NEWS

Grand Forest အထည်ချုပ် လုပ်သားများအား ရုတ်တရက် အလုပ်ရပ်ဆိုင်း

CoverLogo
450 Views

Grand Forest အထည်ချုပ် လုပ်သား ၉၆ ဦးကို စက်ရုံဘက်က အလုပ် ရုတ်တရက် ရပ်ဆိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


နိုဝင်ဘာ ၁ ရက်မှာ လစာထုတ်ပေးမယ်ဆိုပြီး ခေါ်ယူခဲ့ကာ နောက်ရက် အလုပ်မလာဖို့ ပြောဆိုခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ 


“စက်လိုင်း နှစ်လိုင်းက အလုပ်သမား ၉၆ ယောက်ကို အလုပ်ရပ်မယ်၊ နောက်ရက် အလုပ်ဆင်း ဖို့မလိုဘူး ဆိုပြီး လက်မှတ်ကို မထိုးလို့မရဘူးဆိုပြီး အတင်းအကျပ် ထိုးခိုင်းတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။ 


အလုပ်ကနေ ရပ်ဆိုင်းခဲ့တဲ့ အလုပ်သမားတွေက လုပ်သက် ၆ လဝန်းကျင်ရှိကြပြီးကို အလုပ်ရှင်ဘက်က နစ်နာကြေး၊ နို့တစ်ကြေး ၊ လုပ်သက်ခွင့် စတဲ့ ရပိုင်ခွင့်တွေ ထည့်မပေးဘဲ လစာသီးသန့်ပေးပြီး လက်မှတ် ထိုးခိုင်းခဲ့တာလို့  အလုပ်သမားတွေက ပြောပါတယ်။ 


ဒီလို ရုတ်တရက် အလုပ်ရပ်ဆိုင်းမှု မပြုလုပ်မီ အောက်တိုဘာ ၃၁ ရက်မှာ အလုပ်သမားတွေကို ဂရိတ်ကြေးလျှော့ချမယ်လို့ စက်ရုံဘက်က ပြောဆိုခဲ့လို့ WCC အဖွဲ့ဝင်တွေနဲ့ အလုပ်သမားတွေ စုပေါင်းပြီး မြို့နယ်အလုပ်သမားရုံးကို သွားရောက်တိုင်ကြားခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


“သွားတိုင်တော့ ရှင်းပေးမယ်ပဲ ပြောခဲ့တာ၊ အခုက အလုပ် ၃ ရက်ပိတ်ပြီ၊ စက်ရုံကလည်း အလုပ်ထုတ်ပြီ ဘယ်လို ဖြေရှင်းကြမလဲ ။ အလုပ်သမားရုံးက လူကြီးတွေက အလွယ်တကူပြောလိုက်တာ။ အခု ညီမတို့ ဒုက္ခရောက်နေပြီ” လို့ အလုပ်သမားတွေက ပြောပါတယ်။ 


စက်ရုံဘက်က အခုလို ရုတ်တရက် လုပ်ဆိုင်းခဲ့တာက ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ အလုပ်သမား ၇၀ ကို အလုပ်ကနေ ထုတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


“အခုတကြိမ်က ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်တွေကို စက်ရုံအတွင်း ဖြစ်ပျက်နေတာတွေကို အမှန်တိုင်းပြောလို့ ဆိုပြီး၊ အခုလို အလုပ်ကနေ ရပ်လိုက်တာ” လို့ ပြောပါတယ်။ 
လုပ်ငန်းအတွင်း ဖိအားပေး သတိပေးလက်မှတ်ထိုးခိုင်းတာ၊ အိုတီကြေး အပြည့်မပေးတာ၊ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်နဲ့ လွတ်လပ်စွာပြောဆိုခွင့်မရ၊ ဆန္ဒမပါဘဲ အချိန်ပို အတင်းအကျပ် ဆင်းခိုင်းတာ၊အချိန်ခေါ်ရာမှာ ခေါင်းဆောင်တွေနဲ့ WCC အဖွဲ့ဝင်တွေ မသိရတာ၊ စံချိန်အတင်းအကျပ်တောင်းတာ၊ စက်ရုံအတွင်း လေဝင်လေထွက်မကောင်းတာ၊ ဆေးဝါးလုံလောက်စွာမရှိတာ၊ လုပ်ငန်းခွင် မလုံခြုံတာတွေ ရှိနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 


Grand Forest International Apparel အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွာသာကြီးစက်မှုဇုန်၊ ဆရာစံလမ်းနဲ့ ဆင်ဖြူလမ်းထောင့် မှာရှိပြီး အလုပ်သမား ၁,၂၀၀ ဝန်းကျင်လုပ်ကိုင် တရုတ်နိုင်ငံသား ပိုင် စက်ရုံလို့ သိရပါတယ်။ 


Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026