NEWS

Golden Spirit Trading Co.,LTD အရောင်းဝန်ထမ်းများ အခြေခံလစာ ဖြတ်တောက်ခံနေရ

CoverLogo
1.9K Views

တရားဥပဒေ စိုးမိုးမှုနည်းတာကို အခွင့်ကောင်းယူပြီး (Global Pharma)  Golden Spirit Trading Co.,LTD က အရောင်းဝန်ထမ်းတွေရဲ့ လစာတွေကို ဖြတ်ထောက်တာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမား တွေထံကသိရပါတယ်။

အဲ့ဒီကုမ္ပဏီက နိုင်ငံခြားက ဆေးတင်သွင်းပြီး မြန်မာပြည်တွင်းကို ပြန်လည်ရောင်းချနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တယ်လို့လည်း ကုမ္ပဏီအချက်အလက်တွေအရ သိရပါတယ်။

ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ နယ်ဝန်ထမ်း အပါအဝင် အရောင်း ဝန််ထမ်းပေါင်း ၁၀၀ နီးပါးရှိပြီး ရန်ကုန်မြို့ တစ်မြို့တည်းမှာ ၅၀ နီးပါရှိတယ်လို့ အရောင်း ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

Golden Spirit Trading Co.,LTD က အရောင်းဝန်ထမ်းတွေကို မဖြစ်နိုင်တဲ့ ရောင်းချရမယ့် အရေအတွက် (target) ကို သတ်မှတ်ပြီး လိုက်လံရောင်းချစေခဲ့တယ်လို့ အဲ့ဒီ အရောင်းဝန်ထမ်း တစ်ဦးက ပြောပြပါတယ်။

“ အဲဒီ သတ်မှတ်အရောင်းမပြည့်ရင် လစာကနေ ၁၀ ရာခိုင်နှုန်းဖြတ်တယ်၊ လစာနည်းတဲ့သူတွေကို ကျပ် ၁၀၀၀၀ ဖြတ်ပါတယ်” လို့ အမည်မဖော်လို့တဲ့  အရောင်းဝန်ထမ်း  တစ်ဦးက Myanmar Labour News ကို ပြောပါတယ်။

ကုမ္ပဏီဘက်က ဆေးပစ္စည်းဈေးနှုန်းတွေ မကြာခဏပြောင်းလဲတာကြောင့် အရောင်းသမားတွေနဲ့ ဝယ်ယူသူကြား မကြာခဏ မိတ်ပျက်ရသလို မြို့နယ် တစ်မြို့တည်းမှာ အရောင်းဝန်ထမ်း ၆ ဦးအထိ ထားရှိထားတဲ့ အပြင် ကုမ္ပဏီကလည်း ဖုန်းဆက် ရောင်းချတာတွေကြောင့် အရောင်းသတ်မှတ်ချက် မပြည့်ကြဘူးလို ပြောပြပါတယ်။

“အချိန်မှာမဖြစ်နိုင်တဲ့ Target ပေးပြီး လတိုင်း လစာဖြတ်နေတာပါ။ ကုမ္ပဏီက  စျေးလည်းတင်ရုံသာမကဘဲ ရောင်းသမားက တစ်မြို့နယ်ကို ၆ ယောက်လောက်ရှိတယ်။  ရုံးကဝန်ထမ်းတွေကပါ ဖုန်းဆက် ရောင်းပါတယ်” လို့ ပြောပါတယ်။

အရောင်းသမားတွေသွားလာဖို့ ကားခအနေနဲ့ ၂ ပတ်တစ်ခါ ကားခပေးပေမဲ့လည်း ရုံးနောက်ကျပါက အဲ့ဒီကားခကို ကုမ္ပဏီက ဖြတ်တောက်တယ်လို့လည်း အရောင်းဝန်ထမ်းတွေက ပြောပါတယ်။  

အရောင်းဝန်ထမ်းတွေက လစာအနည်းဆုံး ကျပ် ၁၅၀၀၀၀ ကနေ ကျပ် ၂၀၀၀၀၀ ကြားသာ ရရှိပြီးအခြေခံလစာက လွဲပြီး တခြား အကျိုးခံစားမရှိကြဘူးလို့ လာရောက်ပြောကြားထားပါတယ်။

#MyanmarLabourNews 
#အလုပ်သမားရေးရာပေးစာကဏ္ဍ


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026