NEWS

GTIG HUBO စက်ရုံတွင် အထည်စံချိန်မပြည့်ပါက ညလုံးပေါက် အချိန်ပို ဆင်းခိုင်း

CoverLogo
415 Views
 
တရုတ်နိုင်ငံသားပိုင် GTIG HUBO INDUSTRIAL CO.LTD အထည်ချုပ်စက်ရုံမှာ မမျှတတဲ့ အထည်စံချိန်တွေကို သတ်မှတ် ဖိအားပေး ချုပ်လုပ်ခိုင်းစေတဲ့အပြင် လုပ်ငန်းခွင်အတွင်း နှုတ်ဖြင့်စော်ကားတာနဲ့ ခံစားခွင့်တွေ ဖြတ်တောက်နေတယ်လို့ မြန်မာနိုင် ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ချုပ်လိုင်း တစ်လိုင်း လူ ၄၀ လောက်ကို တစ်နာရီကို အထည် ၄၀ ကျော် ချုပ်ခိုင်းတယ် ။ "သူတို့တောင်းတဲ့ စံချိန်က မဖြစ်နိုင်ဘူး။ ဂျင်းသား၊ ကော်ဒူရွိုင်းလို အထည်တွေဆိုတော့ လက်ဝင်တယ်။ မပြီးရင် 'အောလင်း၊ အောနိုက်' ညလုံးပေါက် ဆင်းရတယ်။ မဆင်းရင် စူပါတွေက ဆဲဆိုပြီး ဝမ်တိမ် (ဝန်ခံကတိ) ထိုးခိုင်းတယ် " လို့ အလုပ်သမားတစ်ဦးက ရှင်းပြထားပါတယ်။
 
GTIG HUBO စက်ရုံမှာ ဂျင်းသား လို သာမန်ထက် ခက်ခဲတဲ့ အထည်တွေကို ချုပ်လုပ်ရပြီး အလုပ်ရှင်က မတန်တဆ စံချိန်တွေ တောင်းခံနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံက အလုပ်သမားများတွေကို ထောက်ပံ့ကြေးအပါအဝင် ဒေးကြေး တစ်ရက် ကျပ် ၁၁,၅၀၀ ၊ ရက်မှန်ကြေး ၄၀,၀၀၀ ကျပ် ပေးချေထားပေမဲ့ ရှောင်တခင်ခွင့် ၊ ဆေးခွင့် နဲ့ ခွင့်ခံစားခွင့်တွေကို မပေးဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ ဥပဒေမှာပါတဲ့ ခွင့်နဲ့ အဲ့ ခွင့်အတွက်ရမဲ့ ခံစားခွင့်တွေဆို အကုန်အဖြတ်ခံရတယ်။ ခွင့်ရလည်း ဖြတ်တယ်၊ ရှောင်တခင်လည်း မရှိဘူး ဖြတ်တာပဲ။ အလုပ်မဆင်းနိုင်တာနဲ့ ၃၀,၀၀၀ ကျော် အထိ အဖြတ်ခံရတယ်။” လို့ ပြောပါတယ်။
 
စက်ရုံမှာ WCC အဖွဲ့ နဲ့ ကုန်အမှတ်တံဆိပ်ဘက် COC ဝန်ထမ်းတွေ ရှိပေမဲ့ လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်မှုတွေ ဖြစ်ပွားနေပြီး နစ်နာသူတွေကို စက်ရုံဘက်က သတိပေးလက်မှတ် ထိုး ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်ပြန်ဝင်လာသော အောစူပါ တစ်ဦးက ကိုယ်ထိလက်ရောက် ကျူးလွန်တယ်။ ရုံးခန်းတိုင်တော့ ခံရတဲ့ အလုပ်သမားကပါ အပြစ်မရှိဘဲ ဝန်ခံကတိ လက်မှတ်ထိုးတယ်။ WCC၊ COC ၊ အလုပ်ရှင် အားလုံးက နှစ်ယောက်လုံး ဝမ်တိန်ထိုးရမယ် ဆိုပြီ ထိုးခိုင်းတာပါ။" လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံအတွင်း အလုပ်သမားတွေရဲ့ လုပ်ကိုင်မှုတွေကို ဓါတ်ပုံရိုက် မှတ်တမ်းတင် ဖိအားပေးနေပြီး အလုပ်သမားတွေက မရိုက်ဖို့ ပြောဆိုတာကိုလည်း 'ငါတို့စက်ရုံက အလုပ်သမားတွေ၊ ငါတို့ ရိုက်ပိုင်ခွင့်ရှိတယ်' ဆိုပြီး စက်ရုံပိုင်ရှင်က တုန့်ပြန်ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်တင်ဘာလအတွင်း အကြံပြုစာပုံးကနေ တစ်ဆင့် ရှောင်တခင်ခွင့်၊ ဆေးခွင့်ပေးဖို့နဲ့ ညလုံးပေါက် OT ဆင်းပါက ထမင်းဖိုး ၃,၀၀၀ ကျပ်နဲ့ လမ်းစရိတ် ၂,၀၀၀ ကျပ် ပေးဖို့ အလုပ်သမားတွေက တောင်းဆိုခဲ့ပေမဲ့ အလုပ်ရှင်ဘက်က လိုက်လျောဖို့ ငြင်းဆန်ခဲ့တယ်လို့ ပြောပါတယ်။
 
ဒါ့အပြင် လုပ်ငန်းခွင် သောက်သုံးရေနဲ့ အိမ်သာ သန့်ရှင်းမှုမရှိတဲ့ ပြဿနာတွေပါ ကြုံတွေ့နေရတယ်လို့ GTIG HUBO စက်ရုံ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
ဒိန်းမတ်နိုင်ငံ အခြေစိုက် BESTSELLER Group ပိုင် Only နဲ့ ပိုလန် အခြေစိုက် LPP Group ပိုင် Reserved တံဆိပ် အဝတ်အထည်ကို GTlG HUBO lNDUSTRIAL CO.LTD စက်ရုံက ချုပ်လုပ်နေပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင် တယ်လို့ သိထားပါတယ်။
 
စက်ရုံက မင်းဗနွုဘုရားလမ်း၊ ဝါးတရာစက်မှုဇုန်၊ ရွှေပြည်သာမြိုနယ်မှာ ရှိပြီး လုပ်သား ၈၀၀ ကျော် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026