NEWS

ETEC နှင့် EI အီလက်ထရောနှစ်စက်ရုံ အလုပ်သမားများ ဆက်လက်တောင်းဆိုနေ

CoverLogo
358 Views
ETEC နဲ့ EI အီလက်ထရောနှစ်စက်ရုံ နှစ်ရုံက လုပ်သားတွေ ဒေးကြေး ၈၂၀၀ ကျပ်ကို လက်မခံဘဲ တောင်းဆိုနေတာ ၃ ရက်မြောက်ရှိလာပေမဲ့ စက်ရုံက ညှိနှိုင်းတာတွေ ပြုလုပ်တာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံဘက်ကတော့ ညှိနှိုင်းတာတွေ မလုပ်ဘူး။ မနက်ဖြန် ကတ်မပါတဲ့သူ၊ ယူနီဖောင်း မဝတ်တဲ့ သူတွေ စက်ရုံထဲပေးမဝင်ဘူးပြောနေတယ်။ အလုပ်သမားတွေ အားလုံးနီးပါး က စက်ရုံထဲမှာပဲ အဲ့ပစ္စည်းတွေ သိမ်းကြတယ်။”လို့ ETEC အီလက်ထရောနှစ်စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
 
EI နဲ့ ETEC လိပ်စာတူ စက်ရုံတွေဖြစ်ပြီး နှစ်ရုံပေါင်း တောင်းဆိုမှုတွေ လုပ်နေတာဖြစ်ပါတယ်။ စက်ရုံ နှစ်ရုံထဲ ETEC စက်ရုံက ဇွန်လ၂ ရက်မှာ စတင်ပြီးတောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ညနေပိုင်းမှာပဲ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား ဒေးကြေး ၈၂၀၀ ကို ညှိနှိုင်း သဘောတူခဲ့တယ်ဆိုပါတယ်။ ဒါပေမဲ့ ဒီပမာဏကို အလုပ်သမားအများစုက သဘောမတူခဲ့ ကြလို့ ဇွန် ၄ ရက်မှာ ထပ်မံ တောင်းဆိုခဲ့ကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ၂ ရက်နေ့ ပြန်မဲ့ အချိန်မှာ သဘောတူချက်ရတယ်လို့ ကြားတယ်။ ၃ ရက်နေ့မနက်အထိ အလုပ်သမား တွေကို ဒေးကြေး ဘယ်လောက်ဆိုတာမျိုး ဆွေးနွေးတာ ချပြတာ မရှိခဲ့ဘူး။ အလုပ်သမားတွေက ဒီကိစ္စ မပြတ်သေးဘူးဘဲ နားလည်ထားကြတယ်။ စက်ရုံနဲ့ သဘောတူချက်ရတယ်ဆိုတဲ့ ခေါင်းဆောင် တွေကိုတောင် အဲ့နေ့ မနက်မှ လက်မှတ်ထိုးခိုင်းခဲ့တာ။ အလုပ်သမားတွေ လက်မှတ်ထိုးခိုင်း တော့ လည်း ထိုးရတဲ့ အကြောင်းအရာလည်းမပါဘူး၊ ဖတ်လည်း မပြခဲ့ဘူး၊
ဘာအတွက်ဆိုတာတောင် မပြောခဲ့ဘူး.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ညှိနှိုင်ရရှိခဲ့တဲ့ ဒေးကြေး ၈၂၀၀ ကို လက်မခံနိုင်တာကြောင့် ဇွန်လ ၄ ရက်မှာ ETEC အလုပ်သမား အားလုံးနီးပါးနဲ့ EI အလုပ်သမားတွေက ဒေးကြေး ကျပ် ၁၃၀၀၀ တိုးပေးဖို့ ဆက်လက်တောင်းဆိုခဲ့တာ အလုပ်သမားတွေက ပြောထားပါတယ်။
 
စက်ရုံဘက်ကထုတ်ပြန်တဲ့ နှစ်ဖက်သဘောတူချက်မှာ သက်သေအဖြစ် ဘယ်အဖွဲ့အစည်းမှ မပါဝင်တာတွေ့ရတဲ့ အပြင် လုပ်ငန်းခွင် မဝင်ရောက်တဲ့ အလုပ်သမားတွေကို လုပ်ခလစာဒေးကြေး မပေးဘူးဆိုပြီးလည်း ထုတ်ပြန်ထားပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026