NEWS

Double Packing Myanmar (Plastic Factory) စက်ရုံအလုပ်သမားများ စက်ရုံတွင်းအဆင်မပြေမှုများစွာရှိနေ

CoverLogo
1.2K Views

လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် အနော်ရထာလမ်းရှိ Double Packing Myanmar (Plastic Factor)စက်ရုံက အလုပ်သမားတွေဟာ စက်ရုံတွင်းအဆင်မပြေမှုများစွာကြုံတွေ့နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

“ တစ်ချို့စက်ရုံတွေကလစာ ၄ရက်နေ့ထုတ်တာတွေရှိတယ်။  ကျွန်တော်တို့စက်ရုံကျတော့ ၉ရက်နေ့အထိစောင့်ရတယ်။ ကျွန်တော်တို့စက်ရုံက  နေစရာစားစရာပေးပါတယ်။ ဒါပေမဲ့ စားရတာကအဆင်မပြေတော့ စားလို့သောက်လို့အဆင်ပြေစေမဲ့အစားအစာလေးကျွေးစေချင်တာ။ ခုကသူတို့ကအဆင်ပြေရင်ပြီးရော ကျွေးတော့ မစားနိုင်ကြတာကများတော့ အပြင်မှာ၀ယ်စားရတော့ ရတဲ့လစာနဲ့ကထမင်းစရိတ်နဲ့ကအဆင်မပြေဘူး။  လစာထုတ်ရတာကလည်း  ၈ရက်၉ရက်၁၀ရက် အဲ့လိုဖြစ်နေတယ်” လို့ အလုပ်သမားများထံက သိရှိရပါတယ်။

အဆိုပါစက်ရုံကအလုပ်သမားတွေဟာ ဒေးကြေးတစ်နေ့လုပ်ခကျပ် ၃၆၀၀၊ ၃၉၀၀၊ ၄၆၀၀နဲ့ ၄၈၀၀ အထိသာ  ရရှိခဲ့တာဖြစ်ပြီး  ဇွန် ၁၄ ရက်နေ့ကစပြီး ဒေးကြေး တစ်နေ့လုပ်ခကျပ်၄၈၀၀ဖြစ်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။

ယခင်ကကျပ် ၃၆၀၀ ကျပ်သာရရှိနေတဲ့သူတွေကို  ၄၈၀၀ သို့ပေးလိုက်တာဖြစ်ပေမဲ့ ယခင်ကဒေးကြေး ၄၈၀၀ ကျပ်ရရှိနေတဲ့၀န်ထမ်းတွေကိုထောက်ပံ့ပေးတယ်ဆိုတဲ့ပုံစံနဲ့  ပြောဆိုခဲ့တာဖြစ်သလို  ထောက်ပံ့ကြေးအဖြစ်တစ်နေ့ ၄၀၀ ကျပ်တစ်လလျှင် ၁၂၀၀၀ ကျပ်ပေးဆောင်မယ်လို့ပြောဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။  

“၀န်ထမ်းတွေအားလုံးဒီလို၄၈၀၀ကိုတရား၀င်ပေးတယ်လို့မပြောဘူး။ ထောက်ပံ့ကြေးအနေနဲ့ ပေးတယ်။ ခုလကစတယ်။ ၃၆၀၀ သမားတွေကို ၄၈၀၀ပေးတယ်ပေါ့ ။  ၄၈၀၀သမားတွေကိုတော့ ထောက်ပံ့ကြေးအနေနဲ့တစ်နေ့၄၀၀တစ်လကို ၁၂၀၀၀ ပေးမယ်လို့ပြောတယ်” လို့ဆိုပါတယ်။

ဒေးကြေး၃၆၀၀ကျပ်ရရှိခဲ့တဲ့အလုပ်သမားတွေဟာ   အစမ်းခန့်ကာလလို့ပြောပေမဲ့ အစမ်းခန့်ကာလက ၃လကနေ၆လအထိသာမကဘဲ  တစ်နှစ်ကျော်တွေအထိကို ဒေးကြေးကျပ်၃၆၀၀ သာ  ရရှိခဲ့တာလို့ သိရပါတယ်။

မူလက၃၆၀၀ကျပ်ရရှိသူတွေသာမက ၄၈၀၀ကျပ်ရရှိတဲ့အလုပ်သမားတွေကိုလည်း  တစ်နေ့လျှင်စံချိန်ပြည့်မှီမှသာ  တိုးမြင့်ပေးမှာဖြစ်သလို  ထောက်ပံ့ ကြေးအဖြစ်ပေးတဲ့ တစ်နေ့ကို၄၀၀နှုန်းနဲ့ တစ်လကို ၁၂၀၀၀ နှုန်းထောက်ပံ့ပေးမယ်ဆိုတာဟာလည်း  စံချိန်တွေပြည့်မှီမှသာ  ရရှိမှာဖြစ်ပြီး စံချိန်ပြည့်မှီအောင်မချုပ်နိုင်ပါက  ရရှိမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။  

“စံချိန်မပြည့်ဘူးဆိုရင် ၄၈၀၀ သမားက အဲ့ဒီထောက်ပံ့ကြေး၄၀၀ ဖြတ်မယ်။  စံချိန်ပြည့်မှ၄၀၀ပေးမှာ။ ၃၆၀၀ သမားကိုလည်း စံချိန်ပြည့်မှ ၄၈၀၀ပေးမှာ။ နေ့စားသမားတွေခန့်ထားတယ်။ သူတို့ကိုလည်းစနေ တနဂ်နွေခံစားခွင့်မပေးဘူး။ ကျွန်တော်တို့အလုပ်သမားတွေက ရှေ့ဆက်ပိုဆိုးဖို့ပဲရှိပါတယ်" လို့ ဆိုပါတယ်။

အဆိုပါအလုပ်သမားတွေဟာ  ယခင်က စက်ရုံတစ်ရုံလုံး ၃၆၀၀ ကျပ်သာရလို့ဆန္ဒပြခဲ့ကြလို့ ဒေးကြေးကျပ်၄၈၀၀ တိုးပေးပြီး တစ်ချို့ကိုတော့၃၆၀၀နဲ့ပေးခဲ့ကာ  တောင်းဆိုတဲ့သူတွေကိုတော့ လျော်ကြေးပေး ပြီးထုတ်ခဲ့တာလို့ အလုပ်သမားတွေကပြောပါတယ်။

ယခုချိန်မှာဒေးကြေးနဲ့အချိန်ပိုကြေးသာရရှိပြီးအခြားသောခံစားခွင့်တွေမရရှိလို့ ဒေးကြေး၅၆၀၀ကျပ်ရရှိရန် တောင်းဆိုလိုပေမဲ့  ယခင်ကကဲ့သို့လျော်ကြေးပေးအလုပ်ထုတ်မှာစိုးတာကြောင့် တောင်းဆိုခြင်းမပြုလုပ်တာဖြစ်တယ်လို့လည်း သိရပါတယ်။  

“ကျွန်တော်တို့မှာ  ရက်မှန်ကြေးနဲ့ဒေးကြေးအိုတီဒါပဲရှိတာ။  ကျန်တဲ့ကျွမ်းကျင်ကြေးတွေ ဘာညာကြေးတွေလည်းမရှိပါဘူး။ ရက်မှန်ကြေးကလည်း  တစ်ရက်ပျက်ရင်တစ်သောင်း ဖြတ်ခံရရော။ ကျွန်တော်တို့စက်ရုံကတော့ ပလက်စတစ်စက်ရုံပါ။ kingdom ရွှေငါး တို့ ၅၉တို့ ၆၄တို့ ဖြန့်တာ” လို့ဆိုပါတယ်။

အဆိုပါစက်ရုံဟာ အလုပ်သမား ၇၀၀ ကျော်နဲ့လည်ပတ်နေတဲ့ ထိုင်၀မ်နိုင်ငံသားပိုင် ပလက်စတစ်စက်ရုံဖြစ်ကာ  သမဂ္ဂမရှိသလို WCC လည်းမရှိဘူးလို့သိရပြီး အလုပ်သမားတွေအနေနဲ့  အဓိကတောင်းဆိုချင်တာက  စက်ရုံဘက်ကနေ ကျန်းမာရေးနဲ့သင့်တော်တဲ့အစားအစာကျွေးဖို့ ၊  လစာထုတ်ပေးတဲ့ရက် နောက်ကျတာတွေနဲ့ လစာမဲ့ခွင့်ပေးတာတွေကို ပြင်ဆင်ဆောင်ရွက်ပေးစေချင်တာဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026