NEWS

GTIG Easter Garment အထည်ချုပ် HR ဝန်ထမ်းများ ငွေချေးပြီး အလုပ်သမားများအား ဖိအားပေး ခြိမ်းခြောက်

CoverLogo
406 Views
 
GTIG Easter Garment လုပ်ငန်းခွင်အတွင်း HR ဝန်ထမ်းတွေက ငွေချေးလုပ်ငန်းတွေ လုပ်ကိုင်နေပြီး အလုပ်သမားတွေကို ဖိအားပေး ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ချေးငွေရယူတဲ့ အလုပ်သမားတွေရဲ့ ဘဏ်ကတ်တွေကို ရယူထားတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“HR ဝန်ထမ်းတွေက ၂၀ တိုးနဲ့ ချေးငွေ ထုတ်ပေးတယ်။ အလုပ်သမားတွေကလည်း ရတဲ့ လစာက မလောက် တော့ ချေးရတာတွေ ရှိတယ်။ ချေးငွေယူထားတဲ့သူတွေရဲ့ လကုန်တာနဲ့ တခါတည်း ဖြတ်ယူလိုက်တယ်။ HR တဖွဲလုံးက ပါနေတာ။.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Ethical Trading Initiative (ETI) ရဲ့ အခြေခံကျင့်ဝတ်စည်းကမ်း (Base Code) မှာ အလုပ်သမားတွေကို အကြွေးနဲ့ ချည်နှောင်ထားတဲ့ လုပ်အား (bonded labour) ကို တင်းကြပ်စွာ တားမြစ်ထားပါတယ်။ ETIကတော့ ကုမ္ပဏီတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေ ပူးပေါင်းပြီး ကမ္ဘာတစ်ဝန်းက ကုန်ပစ္စည်းထုတ်လုပ်ရေး ကွင်းဆက်တွေ (supply chains) မှာ အလုပ်သမားအခွင့်အရေးတွေကို လေးစားလိုက်နာအောင် ဆောင်ရွက်နေတဲ့ မဟာမိတ်အဖွဲ့ ဖြစ်ပါတယ်။
 
“HR တွေက အဝတ်တွေရောင်းတယ်။ ငွေတွေ ချေးတယ်။ လစာထည့်ပေးတဲ့ ဘဏ်ကတ်တွေကို သိမ်းယူထားတယ်။ လစာထုတ်ရင် ချေးငွေဖြတ်ယူပြီးမှ ပိုတာ ပြန်ရတာ။ စက်ရုံမန်နေဂျာနဲ့ ပေါင်းပြီးလုပ်နေကြတယ်။ “ လို့ အလုပ်သမားတွေက ပြောာပါတယ်။
 
EC စာချုပ်မှာ မပါတဲ့ တဘက်သတ် စည်းကမ်းတွေ ထုတ််ပြန်တာတွေ ပြုလုပ်ပြီး အဲ့ဒီစည်းကမ်းတွေကို စက်ရုံတာဝန်ရှိသူတွေကို ကိုယ်တိုင် ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
 
“စက်ရုံထဲမှာWCC ကိုယ်တိုင် အရက်သောက်တယ်၊ ရမ်းကားတယ်။ ဒါလည်း ထိထိရောက်ရောက် အရေးမယူ ခဲ့ဘူး။ အလုပ်သမားတွေ ခေါင်းပေါင်းမပေါင်းတာတို့ ဘာတို့ဆိုတာတောင် ဝိမ်တိန်ထိုးခိုင်း၊ ရုံးခန်းထဲ ခေါ်ပြောတော့တာ၊ ဒီထက်ဆိုတားတာ WCC ကို သက်သေထားပြီး HR တွေက ဝိမ်တိန်ထိုးခိုင်းတော့တာပဲ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
GTIG Easter Garment စက်ရုံက ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန် မှာ ရှိပြီး ပိုလန်နိုင်ငံအခြေစိုက် Sinsay အုပ်စု အထည်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ GTIG Easter Garment က GTIG U&G ၊ GTIG Guo Hua Glory ၊ GTIG Hua Sheng ၊ GTIG HUBO အထည်ချုပ်စက်ရုံတွေနဲ့ လိပ်စာတူ ဖြစ်ပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026