NEWS

Golden Colour Fashion က အလုပ်သမားတွေကိုတရားစွဲဆိုထားမှု ရုပ်သိမ်းဖို့တောင်းဆို

CoverLogo
806 Views
 
Golden Colour Fashion အထည်ချုပ်စက်ရုံတာဝန်ခံမှ စက်ရုံတွင်းက အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်တဲ့ အလုပ်သမား ၄ ဦးနဲ့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ STUM ကို အင်းစိန် ရွာမ ရဲစခန်းမှာ အမှုဖွင့်တရားစွဲဆိုထားမှုကို အ​မြန်ရုပ်သိမ်းဖို့တောင်းဆိုထားပါတယ်။
 
အဆိုပါ Golden Colour Fashion အထည်ချုပ်စက်ရုံက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စက်မှုဇုန် (၃)မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး စက်ရုံတွင်းအလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေအပြင် အလုပ်သမား ကို ကိုယ်ထိလက်ရောက်ကျူးလွန်ပြီးမှ အလုပ်ထုတ် ခဲ့လို့ အငြင်းပွားနေတဲ့စက်ရုံဖြစ်ပါတယ်။
 
အငြင်းပွားမှုများစွာ အကြိမ်ကြိမ်ဖြစ်ပွားပြီးနောက် စက်ရုံဘက်က အလုပ်သမားသမဂ္ဂဝင်အလုပ်သမား (၄)ဦးကို ဖမ်းဆီးခဲဲ့တဲ့အပြင် အလုပ်သမားအခွင့် အရေးချိုးဖောက်မှုတွေကို ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM)ကိုပါ ၆၆(ဃ)နဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
 
အဆိုပါစက်ရုံအော်ဒါမရရှိဖြစ်နေတာကြောင့် အော်ဒါရဖို့အတွက် လုပ်ငန်းရှင်ကအလုပ်သမားအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှုမရှိဘဲ အပြစ်ကင်းပါတယ်ဆိုတဲ့စာရွက်ပေါ်အလုပ်သမားတွေကိုဖိအားပေးလက်မှတ်ထိုးခိုင်းတာတွေပြုလုပ်ခဲ့ပြီးမှ ယခုလို အမှုဖွင့်လိုက်တာလို့ သိရပါတယ်။
 
"သမဂ္ဂ ဥက္ကဌနှင့် အမှုဆောင် ၃ ဦးကို ၆၆(ဃ) ဖြင့် ၂၂-၄-၂၅ နေ့ အင်းစိန်ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ။ နောက်ဆက်တွဲအနေနဲ့ မတရားသဖြင့် ဖိအားပေးရိုက်နှက်ကာ အလုပ်မှ ထုတ်ခဲ့တဲ့ မခင်သူဇာအောင်နှင့် STUM page/ဒေါ်မျိုးမျိုးအေး ကိုပါ ထည့်သွင်း စွဲဆိုခဲ့ပါတယ်။ မိမိတို့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်အား ကန့်သတ်သည့် ပုဒ်မ ဖြင့် တရားစွဲဆိုခြင်းအား အမြန်ဆုံးရုပ်သိမ်းရန်တောင်းဆိုတယ်" လို့ ထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်။
 
အဆိုပါစက်ရုံဟာ Solamoda စက်ရုံမီးလောင်ပြီးနောက် စက်ရုံရဲ့အောချုပ်တွေ အောစူပါတွေရဲ့ စွမ်း ဆောင်မှုနဲ့ Golden Colour Fashion ကိုဖွင့်လှစ်ခဲ့ပြီး စက်ရုံဟာ EC စာချုပ်ဖောက်ဖျက်မှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု၊ကာအိန္ဒြေပျက်ပြားစေမှု၊ နိုင့်ထက်စီး နင်းပြုမူ၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ အချိန်တွေအအတင်းအကြပ်ခေါ်ယူတာတွေ၊ မက်လုံးပေးခိုင်းစေတာ တွေပြုလုပ်ပြီး လစာထုတ်မှမပေးတာတွေ၊ အတင်းအကြပ်လက်မှတ်ထိုးရန်ခိုင်းစေတာတွေအပြင် အလုပ်သမားတွေကိုဖမ်းဆီးတာတွေအပြင် စက်ရုံမှာသမဂ္ဂဖွဲ့စည်းတဲ့အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာ ဖိနှိပ်တာ အလုပ်ထုတ်တာတွေနဲ့ သမဂ္ဂဖြိုခွဲမှုတွေကို ဆက်တိုက်ပြုမူနေတာလို့ အလုပ်သမားတွေထံက သိရပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026