NEWS

GTIG စက်ရုံ အလုပ်ပြန်လည်ခန့်ထားရေး သဘောတူချုပ် ချုပ်ဆိုရန် ငြင်းဆန်

CoverLogo
1.2K Views

ဝါးတရာစက်မှူဇုန်မှာ အထည်ချုပ်စက်ရုံဖွင့်လှစ်ထားတဲ့ GTIG စက်ရုံ ပိတ်သိမ်းပြီး လျော်ကြေးပေးခဲ့ပေမဲ့ စက်ရုံပြန်လည် ဖွင့်လှစ်ပါက အလုပ်သမားတွေကို ပြန်လည်ခန့်ထားဖို့အတွက် စာချုပ်ချုပ်ဆိုပေးဖို့ တောင်းဆိုတာကိုတော့ ငြင်းဆန်ခဲ့တယ်လို့ စက်ရုံအလုပ်သမား တွေက ပြောဆိုပါတယ်။

“အလုပ်သမားတွေဘက် စက်ရုံပိတ်သိမ်းခွင့်ရတာ တရားဝင်လား၊ နောက် စက်ရုံပြန်ဖွင့်ရင် မူလ အလုပ်သမားတွေကို ပြန်လည်ခန့်ထားဖို့ သဘောတူတယ်ဆိုတာကို စာချုပ် ချုပ်ဖို့ တောင်းဆိုတာ၊ ဒါပေမဲ့ စက်ရုံက ငြင်းဆန်ခဲ့တာပါ” လို့ GTIG စက်ရုံ အလုပ်သမား တစ်ဦးက ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ဝါးတရာစက်မှူဇုန်ထဲက GTIGနဲ့ Gysan စက်ရုံ နှစ်ရုံပိတ်သိမ်းခဲတာဖြစ်ပြီး Gysan ကတော့ စက်ရုံပြန်လည်ဖွင့်လှစ်ပါက မူလ အလုပ် လုပ်ကိုင်သူတွေကို ပြန်လည်ခန့်ထားဖို့ စက်ရုံနဲ့ အလုပ်သမားတွေကြား သဘောတူ စာချုပ် ချုပ်နိုင်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“Gysan စက်ရုံကတော့ တကယ် ပိတ်တာ ဖြစ်ပါလိမ့်မယ် ၊ ဒါကြောင့်လည်း စာချုပ်တွေချုပ်ပေးတာ။ GTIG ကတော့ ပိတ်သိမ်းလည်း တင်မထားဘူး၊ စာချုပ်လည်း ချုပ်မပေးဘူး။ သိရသလောက်တော့ ပိတ်သိမ်းလည်း မတင်ဘူး၊ စက်ရုံကလည်း ၅ လပိုင်းမှာ ပြန်ဖွင့်မှာလို့ သိထားတယ်” လို့ GTIG အလုပ်သမား တစ်ဦး က ပြောပါတယ်။

စက်ရုံပိတ်သိမ်းခွင့်မရဘဲ အလုပ်သမားတွေကို အလုပ်ရပ်ဆိုင်းတာ မလုပ်ဖို့ နဲ့ စက်ရုံပြန်လည်ဖွင့်လှစ်ပါက အလုပ်သမားတွေကို အလုပ်ပြန်လည်ခန့်ထားဖို့အတွက် စာချုပ်ချုပ်ဖို့ကို GTIG အလုပ်သမားသမဂ္ဂ က တောင်းဆိုခဲ့တာလို့ သမဂ္ဂအဖွဲ့ဝင်က ပြောပါတယ်။

“တောင်ဆိုမှုတွေကို စက်ရုံဘက်ကလည်း လက်မခံဘူး၊ Brand (ချုပ်လုပ်တဲ့ အမှတ်တဆိပ်) ဘက်လည်း လက်မခံဘူး၊ ဒါက ဘာကို ပြတာလည်းဆို ရင် Brand နဲ့ စက်ရုံ ပေါင်းပြီး သမဂ္ဂကိုဖြိုခွဲဖို့ စက်ရုံပိတ်တာလို့ မြင်ပါတယ်” လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူက ပြောပါတယ်။

GTIG စက်ရုံအနေနဲ့ ပိတ်သိမ်းခွင့်မကျထားသလို အမှန်တကယ် ပိတ်သိမ်းတာမဟုတ်ဘဲ သမဂ္ဂကိုဖြိုခွဲဖို့ ရည်ရွယ်ထားတာကြောင့် စက်ရုံပြန်လည်ဖွင့်လှစ်ပါက မူလ အလုပ်သမားတွေကို ပြန်လည်ခန့်ထားပေးဖို့ကို စာချုပ်ချုပ်ဖို့ တောင်းဆိုခဲ့တာလို့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“အလုပ်သမားတွေက ဥပဒေထက် သာလွန်ကောင်းမွန်တဲ့ အရာတွေဆို တောင်းဆိုခွင့်ရှိပါတယ်။ ဦးစီးဌာန တွေကလည်း ဖြေရှင်းပေးရမယ်။ အလုပ်သမားတွေဘက်ကလည်း လိုက်နာပေးရမယ်။ ဒါက အလုပ်ရှင်ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင်တောင်းဆိုတာမဟုတ်သလို ၊ အလုပ်သမားတွေက စက်ရုံပြန်ဖွင့်ဖြစ်ရင် မူလ အလုပ်သမားတွေကို ဦးစားပေးဖို့ပဲ တောင်းဆိုထားတာ” လို့ အလုပ်သမားအရေး ဆောင်ရွက် ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူက ပြောပါတယ်။

စက်ရုံပိတ်သိမ်းလိုပါက သက်ဆိုင်ရာ ဦးစီးဌာနကိုစာတင်ရပြီး ရက်ပေါင်း ၃၀ ကြိုတင် အကြောင်းကြားရမှာ ဖြစ်ကာ အရေးပေါ်အခြေအနမှာ စက်ရုံ ပိတ်သိမ်းလိုပါက ၁၅ ရက် ကြိုတင်အကြောင်းကြားရမယ်လို့ ဥပဒေမှာ သတ်မှတ်ထားပါတယ်။ လက်ရှိ GTIG စက်ရုံကတော့ အမြဲတမ်းအလုပ်သမားတွေကို လျော်ကြေးပေး အလုပ်ထုတ်ထားပေမဲ့ နေ့စားအလုပ်သမားတွေကို ခေါ်ယူစေခိုင်းနေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့အနေနဲ့ အလုပ်သမားသမဂ္ဂကို ဖြိုခွဲတဲ့ စက်ရုံရယ်၊ Brand ရယ် ကန်ပိန်းတွေ ဆက်လုပ်သွား မယ်၊ စောင့်ကြည်တာတွေလည်း လုပ်သွားမယ်” လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း တာဝန်ရှိသူက ပြောပါတယ်။

GTIG စက်ရုံကတော့ ၂၀၁၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲတာဖြစ်ပြီး အလုပ်သမား ၁၃၀၀ နီးပါးနဲ့ Primark brandကို ချုပ်လုပ်နေတဲ့ စက်ရုံလို့ သိရပါတယ်။ GTIGနဲ့ Gysan စက်ရုံတွေ ပိတ်သိမ်းတာကြောင့်လည်း အလုပ်သမား ၂၅၀၀ နီးပါးဟာ အလုပ်အကိုင်အတွက် ထိခိုက်မှုတွေရှိနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ တစ်ဦးက ပြောကြားပါတယ်။

Photo- GTIG စက်ရုံ


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026