NEWS

Food panda Rider သပိတ်မှာ စားသုံးသူတွေ ပူးပေါင်းပါဝင်ဖို့ လိုအပ်နေ

CoverLogo
2.2K Views

Zero Customer Campaign ဆိုတဲ့ စားသုံးသူ (လုံး၀) မရှိရေး လှုပ်ရှားမှုသပိတ်ကို foodpanda Rider တွေဆောင်ရွက်နေရာမှာ  သပိတ်မှာ စားသုံးသူ လူထုကိုယ်တိုင်ပါ၀င်လာဖို့ အရေးကြီးနေတယ်လို့ သပိတ်မှာပါဝင်သူတွေက ဆိုပါတယ်။

Food panda Rider များအနေနဲ့ Zero Customer Campaign ဆိုတဲ့ စားသုံးသူ (လုံး၀) မရှိရေး လှုပ်ရှားမှုကမ်ပိန်းကို လုပ်ဆောင်နေရာမှာနှစ်လခန့်ကြာမြင့်နေပြီဖြစ်ပေမဲ့ ပြောင်းလဲမှုမရှိသေးတာကြောင့် စားသုံးသူလူထုပါ ပါဝင်လာဖို့လိုနေတာလည်းဖြစ်ပါတယ်။

မြေပြင်မှာ လုပ်ကိုင်နေရတဲ့ ပို့ဆောင်သူတွေအနေနဲ့ လုပ်ငန်းခွင်အာမခံချက်မရှိတာ၊ လုပ်သားအခွင့်အရေး ဘာတစ်ခုမျှမရရှိတာအပြင် မတော်တဆဖြစ်ပွားပါက အလုပ်မှထွက်ရသည့်အထိ ဖြစ်ပွားပြီး ခန္ဓာကိုယ်အစိတ်အပိုင်းချို့တဲ့သွားတာမျိုးတွေထိရှိနေတယ်လို့ဆိုပါတယ်။

"ခုနောက်ပိုင်းမှာ နိုင်ငံရေးအခြေအနေတွေကြောင့်  ပန်ဒါမှာDelivery ၀င်လုပ်နေကြပေမဲ့ အဆင်ပြေပြေမဟုတ်ကြပါဘူး။  သပိတ်လှုပ်ရှားမှုက နှစ်လလောက်ကြာလာပြီဆိုပေမဲ့ ပြောင်းလဲလာတာဘာတစ်ခုမှ မရှိသေးဘူး။ ဒါကြောင့်  စားသုံးသူတွေ ပြည်သူလူထုကိုယ်တိုင်ပူးပေါင်းပါ၀င်လာဖို့လိုပါတယ်။  စားသုံးသူတွေပါ၀င်လာအောင် စိတ်၀င်စားလာအောင်လည်း Pageကေန ပန်ဒါကကလေးတွေရဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတာတွေကို  စိတ်၀င်စားဖွယ် video လေးတွေကို မကြာမကြာဖော်ပြပေးသွားမယ်''လို့ STUM မှ ဒေါ်မျိုးအေးက ပြောပါတယ်။

Food panda  သပိတ်မှောက် Rider   အမျိုးသမီး တေယာက်က  အစားအသောက်ပို့ဆောင်ရင်း  ယာဉ်တိုက်မှု၊ လုယက်ခံရမှုတွေ​​ဖြစ်ကာ လုယက်ခံခဲ့ရတဲ့ကုမ္ပဏီငွေကိုပင်အခက်အခဲတွေနဲ့ ဆပ်ကာ ပန်ဒါကနေအပြီးထွက်သွားရတာမျိုးရှိခဲ့တယ်လို့ဆိုပါတယ်။  

''ပန်ဒါမှာ တစ်နှစ်ခွဲခန့်ရှိပါပြီ။ ဖုန်းဘေအနည်းဆုံး၃ထောင်ကုန်တယ်။ ဆီဖိုးနဲ့ဆို တစ်နေ့ကို ၁၁၀၀၀လောက်ရင်းရပါတယ်။ အဓိကတော့ ရာ သီဥတုဒဏ်ကိုခံရပါတယ်။ နေပူလည်းထွက်ရတယ် မိုးရွာလည်းထွက်ရတယ်။ အော်ဒါမရရင်လည်း ရနိုင်တဲ့နေရာမျိုးမှာလျှောက်ပတ်သွားရတယ်။ အက်ဆီးဒင့်ဖြစ်နိုင်တယ်။ ကျွန်တော်ဆိုနောက်ကနေအတိုက်ခံရတာကြောင့်ဆေးကုအလုပ်နားတာမျိုးဖြစ်ရတယ်။  ဖြစ်ဖြစ်ချင်းပြောတာတောင် အော်ဒါအခြေအနေကိုပဲမေးတာမျိုးကြုံခဲ့ရတာပါ။ ခုဆိုရင်ပိုဆိုးလာတာက လုယက်မှုပါ။ ကျွန်တော်တို့ထဲကကောင်မလေးတစ်ယောက်  ဖုန်းရောအသုံးပြုနေတဲ့ငွေရောဆိုင်ကယ်ရောပါသွားတယ်။  မိန်းကလေးဆိုတော့ ပိုဆိုးတယ်။ပန်ဒါကနေထွက်သွားတယ်။ အလုခံရတဲ့ပိုက်ဆံကိုလည်းရှာပြီးပြန်လာဆပ်ရတယ်''လို့ ဆိုပါတယ်။

သပိတ်လှုပ်ရှားမှုရက်  ၅၀ ကျော်၊ ၂ လပြည့်ဖို့နီးနီး ကြာမြင့်လာတဲ့ ကာလအတွင်းမှာ သပိတ်မှောက်ထားတဲ့ Rider တွေ အနေနဲ့ ခက်ခက်ခဲခဲ ဖြတ်သန်းနေရပြီး တောင်းဆိုချက်တွေကိုလည်း  ကုမ္ပဏီအနေနဲ့ မည်သို့မျှလိုက်လျောခြင်းမရှိတာကြောင့် food panda မှာစားသုံးတွေ ပါဝင်ပါက Rider တွေ တောင်းဆိုတာကို လုပ်ပေးရမှာဖြစ်တာကြောင့် စားသုံးသူလူထုအနေနဲ့ လု်အားခ ခေါင်းပုံဖြတ်ခံနေရတဲ့ လူအချင်းချင်း စာနာဖို့အတွက် သပိတ်မှာပါ၀င်ဖို့ STUM နဲ့အတူ သပိတ်ဝင်အလုပ်သမားများကတိုက်တွန်းထားပါတယ်။

MyanmarLabourNews
 

 

 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026