NEWS

ETEC စက်ရုံအလုပ်သမား တဦး ဖမ်းဆီးခံရ

CoverLogo
573 Views
 
လုပ်ခ တိုးမြှင်းပေး‌ရေး တောင်းဆိုမှုပြုလုပ်ခဲ့တဲ့ ETEC စက်ရုံ အလုပ်သမား ကိုရာဇာထွန်းကို အရပ်ဝတ် နဲ့ ပုဂ္ဂိုလ်တချို့ လာရောက် ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
 
စက်ရုံမှာ အော်ပရေတာ ရာထူးနဲ့ တာဝန်ထမ်းနေတဲ့ ကိုရာဇာထွန်းကို ရပ်ကွက်ရာအိမ်မှူးနဲ့ တိုင်း (စအဖ) အဖွဲ့စုစုပေါင်း လူ ၄ ဦးက ဖမ်းဆီးသွားတာလို့ သိရပါတယ်။
 
မနေ့ည ၁၁ နာရီလောက်မှာ လာဖမ်းသွားတယ်။ စက်ရုံအတွင်း ဆူပူအောင် လှုံ့ဆော်လို့ ဆိုပြီး ၂၆ ရပ်ကွက် ရာအိမ်မှူးဦးသိန်းရွှေနဲ့ တိုင်း စအဖကဆိုပြီး စုစုပေါင်း ၄ ဦးအိမ်မှာ လာဖမ်းသွားတယ်" လို့ ပြောပါတယ်။
 
ပထမအကြိမ် စက်ရုံအတွင်း တောင်းဆိုမှု ပြုလုပ်စဉ်ညှိနှိုင်းရလဒ်ကို အလုပ်သမား‌တွေရဲ့ သဘောထားရယူစဉ်၊ လက်ခံသည့်ဘက်နဲ့ လက်မခံသည့်ဘက်ခွဲရာ ကိုရာဇာထွန်းက လူခွဲပေးခဲ့တယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
 
"လူခွဲပေးတာက စက်ရုံမှာ CCTV‌ တွေ ရှိနေတာ၊ ဒီကနေ ဆန္ဒပြဖို့ လှုံ့ဆော်တာဆိုပြီး ဖမ်းတာ ဖြစ်နိုင်တယ်။စက်ရုံ ဘက်က လုပ်တာ ဖြစ်ဖို့များတယ်။မှတ်တမ်းကစက်ရုံထဲက မှတ်တမ်း၊ နောက်တခုက ညှိဖြန်အဖွဲ့ဝင် ဦးဇော်ဇော်အောင် ဖုန်း
 
နံပတ်လည်းမေးသွားတယ်ဆိုတော့၊ စက်ရုံနဲ့ပေါင်းလုပ်တာ ဖြစ်နိုင်တယ်။" လို့ အလုပ်သမားတဦးက ပြောပါတယ်။
စက်ရုံအလုပ်သမား‌ တွေနဲ့ စကရုံကြား ညှိနှိုင်းမှုတွေကို ဇွန် ၉ ရက်က စက်မှုဇုံကော်မတီရုံး ပြုလုပ်ခဲ့ပြီး နှစ်ဖက် အဆင်ပြေ ပြည်လည်ခဲ့ပြီး‌နောက် အလုပ်သမားတဦး ဖမ်းဆီး ခံရတာဖြစ်ပါတယ်။
 
ETEC စက်ရုံက တောင်ဒဂုံ စက်မှုဇုန်၊ ယောက်ကော်လမ်းမှာ ရှိပြီး EI စက်ရုံနဲ့ လိပ်စာတူဖြစ်ပါတယ်။ စက်ရုံ နှစ်ရုံ က အီလစ်ထရောနစ် စက်ရုံတွေဖြစ်ပြီး တောင်းဆိုမှုအတွင်း စက်ရုံ နှစ်ရုံလုံးက အလုပ်သမားတွေပါဝင်ခဲ့ပါ။
 
ETEC စက်ရုံက ဇွန် ၂ ရက်မှာ စတင် ဆန္ဒပြခဲ့ပြီး၊ ညှိနှိုင်းမှု ရလဒ်ကို လက်မခံဘဲ ၄ ရက်နေ့မှာ ဒုတိယ အကြိမ် ဆန္ဒပြခဲ့တာပါ။ အဲ့နောက် ရက်တွက်ဒေးကြေး တိုးမြှင့်ပေးဖို့ ပူ EI အလုပ်သမားတွေပါ ပူးပေါင်း ပါဝင် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026