NEWS

Golden & Five Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား မတရားအလုပ်ထုတ်

CoverLogo
181 Views
 
Golden & Five Myanmar Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက သတိပေးလက်မှတ်ထိုးခိုင်းခွင့်ကို အလွဲသုံးစား လုပ်ပြီး ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ မတရား အလုပ်ထုတ်မှုတွေ ကျူးလွန်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ အောစူပါ၊ စူပါတွေကို အကျိုးအကြောင်း ပြောပြတာကို ပြန်ခံပြောတယ်ဆိုပြီး စက်ရုံက ဝမ်တိန်ထိုးခိုင်းတယ်။ ဝမ်တိန်ထိုးရလို့ ၃ ကြိမ်ပြည့်ပြီ ဆိုတာနဲ့ အလုပ်က တခါတည်း ထုတ်တယ်။ ဒီလထဲကို Cutting က အလုပ်သမား ကို အပြစ်မရှိဘဲ အလုပ်ထုတ်တာကို ဝင်ပြောတဲ့ ယောက်ျားလေးကို မဆိုင်ဘဲဝင်ပြောရမလား ဆိုပြီး ၃ လစာ ပေး အလုပ်ထုတ်လိုက်တယ်။” လို့ ပြောပါတယ်။
 
အပြစ်မရှိဘဲ ဒါမှမဟုတ် အလုပ်သမားအခွင့်အရေးအတွက် မှန်ကန်စွာ ပြောဆိုတာကို အကြောင်းပြ အလုပ်ထုတ် တာက မတရားအလုပ်ထုတ်မှု (Unfair Dismissal) ဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ပြောပါတယ်။
 
ဒါ့အပြင် အလုပ်သမားတွေရဲ့ ရှင်းပြချက်ကို လက်မခံဘဲ ဝမ်းတိန်ထိုးခိုင်းတာတွေ ၊ ဝမ်တိန်လက်မှတ်ကို အကြောင်းပြ အလုပ်ထုတ်တာတွေက လုပ်ပိုင်ခွင့် အလွဲသုံးစားမှု ဖြစ်တယ်လို့လည်း ပြောပါတယ်။ အလုပ်ထုတ်ရာမှာလည်း ခိုင်လုံတဲ့ အကြောင်းပြချက်ရှိဖို့လိုအပ်ပြီး လက်လွတ်စပယ် ထုတ်တာက အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် (EC) စည်းကမ်းချက်တွေကို ချိုးဖောက်တာလို့လည်း ပြောဆိုထားပါတယ်။
 
Golden & Five Myanmar Co.,Ltd စက်ရုံက ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်မှာ ဖွင့်လှစ်ထားပြီး  အသက်မပြည့်တဲ့ ၁၃၊၁၄၊ ၁၅၊ နှစ်အရွယ် နေ့စား အလုပ်သမား ၂၀၀ကျော် အပါအဝင် အလုပ်သမား ၈၀၀ ကျော် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည် အရေအတွက်ကို စံချိန်သတ်မှတ်လို့ အပြည့်ချုပ်ပေးရသလို စံချိန်မပြည့်ပါက အချိန်ပိုတွေ လုပ်ကိုင် ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန်ကို မတရားတောင်းတယ်။ စက်လိုင်းမှာ ၂၀ လောက်ရှိရင် လိုင်းပေါက်အထည် ၈၀ ကျော်တောင်းတာ၊ အထည်မပေးနိုင်ရင် အောလင်း၊ အောနိုက်ဆင်းခိုင်းတာပဲ.” လို့ ပြောပါတယ်။
 
အောလင်း၊ အောနိုက်ဆင်းရလို့ အလုပ်သမားတွေ နေထိုင်မကောင်းဖြစ်ပေမဲ့ စက်ရုံဘက်က ရှောင်တခင်ခွင့်၊ ဆေးခွင့် စတဲ့ တရားဝင်ခွင့်တွေကို ခံစားခွင့်မပေးပဲ လုပ်ခလစာ ဖြတ်တောက်ခံရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“အချိန်ပိုကြောင့် နေထိုင်မကောင်းဖြစ်လို့ ခွင့်တိုင်လည်း မပေးဘူး။ အဲ့ဒါကို ရက်ပျက်ဆိုပြီး ဒေးကြး ၁၁,၅၀၀ ၊ ရက်မှန်ကြေး ၄၀၀၀၀ အဖြတ်ခံရတယ်။ “ လို့ ပြောပါတယ်။
 
Golden & Five Myanmar Co.,Ltd စက်ရုံမှာ ပြီးခဲ့ ဇန်နဝါရီလအတွင်းက စက်ချုပ်မဟုတ်တဲ့တခြားဌာနက အလုပ်သမားတွေဟာ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီ fhdfhds တံဆိပ် အထည်တွေ ချုပ်လုပ်တယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026