NEWS

GTlG HUBO အထည်ချုပ် ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်၊ အချိန်ပို အတင်းအကျပ် ခိုင်းစေနေ

CoverLogo
844 Views
 
GTlG HUBO lndustiral Co.,Ltd (Myanmar) စက်ရုံက ဥပဒေမှာ ပြဌာန်းထားတဲ့ မီးဖွားခွင့်ကို မပေးဘူးဆိုပြီး စကားပြန် မန်နေဂျာ အမျိုးသမီးက ကိုယ်ဝန်ဆောင် အလုပ်သမားတဦးကို အလုပ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အချိန်ပိုလုပ်ကိုင်ဖို့ အတင်းအကျပ် ဖိအားပေး ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ် (IWFM) က ပြောပါတယ်။
 
“ ဒီ ၅လပိုင်းထဲမှာ ကိုင်ဝန်ဆောင် အလုပ်သမားကို အလုပ်ထုတ်ခဲ့တယ်။ အဲ့အမျိုးသမီးက အလုပ်ဝင်တာ ၆ လပဲ ရှိသေးတာ။ စက်ရုံက ကလေးမွေးဖွား ခွင့်မပေးဘူး အလုပ်ထွက်ရမယ်ဆိုပြီး စကားပြန်မန်နေဂျာအမျိုးသမီးက ပြောတော့ အလုပ်ထွက်ရတယ်။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံဘက်က အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန်တွေ တောင်းခံပြီး လိုင်းသား ၄၀ ဝန်းကျင်ရှိ စက်လိုင်းကို ဂျင်းသား၊ကိုလာဖီအသား အထည်တွေ စံချိန်အနေနဲ့ တစ်နာရီကို လိုင်းပေါက်အထည် ၄၀ ကျော်အထိတောင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အထည်စံချိန်မပြည့်တာနဲ့ အောလင်း၊ အောနိုက်ဆင်းခိုင်းတယ်။ ပြီးအောင်ချုပ် ရတယ်။ အောလင်း၊ အောနိုက်မဆင်းနိုင်ရင် စကားပြန် မန်နေဂျာက ရုံခန်း ခေါ်ပြီး မဆင်းပေးနိုင်ဘူးလို့ ပြောစရာမလို့ဘူး၊ ပြောသ လိုမလုပ်ကြရင် ဝမ်တိန်ထိုးရမယ်လို့ ပြောတယ်။ မဆင်းရင် ဖယ်ရီကားမပေးဘူး ကိုယ့်ဘာသာပြန်လို့ ပြောတယ်။ အလုပ်သမားတွေက အချိန်ပို မဆင်းနိုင်လို့ အလုပ်သမားရုံးတွေကို တိုင်တော့လဲ ဘာမှမထူခြားဘူး။ မန်နေဂျာကလည်း တိုင်ချင်တဲ့နေရာတိုင် ဂရုမစိုက်ဘူးလို့ ပြောနေတာပါ.” လို့ ပြောပါတယ်။
 
မန်နေဂျာ အမျိုးသမီးအပါအဝင် အောစူပါ၊ စူပါတွေကို ပြန်ပြောပါက ဝမ်တိန်ထိုးရမယ်လို့ ခြိမ်းခြောက်တဲ့အပြင် အလုပ်သမားများတွေ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ပါက အကြောင်းသိမယ်ဆိုပြီး စကားပြန်မန်နေဂျာ က ခြိမ်းခြောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံကို ရွှေပြည်သာဝန်ကြီးဆိုသူ မကြာခဏလာရောက် စစ်ဆေးပေမဲ့ အော်လင်း အောနိုက် ဆင်းပြီး လစာ ကျပ် လေးသိန်း ရရှိတာကို ကောင်းမွန်တဲ့ လစာလို့ ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အဲဒီ ဝန်ကြီးက လစာဘယ်လောက်ရလဲ မေးတော့ အလုပ်သမား တွေက အောလင်း၊ အောနိုက်ဆင်းမှ လေးသိန်းပဲ ရပါတယ်ပြောတော့ လေးသိန်းရတာ မဆိုးဘူးလို့ပြော သွားတယ်။ အလုပ်သမားတွေ အတွက် တစ်လ လေးသိန်းဆိုတာ အဆောင်လစာ၊ စားစရိတ်တွေ လုံလောက်နေတာ မဟုတ်ဘူး.” လို့ ပြောပါတယ်။
 
ဥပဒေမှာ ပြဌာန်းထားတဲ့ ခွင့်ရက်တွေကို အလုပ်သမားသမားတွေ မရရှိပဲ တစ်ရက်အလုပ်မသွားပါက ရက်ပျက်ဆိုပြီး ကျပ် ၄၀၀၀၀ ကျော် ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနဲ့ မကိုက်ညီနဲ့ သောက်ရေတွေ သောက်သုံးရပြီး စက်လိုင်း၁၆ အော်စူပါနဲ့ စူပါက အရမ်းရိုင်းစိုင်းစွာပြောဆိုလို့ တိုင်ကြားခဲ့ပေမဲ့၊ တိုင်းကြားသူတွေကို စကားပြန်မန်နေဂျာအမျိုးသမီး က ပိုပြီး ရိုင်းစိုင်းစွာပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
GTlG HUBO lndustiral Co.,Ltd (Myanmar) အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ၊ ဝါးတရာစက်မှုဇုန် ၊ မင်းဗန္တုဘုရာလမ်း မှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံမှာ အလုပ်သမားများ ၁၀၀၀ ကျော်က ONLY၊ RESERVED၊ Functionality makes your life comfortable တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026