NEWS

Golden Propitious အထည်ချုပ် ပိတ်ရက်အပါအဝင် အချိန်ပို အတင်းအကျပ် ခိုင်းစေ

CoverLogo
588 Views
 
Golden Propitious (Myanmar) Co.,Ltd အထည်ချုပ် စက်ရုံက နေ့စဉ် အချိန်ပိုတွေ အပြင် ပိတ်ရက်တွေမှာ ခိုင်းစေ နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် သတိပေးလက်မှတ်ထိုးရမယ်ဆိုပြီး ဖိအားပေး ပြောဆိုတယ်လို့လည်း ပြောပါတယ်။
 
“စက်ရုံက အချိန်ပို အိုတီ တွေ အရမ်းခေါ်တယ် ။ မဆင်းရင် ဂရိတ် မပေးဘူးဆိုပြီး ခြိမ်းခြောက်တယ် ။ တလကို အချိန်ပို နာရီ ၁၀၀ ကျော် အထိ ခေါ်ခိုင်းတာ။ အောစူပါတွေက ပြောတယ်” otစာရွက်နဲ ပိုက်ဆံပေးလိုက်ရင် ရတယ်”တဲ့။ တိုင်ချင်တဲနေရာတိုင်၊ ပိုက်ဆံပေးရင် ရတယ်တဲ့။ စက်ရုံက ည ၉ နာရီခွဲ အထိခေါ်လိုက်၊ အောနိုက်ခေါ်နဲ့။ မနက် နောက်ကျရင် ဝမ်တိန်ထိုးရမယ် ပြောတယ်။ ပိတ်ရက် တွေလည်း အိုတီ ခေါ်တယ်။ မဆင်းတာနဲ့ နောက်နေ့ အဆူခံရတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
တစ်နေ အနည်းဆုံး အချိန်ပိုလုပ်ချိန် အနည်းဆုံး ၃ နာရီကနေ ၅ နာရီအထိ လုပ်ကိုင်ရပြီး အောက်နိုက် လုပ်ကိုင်ရပါက အချိန်ပိုလုပ်ချိန် ၇ နာရီ အထိ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စနေနေ့တွေဆို ညနေ ၆ခွဲ အထိခေါ်တယ်။ အလုပ်သမားဦးစီးမှူးကို ဖုန်းဆက်တိုင်ရင် ၄ခွဲ ပြန်လွတ် တယ်။ တစ်ပတ်ကို အောနိုက် နှစ်ည ၊ သုံးည လုပ်ခိုင်းတယ်။ တနင်္ဂနွေဆို လတိုင်း ၃ ရက် ဆင်း ရတယ်။” လို့ ပြောဆိုပါတယ်။
 
နေ့လယ်စာ စားပြီးကတည်းက ည ၇ နာရီခွဲအထိ နားချိန်မပေးဘဲ တဆက်တည်း လုပ်ကိုင်နေရတယ် လို့လည်း ပြောပါတယ်။ အချိန်ပို ၉ နာရီ ခွဲဆင်းရပါက မုန့်တခု၊ အောနိုက်လုပ်ခိုင်းပါက ကြက်ဥ ထမင်းကြော် ကျွေးမွေးပေမဲ့ စက်ရုံမှာ ဖြစ်သလို အိပ်စက်ရတယ်လို့ အလုပ်သမားတွေက ဆက်ပြော ပါတယ်။
 
“စက်ရုံမှာ တစ်ညလုံး အိပ်ရတယ်။ ဗိုက်ကလည်းဆာ ၊ ခြင်တွေလည်း ကိုက်တယ် ။မနက်ကြတော့ ပြန်ဆင်းတယ်။ အဆင်မပြေလို စက်ရုံအလုပ် လုပ်နေရတာ သူတိုတွေက နှိပ်စက်သလို လုပ်နေကြ တာ။” လို့ ပြောပါတယ်။
လုပ်ငန်းခွင်အတွင်း သုံးရေ၊ စားသောက်ဆောင်တွေမှာ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေ ရှိနေပြီး အထည်စံချိန်တောင်းရမှာလည်း ဆဲဆိုခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အထည်တွေကလဲ အရမ်းတောင်းတယ်။ မရရင် အောစူပါ စူပါတွေက ခေါ် ဆဲတယ်။ အော်တယ်။ အိမ်သာရေတွေက ရေဝါတွေ။ ဘေစင်မှာ လက်ဆေးတာတို့ မျက်နှာသစ်တာတို့လည်း အဆင် မပြေဘူး။ အိပ်သာ ဘေစင်က တစ်ခုပဲ ရေလာတယ်။ အိမ်သာသွားရင် လက်မှတ်ထိုးရတယ်။ ထမင်းစားဆောင်နဲ စက်ရုံ ကူးတဲနေရာမှာလဲ အမိုးမရှိဘူး၊ မိုးရွာတဲအချိန်ဆို မိုးစိုခံရတယ်။ ထမင်းစားတဲ့နေရာက ကျပ်တော့ ပြန်ရင် လျှောက်လမ်းကမရှိတောဘူး။ မိုးမရွာရင် နေပူထဲ ထိုင်စားရတယ်။ ဖယ်ရီကလည်း ပေးထားတာ နည်းတယ်။ ကျပ်ကျပ်တည်းတည်း စီးရတယ်။” လို့ ပြောပါတယ်။
စက်ရုံအတွင်း သက်ဆိုင်ရာက စစ်ဆေးမှုတွေကို ဖြေကြားဖို့ ကြိုတင် သင်ကြားထားလို့ လက်တွေ့ အဖြစ်အပျက်တွေနဲ့ ဖြေကြားမှုတွေက ကွာခြားနေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
Golden Propitious (Myanmar) Co.,Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ၊ မြလမ်းမှာရှိပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ သိရပါတယ်။ အလုပ်သမား ၈၀၀ ဝန်းကျင်ရှိပြီး ဘဲမွှေးဝယ်လွန်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026