NEWS

GTIG 2 အလုပ်သမားများ လုပ်ငန်းခွင်ပြန်ဝင်ရန် ဖိအားပေးခံရ

CoverLogo
547 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ GTIG Guohua Glory အထည်ချုပ်စက်ရုံမှ စက်ရုံဝန်ထမ်း တစ်ထောင်ကျော်က မေ ၂၃ ရက်နေ့က စပြီး အခြေခံလစာ day ကြေး(၁၃,၀၀၀)ကျပ်၊ အချိန်ပိုကြေး(၃,၀၀၀)ကျပ်နှင့် မီးအပူခံကြေး (၆၀,၀၀၀)ကျပ်တိုးမြှင့်ပေးရန် လုပ်ငန်းရပ်တန့် တောင်းဆိုခဲ့ကြပါတယ်။
 
ထိုသို့တောင်းဆိုရာ မေ ၂၄ ရက်က စက်ရုံကို စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ/ ခုံသမာဓိ အဖွဲ့ဝင် လုပ်ငန်းရှင်ကိုယ်စားလှယ် ဦးစိုးလွင် ဆိုသူ လာရောက်ပြီး စက်ရုံဘက်မှ အခြေခံလုပ်ခလစာ (၁၀,၅၀၀) ကျပ်သာပေးမည်ဖြစ်ကြောင်း (၁၃,၀၀၀)ကျပ်ပေးရပါက အချိန်ပိုမခေါ်တော့ကြောင်း စက်ရုံဘက်မှပြန်လည်ထုတ်ပြန်လာတာပါ။
 
ထုတ်ပြန်ချက်အရ စက်ရုံဝန်ထမ်းတွေအနေဖြင့် မိမိတို့ လုပ်ငန်းများအား ရပ်တန့်ကာ ထုတ်လုပ်မှု့ ပမာဏ မရှိတော့သည် အလုပ်ချိန်နှင့် နေ့ရက်များအတွက် လုပ်ခလစာများအား ဥပဒေနှင့်အညီ ဖြတ်တောက်သွားမယ်လို့ ဆိုထားပါတယ်။
 
ထို့အပြင် လုပ်ငန်းလည်ပတ်နေသည့် အခြေအနေမူတည်၍ အချိန်ပိုခေါ်ယူမည့် ကိစ္စအား ပြန်လည်ကြေငြာပေးမည်ဖြစ်ကြောင်း ဖယ်ရီကားများအား အလုပ်ချိန်ပြီးဆုံးကြောင်းကြေငြာသည့် အချိန်တွင်သာ အသုံးပြုရမည်ဖြစ်ကြောင်း ကြေငြာစာတွင်ပါရှိပါတယ်။
 
"အရင်နေ့တွေက စက်ရုံထဲဝင် လက်မှတ်ထိုးပြီးမှ ထမင်းစား ဆောင်မှာ ဆန္ဒပြကြတာ အခုမနက် စက်ရုံရောက်ကြတော့ လက်မှတ် ထိုးလို့မရ အောင်တံခါးကိုအဲ့လိုပိတ်ထားတာ " လို့ အလုပ်သမားနဲ့နီးစပ်သူကပြောပါတယ်။
GTIG Guohua Glory ဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ONLY, Bestseller စတဲ့ နိုင်ငံတကာအမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာပါ။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026