NEWS

Golden Five Myanmar အထည်ချုပ် လုပ်သား ၃၀၀ ကျော် တောင်းဆိုမှု ပြုလုပ်နေ

CoverLogo
439 Views
 
Golden Five Myanmar Co.,Ltd ပိုင် အထည်ချုပ် စက်ရုံလုပ်သားတွေက လုပ်ခလစာ တန်းတူပေးဖို့ အပါအဝင် လုပ်ခလစားတိုးမြှင့်ပေးဖို့ တောင်းဆိုနေတာ ၆ ရက်ကြာမြှင့်နေပြီလို့ အလုပ်သမားတွေဆီက သိရပါတယ်။
 
“ စပြီးတောင်းဆိုတာ ၇ ရက်နေ့ကတည်းက။ စက်ရုံရဲ့ စက်ချုပ်မဟုတ်တဲ့ အခြားဌာနက အလုပ်သမားတွေ တောင်းဆိုနေတာပါ။ လုပ်ခလစာ ခွဲခြားခံနေရတယ်။ နောက်လုပ်ခနည်းပြီးလည်း ရတယ်။ အလုပ်ပိတ်ရက်တွေမှာ ဒေးကြေးတွေ လျှော့ပြီး ပေးနေတာ.” လို့ အမျိုးသမီးအလုပ်သမားတဦးက ပြောပါတယ်။
 
စတင်တောင်းဆိုစဉ်က အလုပ်သမား ၄၀၀ ကျော်ပါဝင်ခဲ့ပေမဲ့ လက်ရှိ အလုပ်သမား ၃၀၀ ကျော်က တောင်းဆိုမှုတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။
 
ညှိနှိုင်းမှုတွေကို ပြီးခဲ့တဲ့ စနေနေ့က ပြုလုပ်ခဲ့ပေမဲ့ ရလဒ်တွေကို အလုပ်သမားတွေဘက်က လက်မခံခဲ့ဘူးလို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“ရလဒ် ထွက်တယ်လို့ ပြောတယ်။ ဒါတွေကို အတိအကျမသိရဘူး။ ညီမတို့ဆီကလည်း သဘောတူတာ မရှိသေးဘူး၊ အခုတော့ တောင်းဆိုနေဆဲပါ ။” လို့ ပြောပါတယ်။
 
အလုပ်သမာတွေက ဒေးကြေး ၁၁၅၀၀ ကနေ ၁၂၀၀၀ တိုးပေးဖို့၊ အလုပ်ပိတ်တွေမှာ သတ်မှတ် ဒေကြေးအတိုင်းပေးဖို့ ၊ ကျွမ်းကျင်ကြေး ကျပ် နှစ်သောင်းစီ တိုးပေးဖို့၊ ကျွမ်းကျင်ကြေး တိတိကျကျ သတ်မှတ်ပေးဖို့ ၊ အခြားဌာနက အလုပ်သမားတွေကိုလည်း တန်းတူ ဒေးကြေးပေးဖို့၊ အချိန်ပိုကြေးမပေးဘဲ အလုပ်မဆင်းခိုင်းဖို့နဲ့ ဖယ်ရီကား စီစဉ်ပေးဖို့၊ အလုပ်သမားတွေအတွက် ထမင်းစားဆောင် လုံလောက်အောင် စီစဉ်ပေးဖို့ တွေကို တောင်းဆိုထားတာပါ။
လက်ရှိ ဦးဆောင်သူ အလုပ်သမားတွေ၊ စက်ရုံ WCC အဖွဲ့၊ အလုပ်ရှင်၊ အလုပ်သမားဦးစီးဌာနက အရာရှိတွေ ညှိနှိုင်းနေကြပေမဲ့ ပြေလည်မှုမရသေးတာလို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
Golden Five Myanmar Co.,Ltd စက်ရုံက လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင် စက်မှုဇုန်၊ မြကျွန်သာလမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေပြီး အလုပ်သမား ၆၀၀ ကျော် လုပ်ကိုင်နေပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင် ဆိုင်ပြီး Workman Colors တံဆိပ်ကို လက်ရှိချုပ်လုပ်နေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026