NEWS

Golden Colour Fashion စက်ရုံပိုင်ရှင်မှ အလုပ်သမားကို လက်ရောက်ကျူးလွန်ပြီး မောင်းထုတ်

CoverLogo
539 Views

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အမှတ် (- )၊ မြတောင်ဝန်ကြီးဦးမှိုလမ်း၊ စက်မှုဇုန် (၃)ရှိ Golden Colour Fashion (Myanmar) ပိုင်ရှင်ဆိုသူ အမျိုးသမီးက အလုပ်သမားအမျိုးသမီး ကိုတွန်းထုတ် စောင့်ဆွဲပြီး လက်မောင်းအား ကြမ်းတမ်းစွာကိုင်တွယ်ကာ ရုံးခန်းအတွင်းမှ ဆွဲထုတ်မှုဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။  

အဆိုပါဝန်ထမ်းဟာ  ၁၇.၆.၂၀၂၂ ရက်နေ့မှ စတင်၍ လိုင်း-၁၁ဌာန၊ စာရေးမ ရာထူးဖြင့် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့ မနက် (၈း၀၀) ခန့်တွင် HR ရုံးခန်းသို့  လူစာရင်း များတင်ပြခဲ့ပြီး ဖိုင်တွဲရန်အတွက် စာရွက်ဖောက်စက်မတွေ့သဖြင့် စားပွဲများပေါ် လိုက်လံရှာဖွေရာမှ  ပိုင်ရှင်ဆိုသူ အမျိုးသမီးက  အလုပ်သမားကိုတွန်းထုတ်စောင့်ဆွဲပြီး လက်မောင်းအား ကြမ်းတမ်းစွာကိုင်တွယ်၍ ရုံးခန်းအတွင်းမှ ဆွဲထုတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါဖြစ်စဉ်ဖြစ်ပွားရခြင်းမှာလည်း  စက်ရုံမန်နေဂျာ မ--- က အလုပ်သမားရဲ့စက်ရွက်ဖောက်စက်ရှာဖွေတဲ့အပေါ်  "နင်ငါတို့အနားကို လာမရှာနဲ့ နင်လိုချင်တာကို အပြင်ကနေတောင်း"ဟုအော်ဟစ်ပြောဆိုလို့ အပြန်အလှန်ပြောဆိုရာက အခုလိုဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

ထိုသို့ စကားအခြေအတင်ပြောဆိုနေစဉ်စကားပြန်မှ မန်နေဂျာက တရုတ်သူဌေးအား သွားရောက်ခေါ်လာခဲ့ပြီး တရုတ်ဘာသာဖြင့် အော်ဟစ်ပြောဆိုကာ စကားပြန်က "ဒါငါ့စက်ရုံ အခု ချက်ချင်းထွက်သွားဟု ပြောဆိုတယ်လို့ ဘာသာပြန်ပြောပြခဲ့ပြီး  တရုတ်သူဌေးမက အလုပ်သမားကို ကိုယ်ထိလက်ရောက် တွန်းထုတ်ခြင်း၊ ဆောင့်ဆွဲခြင်းများပြုလုပ်ပြီး ရုံးခန်းပြင်ပသို့ ဆောင့်ဆွဲခေါ်ဆောင်သွားခဲ့ တာ" လို့ သိရပါတယ်။ 

ထို့အပြင် စကားပြန်ဆိုသူကလည်း  "ကြိုက်တဲ့နေရာသွားတိုင်၊ ကြိုက်တဲ့အကောင်ကိုခေါ် ၊ ကြိုက်တဲ့နေရာမှာ ရှင်းမယ်"ဟုပြောဆိုခဲ့လို့  ယင်းအလုပ်သမား အပါအဝင် အခြားအလုပ်သမားများက စက်ရုံပြင်ပသို့ထွက်ခွာခွင့် ရရှိရေးအတွက် Gate pass တောင်းခံရာတွင်လည်း HR မှ လက်မှတ်မထိုးပေးဘဲ  စက်ရုံတံခါးပိတ်ထားရန် လုံခြုံရေးဝန်ထမ်းများအား အမိန့်ပေးခိုင်းစေခဲ့တဲ့အတွက် အလုပ်သမားများအနေဖြင့် နာရီဝက်ခန့် စက်ရုံဂိတ်ပေါ က်တွင်ပိတ်မိနေခဲ့တယ်လို့လည်း သိရပါတယ်။ 

အလုပ်သမားအပေါ် အဆိုပါကျူးလွန်မှုဟာ  လုပ်ငန်းရှင်အနေဖြင့် ဝန်ထမ်းအပေါ် EC စာချုပ်ပါ ပုဒ်မ-၁၇(က )နှင့် နောက်ဆက်တွဲ-က၊ ၁၂ အားချိုးဖောက်ခြင်းဖြစ်တဲ့အပြင် အလုပ်သမားရဲ့ ဂုဏ်သိက္ခာထိခိုက်အောင် ကိုယ်ထိလက်ရောက်ပြုမူခြင်းဟာလည်း   အမျိုးသမီးများအား နိုင့်ထက်စီးနင်းအနိုင်ကျင့်ပြုမူခြင်းဖြစ်သလို ဒါဟာ လုပ်ငန်းခွင်အတွင်း အကြမ်းဖက်မှူတစ်ခုလည်းဖြစ်တာကြောင့် သက်ဆိုင်ရာ ဦးစီးဌာနကို တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အလုပ်သမားအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့လုပ်ငန်းရှင်နှင့်စကားပြန်ကို ထိရောက်တဲ့အရေးယူမှု အပြစ်ပေးရန်လိုအပ်တယ်လို့လည်း STUM ကဆိုထားပါတယ်။  

"ဒီအတိုင်းပဲရှိသေးတယ်။ ဘာမှမပြောင်းလဲမှုမရှိသေးဘူး။ တိုင်ထားတာရှိပေမဲ့ ဒီအတိုင်းပဲရှိပါသေးတယ်" 
လို့ အဆိုအလုပ်သမားကိုကူညီဆောင်ရွက်ပေးသူ ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ သားအလုပ်ရှင်က အလုပ်သမားအပေါ်  ခွဲခြားဆက်ဆံခြင်း ၊ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းများဆက်တိုက်ကျူးလွန်နေခြင်းကို မြန်မာနိုင်ငံသား စကားပြန်နှင့်အခြားသော ဝန်ထမ်းများက အားပေး၊အားမြှောက်ပြုနေတာတွေကို  အများပြည်သူ သိအောင်ဆက်လက် ဖော်ထုတ်သွားမယ်လို့လည်း ဆိုထားပါတယ်။

#MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026