NEWS

GYSEN Myanmar Apparel အထည်ချုပ် သမဂ္ဂအဖွဲ့ဝင် ၅၀ ကျော်ကို အလုပ်ထုတ်

CoverLogo
825 Views

ရွှေပြည်သာမြို့နယ်မှာ ဝါးတရာစက်မှုဇုန်ရှိ GYSEN  Myanmar Apparel အထည်ချုပ်စက်ရုံက အလုပ်ရှင်ဟာ  အလုပ်သမားလျှော့ချသည်ဟုဆိုကာ အလုပ်သမားသမဂ္ဂအဖွဲ့၀င်အလုပ်သမား ၅၀ ဦးကို  အလုပ်မှထုတ်ပယ်ခဲ့ပြီး  နေ့စားအလုပ်သမားခေါ်ယူခိုင်းစေနေတယ်လို့ သိရပါတယ်။ 

အဆိုပါ အထည်ချုပ်စက်ရုံဟာ  အလုပ်သမားအင်အား ၇၀၀ ကျော် ဖြင့် လွန်ခဲ့သော ၄ နှစ်ခန့်မှစတင်ဖွင့်လှစ်လုပ်ငန်းလည်ပတ်ခဲ့တာ ဖြစ်ပြီး  လုပ်ငန်းရှင်ဟာ  စက်ရုံရှိ တရားဝင်ဖွဲ့စည်းထားတဲ့  အလုပ်သမား သမဂ္ဂအဖွဲ့ဝင် လုပ်သားများအား လုပ်သားလျော့ချသည်ဟု အ ကြောင်းပြကာ ဧပြီလ ၁၀ ရက်နေ့တွင် button ဌာနနှင့် Iron ဌာနရှိ
သမဂ္ဂခေါင်းဆောင်များအပါအဝင်အလုပ်သမား ၅၀ဦးကို အလုပ်မှထုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လုပ်သားအင်အားလျှော့ချတယ်လို့ အကြောင်းပြကာ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေအပါ အလုပ်သမား ၅၀ ကို အလုပ်ထုတ်ခဲ့ပေမဲ့ နေ့စားအလုပ်သမားတွေခေါ်ယူခိုင်းစေနေတာတွေရှိနေတယ်လို့ သိရပါတယ်။
  
မေလ၂၁ ရက်နေ့မှာ  ယခင်အလုပ်မှလျော်ကြေးပေး အလုပ်ထုတ်ခဲ့သော Iron Leader အား Packing Leader အဖြစ်ပြန်လည်ခေါ်ယူပြီး Iron ဌာန တွင် အလုပ် ပြန်လည်လုပ်ခိုင်းခဲ့တာဖြစ်လို့ ၀န်ထမ်းများပြန်လည်ခေါ်ယူခန့်အပ်နေတဲ့အထောက်အထားများအရ လုပ်ငန်းရှင်ဟာ  အမှန်တကယ် အော်ဒါမရှိလို့ လုပ်သားအင်အားလျော့ချခြင်းမဟုတ်ဘဲ စက်ရုံရှိ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များကိုအလုပ်မှ ထုတ်ပါယ်ရန်အတွက် ဟန်ပြ အလုပ်ထုတ်ခဲ့ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။  

အဲဒီလိုမျိုး အလုပ်သမားသမဂ္ဂခေါင်းဆေင်များကို  အလုပ်မှထုတ်ပယ်ခဲ့တာကြောင့်  အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာန သို့ လုပ်ငန်းရှင်အားအရေးယူပေးပါရန်တိုင်ကြားခဲ့သော်လည်း ယခုထိ အရေးယူဆောင်ရွက်ခြင်းမရှိဘူးလို့လည်း STUM ထံမှသိရပါတယ်။ 

ဒါ့အပြင်ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကုန်ပိုင်းက GYSen2 အထည်ချုပ်စက်ရုံ အော်ဒါနည်းလာတာကြောင့်ဆိုပြီး  အလုပ်သမားတွေကို နို့တစ်ကြေးနဲ့လျော်ကြေးပေးကာ စက်ရံပြန်ဖွင့်မယ်ဆိုပါက အလုပ်သမားဟောင်းတွေကို ဦးစားပေးခေါ်ယူမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ စက်ရုံရုတ်တရက်ပိတ်ခဲ့ပြီး အလုပ်သမား တွေ အလုပ်လက်မဲ့ဖြစ်ပွားခဲ့ပါတယ်။

 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026