NEWS

GTIG EASTAR ရုံ (3) အလုပ်သမား ထောင်နှင့်ချီ နစ်နာ

CoverLogo
661 Views
 
ကျွန်မ အကူညီတောင်းချင်လို့ပါရှင့် ။ GTIG EASTAR ရုံ (3)ကပါ ။
အခုအချိန်ထိ စက်ရုံမီးလောင်လို့ ပိတ်ထားတဲ့ ကာလတွေအတွက် ဝန်ထမ်းတွေကို ဘာနစ်နာ ကြေးမှ စက်ရုံသူဌေးက မပေးခဲ့ပါဘူး။
ကျွန်မတို့ရဲ့ စက်ရုံခွဲ Honor စက်ရုံက ဝန်ထမ်းတွေကတော့ နစ်နာကြေး ရသွားပါပြီ။ နောက်ပြီး ဆိုလာမိုလာ (Solamoda) စက်ရုံဆိုလည်း နစ်နာကြေး ရသွားပါပြီ။ စက်ရုံဘက်ကတော့ ကိုယ်ပိုင်အော်ဒါတွေရရင်ပေးပါ့မယ်ဆို ပြီး လိမ်ထားတာ၊ အခုဆိုရင် ကိုယ်ပိုင်အော်ဒါတွေ အများကြီးရနေပေမဲ့ ၊ အခုချိန်ထိ ဘာမှမရခဲ့ပါဘူး။
 
မီးလောင်လို့ ပိတ်သိမ်းထားတဲ့လတွေမှာ ဝန်ထမ်းတွေ ဘာကူညီမှ ဘာမှမရခဲ့ပါဘူး။ အရင်တုန်းက နစ်နာကြေးတွေ တောင်းဖို့ စက်ရုံဝန်းထမ်းတွေက ကြိုးစားကြပါတယ်။ စက်ရုံက “အေးဆေးပဲ ပေးစရာမလိုတော့ဘူး” လို့ပြောတယ်။ တခြား စက်ရုံတွေ နစ်နာကြေးပေးရင် စက်ရုကလည်း ပေးမယ် ပြောပါတယ်။ သူများ စက်ရုံတွေက နစ်နာကြေးပေးလို့ ဝန်ထမ်းတွေလည်း ရပြီးပါပြီ။
စက်ရုံကပြောတာက မီးလောင်ပြီး သုံးလလောက်ကြာသွားရင်၊ ဥပဒေအရ မပေးရတော့ဘူးလို့ ပြောပါတယ်။ ကျွန်မတို့မှာ အဲ့ဒီအချိန်ထဲက ဒုက္ခတွေရောက်ခဲ့ရတာ အခုအထိပါပဲ။
 
အခုဆိုရင် စက်ရုံမှာ ကိုယ်ပိုင်အော်ဒါ Lpp ဆိုလည်း 2024 တနှစ်စာလုံးအတွက် ရှိပါတယ်။ OVS ဆိုလည်း အလားတူ ပါပဲ။
အဲလို စက်ရုံမှာ အော်ဒါတွေရှိနေပါတယ်။ ကုန်အမှတ်တံဆိပ် (Brands) တွေဆီကလည်း အကူအညီမရပါဘူး။ အပြင်အဖွဲ့စည်းတွေဆီကလည်း အကူအညီ မရလို့ ပါရှင့် ။
 
ဆိုလာမိုလာ (Solamoda) ကတော့ နေပြည်တော်ကိုတိုင်လိုက်တာ နောက်ဆုံး ပိတ်လစာ နဲ့ မီးမလောင် မှီကရတဲ့ လစာအတိုင်း မီးလောင်ခဲ့တဲ့ လတွေအတွက် အားလုံ ကိုရတယ်လို့ သိရပါတယ်။ စိုလာမိုလာ (Solamoda) က ကျွန်မတို့စက်ရုံတို့က တနေ့တည်း မီးလောင်ခဲ့တာပါ။
အဲဒီက ဝန်ထမ်းတွေ ရှေ့လက အကုန်လုံးရသွားကြပါပြီ။
အလုပ်သမားတွေ နစ်နစ်မှုများလို့ ကူညီပါရှင့် ။
 
(မှတ်စု- GTIG EASTAR ရ (3) စက်ရုံမှာ တရုတ်လူမျိုးပိုင်စက်ရုံဖြစ်ပြီး TESCO Brand သားရေ အနွေးထည် တွေအပါအဝင် OVS, KIABI, C&A, TESCO, ZARA, House  F&F Brand စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်ခဲ့တဲ့ စက်ရုံဖြစ်ပါတယ်။
၂၀၂၁ခုနှစ်မတ်လအတွင်း စက်ရုံမီးလောင်မှု့ဖြစ်ပြီးနောက် ၇လအကြာ စက်ရုံပိတ်ထားခဲ့ပါတယ်။ စက်ရုံပိုင်ရှင်က ဝန်ထမ်း အလုပ်သမားတွေအပေါ် စက်ရုံ ပိတ်သိမ်းတဲ့ကာလအတွက် နစ်နာကြေး မပေးပဲ ငြင်းဆန်နေတာဖြစ်ပါတယ်။ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်မှာ ရှိတဲ့ GTIG-EASTAR အထည်ချုပ််စက်ရုံမှာ အလုပ်သမား ၂၀၀၀ နီးပါးရှိတာကြောင့် နစ်နာမှု များပြားပါတယ်။
 
စက်ရုံ မီးလောင်ပြီးနောက် ၇ လနီးပါးကြာ စက်ရုံက အလုပ်သမားတွေကို ပြန်လည်ခေါ်ယူပြီး၊ အလုပ်ဝင်ဖို့ အချိန် ၃ ရက်သာ ပေးခဲ့လို့ နယ်အဝေးက အလုပ်သမားတွေမှာ နိုင်ငံရေးခြေအနေကြောင့် ပြန်လာဖို့ ခက်ခဲတဲ့ အခြေအနေကြောင့် အများစုအလုပ်ပြုတ် ခဲ့ရတယ်လို့ Myanmar Labour News ရဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။ )

Related posts

Cover
Yangon Oscar စက်ရုံ EC ချုပ်မပေး၊ အလုပ်သမားများ နစ်နာနေ
Jan 08, 2026
Cover
Myanmar Ju Chuan စက်ရုံ လုပ်သက်ခွင့်ကို ချိုးဖောက်
Jan 08, 2026
Cover
Yangon Wan Ping Garment တွင် ဆန္ဒမပါဘဲ အချိန်ပိုဆင်းနေရ
Jan 08, 2026
Cover
Xing Yuan စက်ရုံသည် အလုပ်သမားများ ပေးစာ
Jan 08, 2026
Cover
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း
Dec 25, 2025
Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025