NEWS

Golden Five Myanmar အထည်ချုပ် လုပ်သားများ တောင်းဆိုမှု ပြီးဆုံး

CoverLogo
358 Views
 
တောင်းမှုတွေ ဖြစ်ပွားခဲ့တဲ့ Golden Five Myanmar Co.,Ltd ပိုင် အထည်ချုပ် မှာ အလုပ်သမားတွေ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်နေပြီးလို့ သိရပါတယ်။ စက်ရုံလုပ်သားတွေက လုပ်ခလစာ တန်းတူပေးဖို အပါအဝင် လုပ်ခလစားတိုးမြှင့်ပေးဖိုကို ဇန်နဝါရီ ၇ ရက်ကတည်းက တောင်းဆိုခဲ့တာပြီး ဇန်နဝါရီ ၁၂ ရက်မှာ ပြီးဆုံးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စပြီးတောင်းဆိုတာ ၇ ရက်နေ့ကတည်းက။ ၆ ရက်လောက်ကြာခဲ့တယ်။ အဓိက အကူလုပ်သားတွေ၊ အခြားဌာနက အလုပ်သမားတွေကို တန်းတူ ဒေးကြေးပေးဖို့ပါ။ ဒါကတော့ မရခဲ့ဘူး.” လို့ အလုပ်သမားတဦးက ပြောပါတယ်။
စတင်တောင်းဆိုစဉ်က အလုပ်သမား ၄၀၀ ကျော်ပါဝင်ခဲ့ပေမဲ့ လက်ရှိ အလုပ်သမား ၃၀၀ ကျော်က တောင်းဆိုမှုတွေ ဆက်လုပ်နေတယ်လို သိရပါတယ်။ ညှိနှိင်းမှုတွေကို ပြီးခဲ့တဲ့ စနေနေ့က ပြုလုပ်ခဲ့ပေမဲ့ ရလဒ်တွေကို အလုပ်သမားတွေဘက်က လက်မခံခဲ့ဘူးလို အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်သမာတွေက ဒေးကြေး ၁၁၅၀၀ ကနေ ၁၂၀၀၀ တိုးပေးဖို၊ အလုပ်ပိတ်တွေမှာ သတ်မှတ် ဒေကြေးအတိုင်းပေးဖို ၊ ကျွမ်းကျင်ကြေး ကျပ် နှစ်သောင်းစီ တိုးပေးဖို၊ ကျွမ်းကျင်ကြေး တိတိကျကျ သတ်မှတ်ပေးဖို ၊ အခြားဌာနက အလုပ်သမားတွေကိုလည်း တန်းတူ ဒေးကြေးပေးဖို၊ အချိန်ပိုကြေးမပေးဘဲ အလုပ်မဆင်းခိုင်းဖိုနဲ့ ဖယ်ရီကား စီစဉ်ပေးဖို၊ အလုပ်သမားတွေအတွက် ထမင်းစားဆောင် လုံလောက်အောင် စီစဉ်ပေးဖို တွေကို တောင်းဆိုထားတာပါ။
 
ဦးဆောင်သူ အလုပ်သမားတွေ၊ စက်ရုံ WCC အဖွဲ၊ အလုပ်ရှင်၊ အလုပ်သမားဦးစီးဌာနက အရာရှိတွေ ဇန်နဝါရီ ၁၀ ရက် စနေနေ့မှာ ညှိနှိုင်းပြီး တောင်းဆိုမှု တချို သဘောတူ လက်မှတ်ထိုး ခဲ့ပေမဲ့ အလုပ်သမားအများစု လက်မခံခဲ့ပါဘူး။
“ရလဒ် ထွက်တာကို လက်မခံနိုင်တာ။ ဒါပေမဲ့ အလုပ်သမား အင်အားလည်း နည်းလာတယ် ။ ဒါနဲ့ လက်ခံလိုက် ရတယ်” လို့ အလုပ်သမားတဦးက ပြောဆိုပါတယ်။
 
တောင်းဆိုမှုပြုလုပ်စဉ် အလုပ်ရှင်ဘက်က ခြိမ်းခြောက်မှု တချို့ ပြုလုပ်ခဲ့ပေမဲ့ ပြဿနာ တစ်စုံတရာ ဖြစ်ပွားတာမရှိခဲ့ဘူးလို့လည်း ပြောပါတယ်။
 
Golden Five Myanmar အထည်ချုပ်စက်ရုံ တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး First Down , Workman Colors စတဲ့ တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ လုပ်သား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေတဲ့ အဲ့ဒီစက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြကျွန်းသာလမ်း မှာ ဖွင့်လှစ်ထားပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026