NEWS

GTIG HUBO (GTIG 5)စက်ရုံက ဖုန်းအားသွင်းလို့ ဆိုပြီး အလုပ်သမားနှစ်ဦးအား အလုပ်ထုတ်

CoverLogo
534 Views
 
GTIG HUBO Co. Ltd တာဝန်ရှိသူတွေက စက်ရုံတွင်း အလုပ်သမားအခွင့်အရေးတောင်းဆိုတဲ့ အလုပ်သမားနှစ်ဦး ကို ဖုန်းအားသွင်းတယ်ဆိုပြီး အလုပ်ထုတ်ခဲ့တယ်လို သိရပါတယ်။ စက်ရုံက ရန်ကုန်မြို့ ၊ရွှေပြည်သာမြိုနယ် ၊ မြတောင်လမ်း၊ ဝါးတစ်ရာစက်မှုဇုန်မှာ ဖွင့်လှစ်ထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
" တရားဝင်ပိတ်ရက်တွေကို စက်ရုံက အပြည့်အဝမပိတ်ပေးတော့ မန်နေဂျာရုံးခန်းကို ကျွန်တော်တို့ ခဏခဏ တက်တဲ့ ပြောတယ်။ အဲ့ကတည်းက ကျွန်တော်တို့ကို စောင့်ကြည့်ခံနေရတာ။ အခုတော့ ဖုန်းကိစ္စနဲ့ အလုပ်ထုတ် ခံရတာ"လို့ အလုပ်အထုတ်ခံခဲ့ရတဲ့ အလုပ်သမားကဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ရန်ကုန်မြိုမှာ လျှပ်စစ်မီး ပြတ်တောက် ခဲ့လို့ အလုပ်သမားတွေ ဖုန်းအားသွင်းဖို့ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အလုပ်သမားတွေက စက်ရုံအတွင်း ဖုန်းအားသွင်းခဲ့ကြတာကို တာဝန်ရှိသူတွေ တွေ့ရှိခဲ့ရာကနေ စက်ရုံစည်ကမ်း ဖောက်ဖျက်လို့ ဆိုပြီး အလုပ်သမား နှစ်ဦးကို အလုပ်က ထုတ်ပယ်ခဲ့တာလို့ သိရပါတယ်။
အလုပ်ချိန်အတွင်း ဖုန်းသုံးစွဲခြင်းမပြုရဆိုတဲ့ EC စာချုပ်နောက်ဆက်တွဲကို ချုပ်ဆိုထားပေမဲ့ အခုလို ဖုန်း အားသွင်းတာကို စည်းကမ်းဖောက်ဖျက်တယ်ဆိုပြီး အတင်းအကျပ် ဖိအားပေး သတိပေး ဝမ်တိန်လက်မှတ် ထိုးခိုင်းကာ အလုပ်က ထုတ်ပယ်တာလို သိရပါတယ်။
“ဝမ်တိန် လက်မှတ်မထိုင်းရင် စက်ရုံမန်နေဂျာ ရုံးခန်းကနေကို ထွက်ခွင့် မပေးဘဲ ဖိအားပေးခဲ့တာပါ။ ပြီးမှ အလုပ်က ထုတ်လိုက်တာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
GTIG HUBO အထည်ချုပ်စက်ရုံက တရားဝင် ထုတ်ပြန်ထားတဲ့ အလုပ်ပိတ်ရက်တွေကို ပိတ်မပေးတာ၊ အဲဒီရက်တွေမှာ အလုပ်မဆင်းတဲ့ အလုပ်သမားတွေကို ငွေကြေး ဖြတ်တောက်တာတွေ ပြုလုပ်ခဲ့ပြီး ဒီ ဆုံးရှုံးရတဲ့ အခွင့်အရေးတွေ ရဖို တောင်းဆိုခဲ့တဲ့ အလုပ်သမား နှစ်ဦးကို စက်ရုံဘက် ခွဲခြားဆက်ဆံ စောင့်ကြည့်တာတွေ ပြုလုပ်ခဲ့ပြီးနောက် အလုပ်က ထုတ်ပယ်ခဲ့တာလို သိရပါတယ်။
GTIG HUBO အထည်ချုပ်စက်ရုံဟာ Only,Vulgaris, Terranova စတဲ့ ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတယ် စက်ရုံလို့ သိရပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026