NEWS

ETEC အလုပ်သမားများအား စက်ရုံဘက်က ခြိမ်းခြောက်

CoverLogo
522 Views
 
လုပ်ခလစာတိုးမြှင့်ရေးတောင်းဆိုနေတဲ့ ETEC အလုပ်သမားတွေကို စက်ရုံဘက်က ခြိမ်းခြောက် ပြောဆိုနေ တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲတောင်းဆိုမှု ပြုလုပ်နေတဲ့ အလုပ်သမားတွေကို လက်နက်ကိုင် တွေကို ခေါ်ယူပြီး တရားစွဲ ဖမ်းဆီး ထောင်ချ မယ်ဆိုပြီး ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ညီမတို့က ဆန္ဒပြနေကြတာ ၄ ရက်နေ့ကတည်းကပါ။ ရက်ကြာတာနဲ့ အမျှ ခြိမ်းခြောက်တာတွေ လုပ်တယ်။ ပထမဆုံးစပြောတာက စာချုပ် ချုပ်ပြီးသား ဆန္ဒပြရင် ထောင်ချမယ်ဆိုပြီး ပြောတာပါ။” လို့ ပြောပါတယ်။
 
တောင်းဆိုမှုအတွင်း အလုပ်သမား ၆၀၀ ဝန်းကျင်ပါဝင်ပြီး လက်ကိုင်ဖုန်းတွေက တဆင့် ပြောဆို ခြိမ်းခြောက်တာလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုမှုက ဇွန် ၂ ရက်မှာ စတင်ခဲ့ပြီး အဲ့ဒီနေ့မှာဘဲ စက်ရုံနဲ့ အလုပ်သမားတွေကြား ဒေးကြေး ၈၂၀၀ နဲ့ သဘောတူချက် ရရှိတယ်ဆိုပြီး စက်ရုံဘက်က ထုတ်ပြန်ပါတယ်။
 
“အဲနေ့က စက်ရုံဆင်းမှ အဆင်ပြေလို့ ကြားရတယ်။ ဘယ်လို အဆင်ပြေတယ်ဆိုတာ မသိရဘူး၊ ညှိတဲ့ အလုပ်သမားတွေကလည်း မပြောခဲ့ဘူး။ ၃ ရက်နေ့ မနက် အလုပ်ပြန်ဝင် ၈၂၀၀ ဆိုပြီး ကြားရတယ်။ ဒီဒေးကြေး အလုပ်သမားတွေက လက်မခံကြဘူး။ ဒါကြောင့် ၄ ရက်နေ့မှာ ဆန္ဒပြကြတာပါ။” လို့ ပြောပါတယ်။
 
လက်ရှိ အလုပ်သမားကိုယ်စားလှယ်တွေ လက်မှတ်ထိုးတဲ့ သဘောတူ စာချုပ်မိတ္တူက လူမှုကွန်ရက်မှာ မျှဝေထားတာကို တွေ့ပါတယ်။ အဲ့ဒီ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက် သဘောတူ စာချုပ်မှာ တော့ .WCC အဖွဲ့ရဲ့ အလုပ်ရှင်ကိုယ်စားလှယ် လက်မှတ်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေရဲ့ လက်မှတ်တွေပဲ တွေ့ရပြီး သက်သေ အဖွဲ့အစည်းနဲ့ အလုပ်ရှင်လက်မှတ်တွေ ပါဝင်တာ မတွေ့ရပါဘူး။
 
“ဒေးကြေး ၈၂၀၀ တိုးပေးတယ်ဆိုတာ၊ အစိုးရထောက်ပံကြေး ၂၀၀၀ ပါပါတယ်။ စက်ရုံက ၁၄၀၀ ပဲ တိုးပေးတဲ့ သဘောပါ။ အလုပ်သမားတွေက ဒေးကြေး ၁၀၀၀၀ နဲ့ အချိန်ပိုကြေး တစ်နာရီ ၂၀၀၀ တောင်းထားတယ်။ ခြိမ်းခြောက်တာတွေကတော့ မျိုးစုံပါပဲ.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
တောင်းဆိုမှုပြုလုပ်နေတဲ့ အလုပ်သမားတွေကို တရားစွဲတာ၊ ပျူစောထီးအပါအဝင် လက်နက်တပ်ဖွဲ့ တွေနဲ့ ဖမ်းဆီးမယ်ဆိုပြီး သတင်းလွှင့်တာ၊ အလုပ်သမားတွေရဲ့ မိသားစုဝင်တွေဆီ ဖုန်းဆက် ခြိမ်းခြောက်တာနဲ့ အလုပ်သမားခေါင်းဆောင်တွေကို စုံစမ်းမှုတွေ ပြုလုပ်တာ စတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အခု တနင်္လာနေ့ကြရင် ဝန်ထမ်းကတ်ရယ်၊ ယူနီဖောင်းအစုံရှိမှ ဝင်လို့ရမယ်လို့ ပြောတယ်။ အစုံရှိတဲ့ အလုပ်သမားတွေပဲ ဝင်ခိုင်းမယ်လို့ ပြောတယ်။ အရင်က စက်ရုံထဲအထိ ဖယ်ရီဝင်တယ်။ သောကြာနေ့ က ဝန်ထမ်းကဒ်တွေ တက်ယူတဲ့ အလုပ်သမားတွေကို မယူနဲ့လို့ လုံခြုံရေးတွေက အော်ထုတ် တယ်။ တခါးလည်း ပိတ်ထားလိုက်တယ်။ စက်ရုံပစ္စည်းတွေကို ဖျက်ဆီးတယ်ဆို ပြီးလည်း စွပ်စွဲတယ်။ ကျွန်တော်တို့ အလုပ်သမားတွေကတော့ အဲ့လို လုပ်တာ မရှိပါဘူး။ ပြောမယ်ဆို ညစ်တာပေါ့။ ခြိမ်းခြောက်တာပေါ့။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ပြန်လည်တောင်းဆိုမှု ပြုလုပ်ခဲ့တဲ့ ဇွန်လ ၄ ရက်ကတည်းက အလုပ်ရှင်ဘက် လုပ်ငန်းခွင် ဝင်ရောက်မှုမရှိပါက ရက်တွက်လစာ၊ ရက်မှန်ကြေးနဲ့ အခြားခံစားခွင့်တွေ ခံစားခွင့်မပေးဘူးဆိုပြီး ထုတ်ပြန်ထားပါတယ်။
 
ETEC (Earth Tamura Electronic Myanmar co.ltd) ကုမ္ပဏီ က အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ် တဲ့ စက်ရုံဖြစ်ပြီး စက်ရုံဝင်းအတွင်းမှာ လုပ်ငန်းတူ Earth Industrial (Myanmar) Company Limited (EI) ဆိုတဲ့ စက်ရုံ ရှိပြီး အဲဒီ EI က အလုပ်သမားတွေကလည်း ETEC အလုပ်သမား တွေနဲ့ အတူ တောင်းဆိုမှုပြုလုပ်နေပါတယ်။
 
ETEC စက်ရုံမှာ အလုပ်သမား ၉၀၀ ကျော်ရှိပြီး အမျိုးသမီးအလုပ်သမား ၈၀၀ နီးပါးလုပ်ကိုင် နေပါတယ်။ စက်ရုံကိုတော့ ဒေါ်ခိုင်ဇာမြင့် ဆိုသူ ပိုင်ဆိုင်ပြီး အလုပ်သမားတွေနဲ့ ညှိနှိုင်းမှုကို ဒါရိုက်တာ ဒေါ်သန်းသန်းမြင့်နဲ့ ပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ စက်ရုံကတော့ တောင်ဒဂုံစက်မှုဇုန် ၁ ၊ ယောက်ကော်လမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026