NEWS

Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ

CoverLogo
266 Views
 
Golden Maple Leaf Myanmar Co.,Ltd ပိုင် အထည်ချုပ် စက်ရုံ က အလုပ်သမား နှစ်ဦး အလုပ်ချိန်အတွင်း တပြိုင်နက် စစ်မှုထမ်း စုဆောင်းခံရတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။ ရွှေလင်ဗန်းစက်မှုဇုန်နဲ့ ကပ်လျက် အလယ်ရွာမှာ ထမင်းသွားစားစဉ် အခုလို စစ်မှုထမ်းစုဆောင်းခံခဲ့ရတာလို့ သိရပါတယ်။
 
“ ဖေဖော်ဝါရီ ၁၈ ရက်က စက်ရုံညဘက် အချိန်ပိုဆင်းနေတုန်း စစ်မှုထမ်းဖို့ အတင်းခေါ်သွားတာ၊ တာဝန်ချိန် ဆိုတော့ သူတို့သဘောနဲ့သူတို့ မလိုက်သွားပါဘူး။ အလယ်ရွာမှာ ညစာစားဖို့ သွားနေတုန်း ဖြစ်တာ” လို့ IWFM တာဝန်ရှိသူတွေက ပြောပါတယ်။
 
အဲ့ဒီနေ့က စက်ရုံမှာ စက်ပြင်၊ လုံခြုံရေ၊ စက်ချုပ်အလုပ်သမားတွေ အချိန်ပို ဆင်းခဲ့ရတယ်လို့ အလုပ်သမားတဦး က ပြောပါတယ်။ စက်ရုံနဲ့ အလယ်ရွာမှာ အသွားအပြန် နာရီဝက်ဝန်းကျင် သွားရပြီး အဲဒီညက အလုပ်သမား နှစ်ဦးလုံး လုပ်ငန်းခွင်ကို ပြန်မရောက်ခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
" အလုပ်သမားတဦးက လုံခြုံရေးကုမ္ပဏီက စက်ရုံလုံခြုံရေးပေါ့၊ နောက်တယောက်က စက်ပြင် အလုပ်သမား၊ အချိန်ပိုအိုတီ မဆင်း ချင်လို့ အိမ်ပြန်သွားတယ်ပဲ ထင်နေတာ၊ နောက်ရက် စက်ပြင် အလုပ်သမား မိဘတွေ စက်ရုံလိုက်လာမှ စစ်မှုထမ်းပါသွားတာကို သိရပါတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက်က ဝန်ထမ်းအထောက်ထား ထုတ်ပေးထားတာ မရှိလို့ အခုလို အတင်းအကျပ် စုဆောင်းခံ ခဲ့ရတာလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ မိဘတွေလာပြောမှ အလုပ်သမားနှစ်ဦးက ပေါ်တာဆွဲခံရတာ သိရသလို စက်ရုံက လုပ်တယ်။ စက်ရုံက အလုပ်သမားတွေကို ဝန်ထမ်းကဒ်လည်း မပေးဘူး။ အချိန်ပို ခေါ်ခိုင်းဖို့ပဲ သိတာ ၊ အခု စစ်တပ်က ခေါ်သွားတော့ ဘယ်သူက တာဝန်ယူမလဲ။ “ လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
 
လှိုင်သာယာ၊ ရွေပြည်သာ၊ အင်းစိန်မြို့နယ်အတွင်း စက်မှုဇုန်အတွင်း အတင်းအကျပ် စစ်မှုထမ်းစုဆောင်းမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး အချိန်ပိုဆင်းတဲ့ အလုပ်သမားတွေနဲ့ လာကြိုတဲ့ မိသားစုဝင်တွေ စုဆောင်းခံ နေရတာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
 
“အခုက အချိန်ပိုဆင်းတဲ့ အချိန်ကို စောင့်လုပ်နေတာ။ ဝါးတရာမှာ အမျိုးသမီးအလုပ်သမားကို လာကြို့တဲ့ သူ့ယောက်ျားဆို ကားတစီးနဲ့ လူလေးယောက်က ထိုးကြိတ် ရိုက်နှက်ပြီးခေါ်သွားတယ်။ လှိုင်သာယာ ထဲမှာ မနက်အစော အလုပ်သွားတဲ့ တယောက်ကို ပုဆိုးနဲ့ အုပ်ပြီး ကားနဲ့ ခေါ်သွားတယ်။ နောက် သိန်း ၇၀ နဲ့ လိုက်ခေါ် ရွေးခဲ့ရတာ။ တခုခုဆို စက်ရုံဘက်က ဘာမှကို လုပ်မပေးတာ။ ” လို့ ပြောပါတယ်။
 
Golden Maple Leaf Myanmar Co.,Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဆရာစံလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်ပါတယ်။ စက်ရုံမှာ လက်ရှိ အလုပ်သမား ၁၅၀ ကျော်လုပ်ကိုင်နေပြီး Rolywrk,Lvcunv တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။
 

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026