NEWS

Fang Hua အထည်ချုပ် နားရက် အိုတီမဆင်းသူများအား ရက်မှန်ကြေး ဖြတ်

CoverLogo
602 Views
Fang Hua အထည်ချုပ် စက်ရုံ အလုပ်သမား တဦးပါရှင့်။
နားရက် တနင်္ဂနွေ အချိန်ပို(အိုတီ)တွေ လုပ်ခိုင်းပါတယ်။ မဆင်းတဲ့ အလုပ်သမားတွေကို ရက်မှန်ကြေး နှစ်သောင်းဖြတ်ပါတယ်။
 
အထည်ချုပ်အလုပ်သမားတွေ ရက်တွက် ဒေးကြေး၊ အိုတီ အချိန်ပိုကြေး နဲ့ ဒီ ရက်မှန်ကြေးတွေကိုပဲ အားထားရတာပါ။ တခြား အခွင့်အရေးတွေလည်း မရှိပါဘူး ရှင့်။
 
နေတိုင်း တနင်္လာကနေ သောကြာနေ့အထိ မနက် ၇နာရီခွဲကနေ ည ၇ နာရီ အထိ အလုပ်ဆင်းရပါတယ်။ စနေနေ့ကျ ၄ နာရီဆို စက်ရုံက လွှတ်ပေးရမှာကို ည ၆နာရီထိ လုပ်ခိုင်းပါတယ်။ တခါတလေ ၅နာရီ၊ တခါတလ ၄နာရီလွှတ်ပါတယ်။
ဒီရက်တွေမှာ လုပ်ခိုင်းတဲ့ အချိန်ပိုတွေဆို ညီမတို့ မငြင်းဘဲ လုပ်ပေးခဲ့တာပါ။
 
တနင်္ဂနွေ တရက်လောက် နားတာတောင် ရက်မှန်ကြေး ဖြတ်တာက မတရားပါဘူး ရှင့်။ ပြီးရင် Day ကြေး တသောင်းဆိုပြီး ပိတ်ရက်ကို ၇၈၀၀ ပဲ ပေးပါတယ်။ ဖူလှုံရေးကြေးလည်း ဖြတ်ပါတယ်။ ဒါပေမဲ့ ဖူလှုံရေးကတ် မရသေးပါဘူး။
 
အလုပ်ချိန်မှာ ဖုန်းတွေလည်း တနေကုန်သိမ်းပါတယ်ရှင့်။ အလုပ်သမားအခွင့်အရေးလည်းမရှိပါဘူး။ အလုပ်သမားအဖွဲ့အစည်းလည်း မရှိပါဘူး။ ဆေးပေးခန်းလည်း မရှိပါဘူး။ Fang Hua က လှိုင်သာယာမြို့နယ်၊ ရွှေသံလွင် စက်မှုဇုန်၊ မင်းဧရာလမ်း မှာပါ။ အထည်ချုပ် စက်ရုံပါ။ လုပ်သား ၅၀၀ လောက်ပဲရှိပါတယ်။ ပိုင်ရှင်က တရုတ်နိုင်ငံသားပါ။
ညီမတို့ တနင်္ဂနွေနေ့ကို နားရက် ရချင်တာပါရှင့်။
ကျေးဇူးတင်ပါတယ် ရှင့်။

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026