NEWS

E&P Fashion အထည်ချုပ်စက်ရုံ အထည်စံချိန်အလွန်အကျွံတောင်းခံနေဟုဆို

CoverLogo
896 Views

ရန်ကုန်တိုင်း လှိုင်သာယာအနောက်ပိုင်းမြို့နယ် စက်မှုဇုန် ၅ အနော်ရထာလမ်းမှာဖွင့်လှစ်ထားတဲ့ E&P Fashion အထည်ချုပ်စက်ရုံမှာ အထည်စံချိန်အလွန်အကျွံတောင်းခံတာတွေ ပြုလုပ်နေပြီး စက်လိုင်းတစ်လိုင်းနှင့်တလိုင်း စံချိန်သတ်မှတ်ချက် မတူဘဲ ခွဲခြားဆက်ဆံတာတွေပြုလုပ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်တွေအလွန်အကျွံတောင်းခံပြီး မရပါက ကြီးကြပ်သူတွေဖြစ်တဲ့ စူပါ အောစူပါတွေက အော်ဟစ်ဆဲဆို ခြိမ်းခြောက်နေတာတွေ နေ့စဉ်ပြုလုပ်နေလို့ အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"အထည်စံချိန်ကိုမတရားတောင်းခံပါတယ် အလုပ်သမားတစ်ယောက်ကို တစ်နာရီကို အထည်စံချိန် ၇၀ ကနေ ၈၀ အထိပေးရတယ် အလုပ်ရှင်ဘက်က တောင်းတဲ့စံချိန်မရရင် စူပါ အောစူပါတွေကဆဲဆို အော်ဟစ်နေတာ နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲနေရတယ်"လို့ အဲ့ဒီစက်ရုံမှာအလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားတစ်ဦးကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ EC စာချုပ်နှင့်အညီမဟုတ်သည့် အချက်များကိုအလုပ် သမားများမှာလုပ်မှားကိုင်မှားမိလျှင်လည်း အလုပ်သမားများကိုဖိအားပေး၍ လက်မှတ်ထိုးခိုင်းခြင်း၊ အလုပ် သမားကလက်မှတ်မထိုးရန်ငြင်းဆန်ပါက  မန်နေဂျာမှ "ဒါကအရင်ကမင်းတို့ခေတ်လိုမဟုတ်ဘူး လုပ် ချင်းတိုင်းလုပ်လို့မရဘူး ငါကိုဘာထင်နေလဲလည်း ငါကစစ်သားအငြိမ်းစား"ဆိုပြီး ကြွေးကြော်ကာအော် ဟစ်သောင်းကြမ်းပြီး အလုပ်သမားတွေကိုခြိမ်းခြောက်ပြောဆိုတယ်လို့ အလုပ်သမားကပြောပါတယ်။ 

"လုပ်ငန်းခွင်ထဲရောက်မှ နေမကောင်းတာတို့ မိသားစုကိစ္စအရေးပေါ်ဖြစ်တာတွေရှိတယ် အဲ့လိုအခြေအနေမှာ ဂိတ်ပက်တောင်းရင် သူတို့က မပေဘူး အဲ့ခါကျတော့ အလုပ်သမားရုံးကို ဖုန်းဆက်အကူအညီတောင်းကြည့်တော့ အလည (အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန)က တာဝန်ရှိသူက ပြောတယ် ဒါက စီးပွားရေးလုပ်နေတာဖြစ်လို့ မိမိတို့ ဝင်ရောက်စွက်ဖက်လို့ မရကြောင်း ဥပဒေထဲမှာလည်း မပါရှိလို့ အလုပ်ရှင်ဘက်ကို ပြောပေးဖို့ မဖြစ်နိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

"လစာထုတ်ရက်တွေမှာ အော်ဒါအရေးကြီးတယ်ပြောပြီး ညဘက် ၇ နာရီလောက်မှ ထုတ်ပေးတာ အဝေးကိုပြန်ရတဲ့အလုပ်သမားတွေကျတော့ အဲ့ရက်တွေမှာ ပြန်ရတာ အရမ်းအန္တရာယ်များတယ် အဲ့ရက်ရောက်တိုင်း စိတ်ပူနေရတယ်  လစာထုတ်တဲ့နေ့မှာ အလုပ်ရှင်ဘက်ကခေါ်တဲ့ အချိန်ပိုမဆင်းဘူးဆိုရင်လစာကို နောက်ရက်မှပေးမယ်ဆိုပြီး ပြောပါတယ် အဲ့နေ့မှာတော့ စောစောပြန်လွှတ်စေချင်တယ်"လို့ အလုပ်သမားကဆက်လက်ပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမား ညှိနှိုင်းရေးကော်မတီ wcc ဖွဲ့ရာမှာ အလုပ်သမားများရွေးချယ်ခွင့်မရရှိဘဲ HR ဌာနမှအကြီးအကဲများကို သာရွေးချယ်ပြီး ဖွဲ့ထားတာကြောင့် အလုပ်သမားတွေရဲ့အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးတာမရှိဘဲ နစ်နာမှုတွေကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

လစာထုတ်ရက်တွေမှာ အချိန်ပိုမခေါ်ဘဲ စောစီးစွာပြန်လွှတ်ပေးရန်၊ အလုပ်သမားတွေအနေနဲ့ စက်ရုံအတွင်း အလုပ်လုပ်ကိုင်နေစဉ် နေထိုင်မကောင်းဖြစ်ပါက ဂိတ်ပက်  ပေးရန်  အလုပ်သမားတွေကို  ခွဲခြားဆက်ဆံခြင်း အထည်စံချိန်ပိုမိုတောင်းခံခြင်းမပြုလုပ်ရန် အထည်စံချိန်များကို အလုပ်သမားတစ်ဦးချုပ်လုပ်နိုင်သော ပမာဏကိုသာသတ်မှတ်တောင်းခံရန် မန်နေဂျာမှ စစ်တပ်ဖြင့် ခြိမ်းခြောက်ပြောဆိုခြင်းမပြုရန်  စတဲ့အချက်တွေတောင်းဆိုလိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံမှာအလုပ်သမား ၂၀၀ ကျော်လုပ်ကိုင်နေပြီး Sinsay အမှတ်တံဆိပ် အင်္ကျီတွေ ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

 

 

 


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026