NEWS

G-Yuan စက်ရုံ အလုပ်သမား တဦးအား အတင်းအကျပ် အလုပ်ထုတ်

CoverLogo
611 Views
 
G-Yuan Packaging Material (Myanmar) စက်ရုံက အလုပ်သမားတဦး အတင်းအကျပ် အလုပ်ထုတ်ခံ ခဲ့ရတယ် လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက ဖွင့်လှစ်ထားတဲ့ အဲဒီ စက်ရုံဟာ ကတ္ထူ၊ စက္ကူ စက်ရုံဖြစ်ပြီး ငမိုးရိပ်လမ်း၊ ဝါးတစ်ရာစက်မှုဇုန်မှာ လုပ်သား တရာဝန်းကျင်နဲ့ လုပ်ငန်း လည်ပတ်နေတယ်လို့ သိရပါတယ်။
 
အလုပ်ထုတ်ခံရတဲ့ Store/Driver အလုပ်သမားဟာ ဇန်နဝါရီ ၁ရက်က စက်ရုံတရုံကို ပစ္စည်းသွားရောက် ပို့ဆောစဉ် လက်ခံတဲ့ စက်ရုံက လုံခြုံရေးဝန်ထမ်းနဲ့ အခြေအတင်ဖြစ်ခဲ့တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် STUM က ထုတ်ပြန်ထား ပါတယ် ။
 
အဲဒီလို အခြေအတင် ဖြစ်ပွားတဲ့အတွက် အလုပ်ထုတ်ခံခဲ့ရ အလုပ်သမားကို စက်ရုံပိုင်ရှင် အကိုနဲ့ စကားပြန်က ခံဝန် ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းမှာတော့ အခြေအတင်ဖြစ်ပွားခဲ့လို့ စက်ရုံအော်ဒါ ထိခိုက် ဆုံးရှုံး နစ်နာမှု ဖြစ်ရပြီး တဘက် စက်ရုံကလည်း အလုပ်ထုတ်ဖို့ ဖိအားပေးခဲ့တဲ့အပြင် အလုပ်မထုတ်ပါက အဲဒီစက်ရုံဘက်က လက်တွဲလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားတယ် ဆိုပြီး Store/Driver အလုပ်သမားကို စက်ရုံတာဝန်ရှိသူတွေက အတင်းအကျပ် ထွက်စ ာတင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
 
“မီးခြစ်တောင်းတာကနေ အခြေအတင်ဖြစ်တာဆိုတော့ တန်းထုတ်ရလောက်အောင် မဟုတ်ဘူးလေ ။ ဘာဖြစ်တာလဲ ဆိုတာမျိုး သိအောင်လုပ်ဖို့ ။ နောက် ပထမ ဝမ်တိန်၊ ဒုတိယဝမ်တိန် ဆိုပြီး သွားရမှာ ။ အဲလို ဖြစ်တယ်ဆိုတိုင်း တန်းထုတ်လို့ မရဘူး “ လို့ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် STUM အဖွဲ့က ပြောပါတယ်။
 
အလုပ်သမားက ထွက်စာမတင်ပေးနိုင်ကြောင်းပြောဆိုခဲ့လို့. ထွက်စာမတင်လည်း စက်ရုံက အလုပ်ထုတ် လိုက်ပြီဖြစ်လို့ နောက်ရက်ကစ အလုပ်ဆင်းဖို့ မလိုတော့ဘူး ပြောဆို အလုပ်ထုတ် ခံခဲ့ရတာလို့ သိရပါတယ်။
 
“အလုပ်ထုတ်ခံရတဲ့ အလုပ်သမားက ရှေ့မှာ ဝမ်တိန်လည်းမရှိခဲ့ဘဲ တန်းထုတ်တယ် ၊ ပြဿနာတက်ခဲ့တယ် ဆိုတိုင်း ကိုယ့်လူအမှားပဲ မဟုတ်ဘူး ။ တဘက်လူ အမှားလည်း ဖြစ်နိုင်တာပေါ့ ။ ကိုယ့်ဆီက လူပဲ ထုတ်လိုက်မယ်ဆိုတာ မျိုးတော့ လက်မခံနိုင်ဘူး “ လို့ STUM အဖွဲ့က ပြောပါတယ်။
 
အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားဟာ လုပ်သက် ၂ နှစ်ကျော် လုပ်ကိုင်ထားပေမဲ့ လက်ရှိအချိန်အထိ ဒေးကြေး ၄၈၀၀ ကျပ် သာရရှိနေတယ်လို့လည်း သိရပါတယ်။ အလုပ်သမား ၁၀ ဦးနဲ့ အထက်ရှိ လုပ်ငန်းတွေက အလုပ်သမားတွေကို နေ့စဉ် အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်အပြင် ထောက်ပံငွေ ၁၀၀၀ ကျပ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလက စပြီး တိုးမြှင့်ပေးဖို့ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026