NEWS

Earth စက်ရုံ အလုပ်သမားများ ဒေးကြေးတိုးမြှင့်ပေးရေး တောင်းဆိုနေ

CoverLogo
531 Views
 
တောင်ဒဂုန် စက်မှုဇုန်က Earth စက်ရုံမှာ ဒေးကြေးတိုးမြှင့်ပေးဖို့ တောင်းဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိ ဒေးကြေး ၅၈၀၀ ပဲ ရရှိနေပြီး ကျပ် ၁၀၀၀၀ ကျော် တိုးပေးဖို့ ဒီကနေ့ မေ ၃ ရက်မှာ စတင်တောင်းဆိုနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ဒေးကြေး ၅၈၀၀ ကနေ ကျပ် ၁၃၀၀၀ အထိ တိုးပေးဖို့ တောင်းနေတာပါ။ စက်ရုံက ETEC စက်ရုံ နဲ့ တစ်ဝန်းထဲပါ။ ရုံနာမည်ပဲ ကွဲတာ။” လို့ အလုပ်သမားတဦးက Myanmar Labour News ကို ပြောပါတယ်။
 
ETEC စက်ရုံအလုပ်သမား ၂၀၀၀ ကျော်ကလည်း မေ ၂ ရက်မှာ လုပ်ခတိုးမြှင့်ရေးကို အလုပ်ရပ် တောင်းဆို ခဲ့ကြပါတယ်။ Earth စက်ရုံ နဲ့ ETEC စက်ရုံ တွေဟာ အီလစ်ထရောနစ်စက်ရုံတွေဖြစ်ကြပြီး Earth စက်ရုံ အလုပ်သမား ၃၀၀ ဝန်းကျင်ကတော့ ဒီကနေ့ မေ ၃ ရက်မှာ လုပ်ငန်းရပ်တန့်တောင်းဆို နေကြတာပါ။
 
“မနက်ပိုင်းက ညှိနှိုင်းတယ်၊ အဆင်မပြေလို့ နေ့လယ်ပိုင်းမှာ ထပ်ပြီး ညှိတာ။ ခုချိန်ထိ မပြေလည် ဘူး” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်သမားတွေ တောင်းဆိုထားတဲ့ လုပ်ခထက် နည်းပါးတဲ့ ဒေးကြေးကျပ် ၇၀၀၀၊ ထောက်ပံ့ ကြေး ၁၂ဝဝ နဲ့ ရက်မှန်ကြေး ကျပ် ငါးသောင်းက တရက်ပျက်ပါက ကျပ် ၁၅၀၀၀ ပဲ ပေးမယ်ဆိုပြီး စက်ရုံဘက် ညှိနှိုင်းနေတာလို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
Earth Industrial (Myanmar) Company Limited က ၁၉၉၇ ခုနှစ်မှာ ထည်ထောင်ခဲ့ပြီး အီလက်ထရွန်နစ် အစိတ်အပိုင်းတွေ ဆားကစ်ဘုတ် (PCB) တွေ ထုတ်လုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့၊ တောင်ဒဂုန် စက်မှုဇုန် ၁ ၊ ယောက်ကော်လမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေပါတယ်။
 

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026