေ မူးလဲတာ၊ မေ့လဲတာတွေရှိတယ်၊ စက်ရုံတာဝန်ခံတွေကလည်း အထည်အရေးအတွက် ရဖို့အတွက်ပဲ သူတို့က အာရုံစိုက်တယ်။ အလုပ်သမား ဘာဖြစ်ဖြစ်သူတို့ တာဝန်မဟုတ်ဘူးဆိုတာမျိုးလုပ်နေတယ်။ “ လို့ ပြောပါတယ်။
 
အချိန်ပိုလုပ်ကိုင်ဖို့ အလုပ်သမားတွေကို ရွေးချယ်ခေါ်ပြီး အချိန်ပိုကြေး မပေးတာနဲ့ အလုပ်သမားအခွင့်အရေး ပိတ်ပင်တာတွေကို စက်ရုံတာဝန်ရှိသူတွေက လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပိုတွေကို ညဘက်တွေလူရွေးခေါ်တယ်။ နောက် အချိန်ပိုကြေးမပေးပဲ ဆင်းရတယ်။ တချို့ အလုပ်သမားတွေဆို စက်ရုံမှာ ဆက်မလုပ်ချင်လို့ အလုပ်ထွက်ကြတယ် ။ အလုပ်ထွက်တဲ့ သူ တခြားစက်ရုံ အလုပ်လျှောက်တာကို မခန့်ဖို့ကို စက်ရုံဘက်က ပြောဆိုတာ ရှိတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံက စက်ရုံက ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြခွာညှိလမ်းမှာ ရှိပြီး အလုပ်သမား (၄၀၀) ကျော်နဲ့ လည်ပတ်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံမှာ Converse , AK စတဲ့ တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026