NEWS

Golden Five Myanmar Co.,Ltd စက်ရုံတွင် အချိန်ပိုလုပ်ခမပေးဘဲ ချုပ်ခိုင်း

CoverLogo
465 Views
 
တရုတ်နိုင်ငံသားပိုင် Golden Five Myanmar Co.,Ltd အထည်ချုပ်စက်ရုံမှာ အထည်စံချိန်မပြည့်လို့ ဆိုပြီး အချိန်ပို လုပ်ခမပေးဘဲ ချုပ်လုပ်ခိုင်းနေတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို ပြောပါတယ်။
 
စက်ရုံ အလုပ်ချိန် မနက် ၇ နာရီခွဲက ည ၇ နာရီအထိဖြစ်ပြီး အလုပ်ပိတ်ရက်တွေမှာ လုပ်ခလစာ လျှော့ပေးတာတွေ ပြုလုပ်နေတယ်လို့လည်း ပြောပါတယ်။
 
"ကျွန်မတို့ တစ်ရက်ကို ဒေးကြေးနဲ့ ၁၀၅၀၀ ကျပ် ရပါတယ်။ အလုပ်ပိတ်ရက်မှာ ၉၀၀၀ ပဲ ရှင်းတယ်။ သူတို့တောင်းတဲ့ စံချိန်မပြည့်ရင်လည်း အချိန်ပို (OT) ၂ နာရီကို အလကားဆင်းပေးရပါတယ်။ စံချိန်မရရင် အိုတီမဆင်းပေးရင်လည်း အောစူပါ၊ စူပါတွေက ဆဲတယ်၊ ရိုင်းရိုင်းစိုင်းစိုင်းစွာပြောတယ်” လို့ အလုပ်သမားတစ်ဦးက ဖိနှိပ်ခံရမှုကို ပြောပြပါတယ်။
စက်ရုံမှူးက လုပ်သား ၃၅ ကနေ ၄၀ ရှိ စက်လိုင်းတွေကို ဂျင်းဘောင်းဘီနဲ့ အင်္ကျီတွေကို စံချိန် တစ်နာရီ အထည် ၂၀၀ အထိ တစ်ဖက်သတ် မတရားတောင်းခံနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
တစ်ခါတစ်ရံ စက်လိုင်းတွေ အချိန်ပိုမဆင်းရဘဲ အလုပ်ပြန်လွှတ်ရာမှာ နေရပ်ဝေးတဲ့ အလုပ်သမားတွေကို ကားတစ်စီးသာ စီစဉ်ပေးပြီး ကျန်အလုပ်သမားတွေကတော့ ကိုယ်အစီအစဉ်နဲ့ကိုယ် နေအိမ်ကိုပြန်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
မြန်မာနိုင်ငံ အလုပ်သမားဥပဒေအရ ခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့်နဲ့ ဆေးခွင့်တွေကို စက်ရုံက ခွင့်မပြုဘဲ ပိတ်ပင်ထားတယ် အလုပ်သမားတွေက ပြောပါတယ်။
 
"နေမကောင်းတာဖြစ်စေ၊ အရေးပေါ်ကိစ္စရှိလို့ ဖုန်းဆက်ခွင့်တိုင်ကြားရင်တောင် ခွင့်မပေးပါဘူး။ ခွင့်မပေးလို့ ပျက်ကွက်ရင် ဒေးကြေးနဲ့ ထောက်ပံ့ကြေး ၁၀၅၀၀ ကျပ်အပြင် ရက်မှန်ကြေး ၄၀၀၀၀ ကျပ်ပါ ဖြတ်တောက် ခံရပါတယ်။ စက်ရုံမှာ ၃ လ မပြည့်မချင်း ဆေးခွင့်၊ ရှောင်တခင်ခွင့် ယူမရဘူး လို့ ပြောထားပါတယ်" လို့ အလုပ်သမားတဦးက ပြောပါတယ်။
စက်ရုံအတွင်း အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် (EC စာချုပ်) ကို ချုပ်ဆိုပြီးတဲ့ အလုပ်သမားတွေ ရှိသလို အလုပ်သမားတွေကို စာချုပ် မူရင်းတစ်စောင် မပေးဘူးလို့ ပြောဆိုထားပါတယ်။ နေ့စားအလုပ်သမား အများအပြားကို ခိုင်းစေပြီး ၃ လ ပြည့်တဲ့ အခါမှာလည်း အတည်ပြုဝန်ထမ်းအဖြစ် ခန့်အပ်တာမရှိဘူလို့ သိရပါတယ်။
 
"လုပ်ငန်းခွင်ထဲမှာ ဖိနှိပ်မှုတွေ၊ မတရားခိုင်းစေမှုတွေရှိနေလို့ အလုပ်သမားမမြဲတာပါ" လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
 
လုပ်ငန်းခွင်သုံး အိမ်သာတွေမျာ မနက်ပိုင်း ရေမလာလို့ ကျန်းမာရေးအရ အဆင်မပြေဖြစ်တယ်လို့ လုပ်ငန်းခွင် အခြေအနေတွေကို အလုပ်သမားတဦးက ပြောပါတယ်။
 
တရုတ်နိုင်ငံသားပိုင် Golden Five Myanmar Co.,Ltd အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၆၀၀ ကျော်ရှိပါတယ်။ စက်ရုံကတော့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြကျွန်းသာလမ်းမှာရှိ ပြီး လက်ရှိ CLIQU အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026