NEWS

Double Packing Myanmar စက်ရုံ WCC ရွေးချယ်မှု စနစ်တကျမရှိသည့်အပြင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်များ ရှိနေ

CoverLogo
587 Views
 
Double Packing Myanmar စက်ရုံမှာ WCC အဖွဲ့ ကိုယ်စားလှယ် ရွေးချယ်ပွဲရာမှာ စနစ်ကျ မရှိဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ကိုယ်စားလှယ်အဖွဲ့ဝင်တွေကို မဲပေးရာမှာ ရုံးခန်းအတွင်း မန်နေဂျာ ရှေ့မှာပဲ မဲ့ထည့်ရတယ်လို့ ပြောပါတယ်။
 
“ကျွန်မတို့ကို ဗလာစာအုပ်က စာရွက်တွေကို ဖြဲပြီး ကိုယ်ထည့်ချင်သူ နာမည်ရေးခိုင်းပြီး သူတို့အရှေ့မှာတင် ပုံးထဲ ထည့်ခိုင်းပါတယ်။” လို့ အမျိုးသမီးအလုပ်သမားတစ်ဦးက ပြောပါသည်။
 
WCC အဖွဲ့ဝင်ကို ရွေးချယ်ရမှာ ပထမဦးဆုံး ဌာနတခုစီက ကိုယ်စားလှယ် တဦးစီရွှေးချယ်ရမှာ ဖြစ်ပြီး ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေထဲကနေ ၃ဦးကို ရွေးကောက်ရမှာ ဖြစ်ပါတယ်။ ဒီလို ရွေးချယ်မဲပေးနိုင်ဖို့ အဟန့်အတားမှမရှိတဲ့နေရာ မှာလွတ်လပ်စွာမဲထည့်ခွင့်ရဖို့ လိုအပ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတဦးက ပြောပါတယ်။
 
စက်ရုံအလုပ်သမားတွေမှာ ဥပဒေပါခွင့် တွေကို အမှန်တကယ် ခံစားခွင့်မရသလို ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရတဲ့ လုပ်ငန်းခွင်တစ်ခုဖြစ်နေတယ်လို့လည်း ပြောပါတယ်။ စက်ရုံစစ်ဆေးရေးတွေ လာရောက်မယ်လို့ ကြိုပြောထားမှ ဘေးကင်းလုံခြုံရေး အစီအမံတွေကို စက်ရုံဘက်က ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ လုပ်ငန်းခွင်အတွင်း အပူရှိန်မြှင့်တဲ့ အလုပ်တွေပါလို့ အပူလောင်တာတွေက ဖြစ်လေ့ရှိနေတယ် ။ နောက်တခုက လုံခြုံရေး ဖိနပ်တွေ မပေးထားဘူး။ ခဏခဏ ဓါတ်လိုက်တယ်။ အလုပ်တွေအကုန်လုံးက အန္တရာယ်များတယ်။ စစ် ဆေးရေးဆိုတာတွေလာမယ်ဆိုပြီး ကြိုပြောထားမှ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ပြ တာ။ စစ်ဆေးရေးပြန်ပြီဆိုရင်တော့ ဖြစ်ချင်တာဖြစ် နဂိုအတိုင်းပဲ” လို့ အလုပ်သမားတွေတဦးက ပြောပါသည်။
အလုပ်သမားတွေကို စက်ရုံဘက် ထမင်းကျွေးပေးမဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ပုံစံတွေမဟုတ်ဘူးတဲ့ အပြင် သောက်သုံးရေမှာလည်း ပြဿနာရှိနေတယ်လို့ သိရပါတယ်။
 
“စက်ရုံမှာရော၊ အဆောင်မှာပါ သောက်သုံးရေ ထားတာက မသန့်ရှင်းဘူး။ ထမင်းကအရမ်းမာတယ်။ဗိုက်အောင့်တယ်၊ အူအတတ်ပေါက်တယ် ၊အစာအိမ်ဖြစ်တာတွေလည်းရှိတယ်။ ဟင်းချက်တော့ ပဲဟင်း ၊ ငချဥ်သုပ်၊ မန်ကျဥ်းသီးငရုပ်သီးချက် အဲလိုတွေ ချက်ကျွေးတယ်.”လို့ အလုပ်သမားတ
ဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ လပိုင်းက စက်ရုံတစ်ရုံးလုံး ဝမ်းပျက်၊ ဝမ်းလျော ဖြစ်ပွားခဲ့ပြီး အသေအပျောက်တော့ မရှိခဲ့ဘူလို့ ပြောပါတယ်။ ဖြစ်စဉ်တွေအတွက် စက်ရုံစစ်ဆေးရေး ဝင်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
 
“စစ်ဆေးရေးက လာတော့စစ်တယ်။ အန္တရာယ်ရှိတဲ့ လုပ်ငန်းမှာ အလုပ်သမား တွေ အကာအကွယ်မရှိ လုပ်နေတာကို တွေ့ပါတယ်။ တွေ့တာနဲ့ မျက်နှာလွဲပြီး မမြင်ချင်ယောင် ဆောင်သွားတယ်။” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
WCC ကိုယ်စားလှယ်တွေ ရွေးချယ်ရာ စနစ်တကျပြန်လည်ရွေးချယ်ဖို့၊ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ကျွေးမွေးဖို့၊ ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်ဖြစ်နဲ့ ဥပဒေပါ ခွင့်ရက်တွေ ခံစားခွင့်ပြုဖို့ လိုလားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Double Packing Myanmar စက်ရုံသည် ထုတ်ပိုးပစ္စည်း ပလပ်စတစ်ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ စက်ရုံကို ထိုင်ဝမ်နိုင်ငံသားပိုင်ဆိုင်ပြီး လှိုင်သာယာမြို့နယ်၊အနော်ရထာစက်မှုဇုန်၊မြရတနာလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026