NEWS

G&B Manufacturing (Myanmar)Co.Ltd အထည်ချုပ်စက်ရုံ လူမိုက်ခေါ်ကာ အလုပ်သမားကိုရိုက်နှက်အလုပ်ဖြုတ်ဟုဆို

CoverLogo
1.8K Views

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှု့ဇုန် သာဓုကန်လမ်း မှာဖွင့်လှစ်ထားတဲ့ G&B Manufacturing (Myanmar)Co.Ltd အထည်ချုပ်စက်ရုံဟာ  နေ့စားလူမိုက်ခေါ်ကာ အလုပ်သမားများကိုရိုက်နှက်ပြီး အလုပ်ဖြုတ်တာတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။  

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဆိုင်တာဖြစ်ပြီး ကုန်အမှတ်တံဆိပ် Sinsay ကိုချုပ်လုပ်နေတာဖြစ်ပြီး  အဲ့ဒီကုန်အမှတ်တံဆိပ်တွေက အဆိုပါစက်ရုံ၏ မူပိုင်ချုပ်လုပ်နေတဲ့ အော်ဒါများဖြစ်တယ်လို့ သိရပြီး အလုပ်သမားတွေကို အထည်စံချိန်မပြည့်ရင် အိုတီကြေးမပေးဘဲ  အိုတီဆင်းခိုင်းတာ၊အလုပ်ပျက်ရင် ဝမ်တိန်ထိုးခိုင်းတာနဲ့အလုပ်ကရပ်စဲသည်အထိပြုလုပ်နေတာဖြစ်တယ်လို့  သ်ိရပါတယ်။  

"စက်ရုံဘက်က ကြိုက်တဲ့နေရာတိုင်လို့ပြောတယ်။အလုပ်သမားဘက်က သက်ဆိုင်ရာကိုတိုင်ဖို့လုပ်ကြတယ် အလုပ်သမားရုံးတွေကလဲ အလုပ်သမားကလက်မှတ်ထိုးထားတယ် တိုင်လဲရှုံးမှာဆိုတဲ့ ပုံမျိုးနဲ့ လုပ်ကြတယ်။အခုအလုပ်သမား အလုပ်လက်မဲ့ပေါ့ ဘရန်း brand ကိုတိုင်မယ်ဆိုတော့လဲ နာမည်မရှိတဲ့ ဘရန်းဖြစ်တော့ ဘာမှမတတ်နိုင်ဘူးဖြစ်နေတယ်"လို့ အလုပ်သမားကိုကူညီဆောင်ရွက်ပေးနေသူတစ်ဦးကဆိုပါတယ်။

အလုပ်ရှင်ဘက်က နေ့စားအလုပ်သမားအသစ်တွေကို အလုပ်ပျက်ခွင့်နဲ့ အချိန်မရွေးအိမ်ပြန်ခွင့် ပေးထားလို့  စက်ရုံကလခစားအမြဲတမ်းဝန်ထမ်းတွေက “တို့စက်ရုံမှာ ဒီလိုမျိုးအလုပ်ပျက်လို့ရပြီလား လို့”အချင်းချင်းပြောဆိုခဲ့ကြရာမှ  အလုပ်ရှင်ဘက်က နေ့စားဝန်ထမ်း ၂ ဦးက စက်လိုင်းအမှတ် ၅ မှ ဝန်ထမ်း ၁ ဦးကို ရန်စပြီး ရိုက်နှက်ထိုးကြိတ်ခံခဲ့ရတယ်လို့ အလုပ်သမားတွေကဆိုထားပါတယ်။

“လက်သီးနဲ့ထိုးတဲ့လူက မန်နေဂျာရုံးခန်းကိုသွားတိုင်ပါတယ်။အထိုးခံရတဲ့ လိုင်း ၅ ဝန်ထမ်းက သူ့လိုင်းကအောစူပါကိုသွားပြီးပြောပြပါတယ် သူအထိုးခံရတယ်လို့ပြောပြတော့ အောစူပါက ငါမအားသေးဘူးလို့ပြောလိုက်ပါတယ်။ခဏကြာတော့ HR ရုံးခန်းကအထိုးခံရတဲ့ ဝန်ထမ်းကိုလာခေါ်ပါတယ် မန်နေဂျာနဲ့ စက်ရုံမှူးက သူတို့စက်ရုံမှာ ရန်ဖြစ်လို့မရဘူး ရဲစခန်းကိုပို့လိုက်ဆိုပြီးပြောပါတယ် မန်နေဂျာက နယ်ထိန်းရဲဆိုသူကိုဖုန်းဆက် ခေါ်ပါတယ် နယ်ထိန်းရောက်လာတော့ လိုင်း ၅ က ဝန်ထမ်းက သူ့ကိုထိုးကြိတ်ခံရတယ် သူ့ဘက်ကပြန်မလုပ်ပါဘူးရန်မဖြစ်ဘူးဆိုတာကို ပြောပြပါတယ် နယ်ထိန်းရဲက လက်မခံဘူး ရန်ဖြစ်လို့ညှိမရရင် စခန်းကိုလိုက်ခဲ့ ပြန်ထွက်ရဖို့တော့မသေချာဘူး တရားရင်ဆိုင်ရမယ်လို့ပြောပါတယ် နယ်ထိန်းက ဒီကိစ္စ ဒီမှာပဲလက်မှတ်ထိုးပြီးအလုပ်ထွတ်လိုက်ရင် ပြီးတယ်လို့”သာ ပြောဆိုတဲ့အကြောင်းကို မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM မှသိရပါတယ်။

အဲ့ဒီအလုပ်သမားဟာ လုပ်ခလစာအဖြတ်ခံရတာနဲ့ နှစ်ကြေးတွေပြန်ရအောင် လုပ်ဆောင်ပေးခဲ့တာဖြစ်လို့  အလုပ်ပြုတ်စေရန်အတွက်  အလုပ်ရှင်က အငြိုးထားပြီးနေ့စားဝန်ထမ်းဆိုပြီး လူမိုက်တွေကိုအလုပ်ခန့်ထားတယ်လို့ ကာယကံရှင်အလုပ်သမားနဲ့ စက်လိုင်းကအလုပ်သမားများရဲ့ပြောပြချက်အရသိရပါတယ်။

ယခုလို လုပ်ငန်းခွင်အတွင်းမှာ မလုံခြုံမှုနဲ့ ရိုက်နှက်ခံရ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားကို အလုပ်ပြန်ခန့်ရန်အတွက်  မိမိတို့ ချုပ်လုပ်ပေးနေတဲ့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေ အနေနဲ့ကူညီပေးဖို့ နဲ့  တာဝန်ရှိသူများရဲ့ အကူညီများစွာလိုအပ်နေပါတယ်လို့ FGWM  ကို  ဒုတိယအကြိမ်အကူညီတောင်းခံလာခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဆိုပါအလုပ်သမားဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့အပြင် စက်ရုံဘက်ကလည်း  ကြိုက်တဲ့နေရာတိုင်လို့ပြောတာကြောင့် အလုပ်သမားဘက်က သက်ဆိုင်ရာကိုတိုင်ဖို့လုပ်ပေမဲ့  အလုပ်သမားရုံးက အလုပ်သမားကလက်မှတ်ထိုးထားလို့ တိုင်လဲရှုံးမယ်လို့ဆိုတာ​ကြောင့် အဲ့ဒီအလုပ်သမားကအလုပ်လက်မဲ့ဖြင့်အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026