NEWS

EUROSTYLE (Myanmar) အထည်ချုပ် ကလေးလုပ်သားတွေအသုံးပြုပြီး လုပ်အားခခေါင်းပုံဖြတ်

CoverLogo
728 Views
 
ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၄ မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် EUROSTYLE (Myanmar) အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့လုပ်ငန်းလည်ပတ်နေပြီး လုပ်ငန်းခွင်မှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးအလုပ်သမားတွေ အများအပြားကို လူကြီးလုပ်သားတွေတန်းတူခိုင်းစေပြီး လုပ်အားခခေါင်းပုံဖြတ်တာတွေပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှု လက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောထားပါတယ်။
 
လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။ အဆိုပါ လုပ်ငန်းခွင်မှာ Ensored, Couture, Super Push စတဲ့အမှတ်တံဆိပ် အတွင်းခံအဝတ်တွေ ချုပ်လုပ်နေတာလို့ ပြောပါတယ်။
 
"တစ်နေ့ကို ၃ နာရီလောက် မဖြစ်မနေ အချိန်ပိုဆင်းရတယ် အရေးကြီးတယ်ဆိုပြီး ညလုံးပေါက်ဆင်းရတာတွေလည်းရှိတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်သင်ဆိုပြီး အသက်မပြည့်သေးတဲ့ ၁၅၊ ၁၆ အရွယ်တွေကို ဆရာဝန်ထောက်ခံစာမပါဘဲခိုင်းနေတာရှိတယ်။ သူတို့ကိုကျတော့ ဒေးကြေး + ထောက်ပံ့ကြေး ၆၈၀၀ ပဲပေးတယ်။ လုပ်ရတော့ လူကြီးတွေနဲ့ တန်းတူလုပ်ရပြီး ရတော့ တစ်လမှ ၃ သိန်းလောက်ပဲ လူကြီးတွေနဲ့ တန်းတူမရဘူး"လို့ လုပ်ငန်းခွင်ထဲက အလုပ်သမားကပြောဆိုပါတယ်။
 
၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေအရ အသက် ၁၈ နှစ်မပြည့်သေးဘဲ အလုပ်ခိုင်းစေပါက အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင် ဆရာဝန်ထောက်ခံချက်လိုအပ်ပြီး ၊ ကုန်ကျစရိတ်ကို အလုပ်ရှင်ဘက်က ကျခံရမယ်လို့ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် လူငယ်၊ လူရွယ်လုပ်သားတွေအတွက် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင် ဆရာဝန် ထောက်ခံချက်အပြင် အလုပ်ချိန်ကိုလည်း လူကြီးလုပ်သားတွေနဲ့ တန်းတူခိုင်းစေတာမျိုး မပြုလုပ်ရသလို ၊ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာလည်း ခိုင်းစေခွင့်မပြုထားပါဘူး။
 
အလုပ်ချိန်အနေနဲ့ နံနက် ၇ နာရီ ခွဲကနေ စတင်လုပ်ကိုင်ရပေမယ့် ထမင်းစားနားချိန်ထိ တဆက်တည်း ၅ နာရီလုပ်ကိုင်ရတာကြောင့် အစာစားချိန်ကျော်လွန်ပြီး အဆင်မပြေမှုတွေရှိနေတယ်လို့လည်း အလုပ်သမားတွေကပြောထားပါတယ်။
 
"အလုပ်သမားတွေ ခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့်လည်း မပေးပါဘူး နေမကောင်းလို့ အရေးပေါ်တခုခုရှိလို့ ခွင့်တိုင်ရင်လည်း မပေးဘဲ တရက်ပျက်ရင် ဒေးကြေး + ထောက်ပံ့ကြေး+ ရက်မှန်ကြေး ၄၀၀၀၀ နီးပါး အဖြတ်ခံရတော့ နစ်နာတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်အခြေအနေတိုးတက်ကောင်းမွန်ဖို့အတွက် ချိုးဖောက်မှုတွေ ရှောင်ရှားပေးဖို့နဲ့ အခက်အခဲတွေဖြေရှင်းပေးဖို့ အလုပ်သမား တောင်းဆိုချက်တွေအနေနဲ့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကိုခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှ လူငယ်၊ လူရွယ် ၁၅ ၁၆အရွယ်များကို အလုပ်သင်အနေဖြင့်ခိုင်းစေပြီး ဒေးကြေး၆၈၀၀ ကျပ်သာပေးပြီး လူကြီးအလုပ်သမားများနှင့် တန်းတူစေခိုင်းခြင်းမပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ ထမင်းစားချိန်ကို ၁၂နာရီထမင်းစားခွင့်ပေးရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အချိန်ပိုအိုတီများကို အောလင်းများဆင်းခိုင်းခြင်းမပြုလုပ်ရန် စတဲ့အချက်တွေကို EUROSTYLE (Myanmar) အလုပ်သမားတွေက တောင်းဆိုထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026