NEWS

Eslite Garment အထည်စံချိန်ချုပ်လုပ်နိုင်တာထက်ပိုရဖို့ ရိုင်းစိုင်းစွာပြောဆိုခိုင်းစေနေ

CoverLogo
1K Views

ရန်ကုန် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် မောင်ကျန်သီးလမ်းမှာ အလုပ်သမား ၃၀၀၀ ကျော်နဲ့ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ Eslite Garment မှာ အလုပ်သမားတွေချုပ်လုပ်နိုင်တာထက်ပိုတဲ့ အထည်စံချိန်ကို သတ်မှတ်တောင်းခံနေပြီး စံချိန်ပြည့်မီဖို့အတွက် ကြီးကြပ်သူတွေက ရိုင်းစိုင်းစွာပြောဆိုခိုင်းစေနေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံမှာ GORE-TEX အမှတ်တံဆိပ် ဂျပန် အထည်တွေချုပ်လုပ်နေပြီး လုပ်ငန်းခွင်အတွင်းက စက်လိုင်းတစ်လိုင်းလျှင် ကြီးကြပ်ရေးမှုးအပါ လူ ၃၀ ခန့်ရှိပြီး အလုပ်ချိန် ၁၀ နာရီစာအတွက် အထည် ၈၀ ကနေ ၉၀ အထိချုပ်လုပ်ပေးနေရတာလို့ အလုပ်သမားကပြောပါတယ်။

"အလုပ်သမားတွေချုပ်လုပ်နိုင်တာထက်ပိုတဲ့ အထည်စံချိန်ကိုတောင်းတာပါ အရင်ကလို အထည်စံချိန်ကို အလုပ်သမားတွေနဲ့ ညှိနှိုင်းတောင်းခံတာမျိုးမဟုတ်ဘဲ အလုပ်ရှင်ကတဖက်သတ် သတ်မှတ်ပြီးတောင်းတာ အလုပ်သမားတစ်ယောက်ကို စက်နှစ်လုံးနဲ့ချုပ်ရတဲ့ ပွိုင့် ၃ ပွိုင့်ကနေ ၄ ပွိုင့်အထိချုပ်ရတယ် စက်လိုင်းမှာ လူဦးရေမလုံလောက်တော့ စံချိန်မပေးနိုင်ရင် အော်ဟစ်ဆဲဆိုပြီးခိုင်းနေတာ နေ့တိုင်းပါပဲ"လို့ အလုပ်သမားကပြောပါတယ်။

စက်ရုံရှိအလုပ်သမားတွေကို ကျွမ်းကျင်ကြေး A+၅၀၀၀၀၊ A၄၀၀၀၀၊ B+၂၅၀၀၀၊ B၂၀၀၀၀၊ C ၁၀၀၀၀ သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။ ကျွမ်းကျင်အဆင့်သတ်မှတ်ရာမှာ ကြီးကြပ်ရေးတွေဖြစ်တဲ့ အောစူပါနဲ့ စူပါတွေနဲ့ အဆင်ပြေတဲ့ လုပ်သားတွေကို အမြင့်ဆုံးပေးထားတာ ၊ အခြားအလုပ်သမားတွေကိုတော့ အောက်ဆုံးအဆင့် သတ်မှတ်ပေးထားတာမျိုးတွေနဲ့  ကြီးကြပ်ရေးတွေနဲ့ မတည့်တဲ့ လုပ်သားတွေကို ခွဲခွားဆက်ဆံတာမျိုးတွေ  ဖယ်ကျဉ်ထားတာမျိုးတွေအထိပါ ဆက်ဆံပြီး အနေအထိုင်ကျပ်အောင်အထိ ပစ်ပယ်ထားတဲ့ပုံစံမျိုးတွေနဲ့ ဆက်ဆံခံရလို့ အခက်တွေ့ရတယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမား ၁၀၀ ကျော်ခန့်ထားပြီး လုပ်သက် ၃ လပြည့်ပေမဲ့ အတည်ပြုခန့်ထားခြင်းမရှိလို့ နေ့စားအလုပ်သမားတွေအနေနဲ့ တနင်္ဂနွေပိတ်ရက်ခံစားခွင့် မရှိလို့ နစ်နာမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

"၂၀၂၃ ခုနှစ် ၈ လပိုင်းမှာ စက်ရုံထဲက သမဂ္ဂခေါင်းဆောင်တွေကို စစ်သားတွေအများကြီးဝင်ရောက်ရှာဖွေခဲ့တယ် စစ်သားတွေမဝင်ခင်တညအလိုမှာ မန်နေဂျာက အလုပ်သမားခေါင်းဆောင်တွေဆီဖုန်းဆက်ပြီး မနက်အလုပ်မလာနဲ့ စစ်သားတွေ နင်တို့ကိုလာရှာမယ်လို့ အကြောင်းကြားထားလို့ အလုပ်သမားခေါင်းဆောင်တွေက အလုပ်မသွားဘဲ နေလိုက်တာ လွတ်သွားတယ်ပေါ့နော်။အဲ့အချိန်ထဲက အလုပ်သမားခေါင်းဆောင်တွေစက်ရုံထဲမရှိတော့တာပဲ  ဖိနှိပ်မှုအမျိုးမျိုးကိုလည်း ခံစားနေရတယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ ယခင်က အလုပ်သမားသမဂ္ဂရှိပေမဲ့ ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းကာ လုပ်ငန်းခွင်ဆိုင်ရာ ဖိနှိပ်မှုတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

အခုလို လုပ်ငန်းခွင်အတွင်း အထည်စံချိန်တောင်းခံရမှာ အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ သတ်မှတ်တောင်းခံဖို့ ၊ ကျွမ်းကျင်အဆင့်ခွဲပေးရာမှာ အမှန်တကယ် ကျွမ်းကျင်သူတွေကို ဘက်လိုက်မှုမရှိဘဲ သတ်မှတ်ပေးဖို့၊  လုပ်သက် ၃ လပြည့်ပြီးသော အလုပ်သမားတွေကို အတည်ပြုဝန်ထမ်းခန့်ပေးဖို့ နဲ့ အောစူပါ၊ စူပါတို့မှ အထည်စံချိန်တောင်းခံရမှာ ရိုင်းစိုင်းစွာ အော်ဟစ်ဆဲဆိုခြင်းမပြုဖို့ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

 


Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026