NEWS

GTIG Eastar Co.Ltd (ကော်ထိုက်မြန်မာ) စက်ရုံမှာ အကြောင်းမကြားဘဲ ဝန်ထမ်းရာနှင်ချီ အလုပ်ဖြုတ်

CoverLogo
2.1K Views

၂၀၂၁ ခုနှစ် မတ်လထဲမှာ မီးလောင်ခဲ့တဲ့ GTIGEastarCo.Ltd (ကော်ထိုက်မြန်မာ) စက်ရုံ က စက်ရုံ ပြန်ဖွင့် ချိန်ကို စာထုတ်ခဲ့ပေမယ့် ဝန်ထမ်းဟောင်းတွေကို အကြောင်းမကြားပဲ အလုပ်က ထုတ်ပယ် လိုက်တဲ့အတွက် စက်ရုံက ရာနဲ့ချီတဲ့ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေဟာ အလုပ် ပြန်လည်မရရှိ​တော့ဘဲ  အခက်တွေ့နေ ကြတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

GTIGEastarCo.Ltd (ကော်ထိုက်မြန်မာ) စက်ရုံကတော့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်အမှတ် ၃ထဲမှာ အထည်ချုပ်လုပ်ငန်းကို လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံတစ်ရုံ ဖြစ်တယ်လို့ သိရပါတယ်။

"လူဟောင်းတွေကို သက်သက်မလာအောင် စက်ရုံဘက်က လုပ်တာ။ သူတို့က ဒီအချိန်မှာ လူသစ်ပဲ လိုချင် တာလေ ။ နီးစပ်ရာတွေကတော့ သွားလုပ်ပြီး၊ ခုထွက်တဲ့ သူကလဲထွက်ကုန်ပြီ။ ကျမအပါအဝင် သူတို့ အလုပ် ထုတ် စာထုတ်တဲ့သူတွေက ရာနဲ့ချီရှိပြီးရှိတယ်" လို့ စက်ရုံ လုပ်သားတဦးက MLN ကို ပြောပါတယ်။

မီးလောင်ပြီး နောက်ပိုင်း (ကော်ထိုက်မြန်မာ)  စက်ရုံကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ပြန်ဖွင့်ခဲ့တာဖြစ်ပြီး စက်ရုံလုပ်သားတွေကို ၃ ရက်အတွင်း အလုပ်ပြန်ဆင်းဖို့ စက်ရုံဘက်က စာထုတ်ခဲ့ပေမယ့် သေချာ ပြန်လည် ခေါ်ယူတာ ၊ စက်ရုံ ဖွင့်ချိ န်ကို အကြောင်းမကြားတာ အစတဲ့ အချက်တွေကြောင့် စက်ရုံဝန်ထမ်းတွေ အလုပ်ခွင် ကို ပြန်လာဖို့ အခက်အခဲ ဖြစ်ခဲ့ရတာလို့ အလုပ်သမားတွေ ဘက်က ပြောပါတယ်။

"တရားဝင်လည်း အကြောင်းမကြားဘူး။ ၃ရက် လည်းပြည့်ရော မလာဘူးဆိုပြီး ဖြုတ်ပစ်လိုက်တာပဲ။ ကျမ ဆို  စက်ရုံမီးလောင်တဲ့ နေ့အထိ အလုပ်ဆင်းပေးခဲ့တာ" လို့ (ကော်ထိုက်မြန်မာ) စက်ရုံအလုပ်သမားဟောင်း တစ်ဦး က ပြောပါတယ်။

စက်ရုံ ဘက်က အလုပ်ပြန်မဝင်တဲ့ ဝန်ထမ်းဟောင်းတွေကို ၂၀၂၁ ခုနှစ် အောက်တို ဘာ မှာပဲ အလုပ်က ထုတ်ပယ် တယ်ဆိုပြီး ကြေညာခဲ့တာပါ။

စက်ရုံဘက်က အခုလို ဆောင်ရွက်တာဟာ ဝန်ထမ်းဟောင်းတွေကို ပြန်ခေါ် ပါက စက်ရုံပိတ်သိမ်းစဥ် ကာလ ပေးရမယ့် နစ်နာကြေးကို ပေးရမှာ ဖြစ်တဲ့ အတွက် အခုလို ဖြုတ်ပစ်တာလို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

"ခုဟာက အလုပ်သမားတွေဘက်က ရပ်တည်ပေးမယ့်သူ မရှိတော့ဘူးဆိုတာသိလို့ စက်ရုံဘက်က ဒီလို လုပ်တာ။ နစ်နာကြေးလဲမရဘူး။ ပိတ်တုန်းကတော့ လစာထုတ်ပေးတာပဲရှိတာ။ ကျမတို့မှာ မှီခိုနေတဲ့ မိသားစု တွေ အများကြီး ဒုက္ခရောက်ရတယ်" လို့ (ကော်ထိုက်မြန်မာ) စက်ရုံက အလုပ်ထုတ်ပယ်ခံထားရတဲ့ အလုပ်သမား တစ်ဦးက ပြောပါတယ်။

လက်ရှိ GTIGEastarCo.Ltd (ကော်ထိုက်မြန်မာ) အထည်ချုပ်စက်ရုံ မှာ အလုပ်ဆင်းနေတဲ့ အလုပ်သမား ဝန်ထမ်းဟောင်းတွေကိုလည်း စက်ရုံဘက်က ပိတ်သိမ်းစဥ်ကာလအတွက် ပေးချေရမယ့် နစ်နာကြေး မပေးသေးဘူးလို့လည်း  Myanmar Labour News ကို ပြောပါတယ်။

GTIGEastarCo.Ltd(ကော်ဟိုက်မြန်မာ) အထည်ချုပ်စက်ရုံက ချုပ်လုပ်တဲ့ အနွေးထည်တွေကို  ကိုရီးယား ၊ဂျပန် အစရှိတဲ့ နိုင်ငံတွေကို တင်ပို့ နေတယ်လို့သိရပါတယ်။

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026