NEWS

EU အထောက်အပံ့ MADE စီမံချက်အား MICS-TUsF ပူးပေါင်းဆောင်ရွက်ခြင်းမရှိ

CoverLogo
1K Views

အလုပ်သမားတွေနဲ့ ကုန်အမှတ်တံဆိပ်တွေ၊ အလုပ်ရှင်တွေကြားကနေ အလုပ်သမား ကိုယ်စားမပြုတဲ့ အဖွဲ့အစည်း NGO တွေက ပေါင်းကူးတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်မဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင််မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများအဖွဲ့ချုပ်က ကန့်ကွက်တယ်လို့ ဧပြီလ ၂၂ ရက် က ထုတ်ပြန်ပါတယ်။ ဒီအစီအစဉ်ဟာ MAED စီမံချက်မှာ အကြံပြုထားတဲ့  မကျေနပ်ချက် ကိုင်တွယ်မှုစနစ်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

အလုပ်သမားတွေကို ကိုယ်စားမပြုတဲ့ အဖွဲ့အစည်း NGO တွေရဲ့လုပ်ဆောင်မဲ့ အစီအစဉ်ဟာ အဖွဲ့ချုပ်တွေ ထိန်းချုပ်စောင့်ကြည့်တာမရှိဘဲ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ခြယ်လှယ်နိုင်တဲ့အပြင် အလုပ်သမားတွေကိုလည်း အတုအယောင် ကိုယ်စားပြုတာတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ထုတ်ပြန်ထား ပါတယ်။ ဒါ့အပြင် အလုပ်သမားသမဂ္ဂတွေရဲ့ အခန်းကဏ္ဍကို ပိုမို ကျဆင်းစေမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ဥရောပသမဂ္ဂ EU ရဲ့ ပံပိုးမှုနဲ့ Seaqua ၊ EuroCham (ဥရောပနိုင်ငံများ အလုပ်ရှင်များ အဖွဲ့ အစည်း) တို့က အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ MADE ( Multi-Stakeholder Alliance for Decent Employment in the Myanmar apparel industry) စီမံချက်ကို မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင််မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများအဖွဲ့ချုပ်က ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထား တာဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
Myanmar Guotai Huasheng နှစ်ကြီး အလုပ်သမားများအား မှတ်ပုံတင်လုပ်ခိုင်းပြီး လုပ်သက် ဖြတ်တောက်
Nov 30, 2025
Cover
လာအို Honor Home စက်ရုံ တခြား အလုပ်ရုံတွင် လုပ်ကိုင်ခိုင်း၊ မလုပ်ပါက နေရပ်ပြန်ရန် ပြော
Nov 30, 2025
Cover
သမဂ္ဂဖွဲ့ရန် ကြိုးပမ်းသည့် SHENG TAI စက်ရုံလုပ်သားများ အလုပ်ထုတ်ခံရပြီး ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရ
Nov 22, 2025
Cover
DAMEI စက်ရုံတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရပြီး အရွယ်မရောက်သူများပါ အလွန်အကျွံ ခိုင်းစေခံရ
Nov 21, 2025
Cover
အပိုထောက်ပံ့ကြေး ၁၀၀၀ကျပ် မပေးသဖြင့်တိုင်ကြားခံရသည့် True Green City စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းပြေလည်မှုရရှိ
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
အလုပ်သမားအဖွဲ့စည်းများ လွတ်လပ်စွာ ဖွဲ့စည်း နိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးပြော
Nov 21, 2025
Cover
Myanmar Bestfortune Garment တစ်ပတ် ၇ ရက်နီးပါး အချိန်ပို ဖိအားပေးစေခိုင်း
Nov 21, 2025