NEWS

Dongxin Gament အထည်ချုပ် လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်၊ အလုပ်သမားအခွင့်အရေးနစ်နာသူများကို ကူညီပေးမှုကြောင့် WCC အဖွဲ့ဝင်တစ်ဦး အလုပ်မှထုတ်ပယ်ခံရဟုဆို

CoverLogo
563 Views
 
လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ စက်မှုဇုန်(၃)၊ နဝဒေးလမ်းမကြီး၊ အမှတ် (- )ရှိ Dongxin Gament Co.,Ltd မှာ လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု တွေဆက်တိုက်ကျူးလွန်နေတယ်လို့ အဆိုပါ လုပ်ငန်းခွင်မှာလုပ်ကိုင်နေတဲ့အလုပ်သမားတွေထံကသိရပါတယ်။
 
လုပ်ငန်းခွင် ချိုးဖောက်မှုအနေနဲ့ အချိန်ပို အတင်းအကျပ်ခေါ်ခြင်း၊ လုပ်ငန်းခွင်အတွင်း အောစူပါနှင့် စူပါများမှ အလုပ်သမားများကို ခွဲခြားဆက်ဆံမှုများ၊ တရုတ်ပညာရှင်များက အလုပ်သမားအမျိုးသမီးတွေကို လိင်အမြက်ထုတ်ခြင်း ၊ လုပ်ငန်းခွင်က အိမ်သာမသန့်ရှင်းခြင်း၊ အလုပ်သမားများသဘောဆန္ဒကို လွန်ဆန်ကာ ဖိအားပေးခိုင်းစေခြင်း စတဲ့ ပြဿနာတွေကို ရင်ဆိုင်ခံစားနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
စက်ရုံမှာ FieldCore, BURTLE, LUC ,TIGORA, CORDURA စတဲ့ နိုင်ငံတကာမှအမှတ်တံဆိပ်တွေကို ချုပ်လုပ်နေ ပြီး ယခင်က လှိုင်သာယာမြို့နယ် စက်မှုဇုန် (၅) တွင် ဖွင့်လှစ်ခဲ့ပြီး ၂၁.၁၀.၂၀၂၂ ခုနှစ်တွင် စက်မှုဇုန် (၃) သို့ ပြောင်းရွေ့ဖွင့်လှစ် လာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
၂၀၂၃ စက်တင်ဘာ ၁၁ ရက်နေ့မှာ စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ်သုံးဦးကို (wcc) ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သဖြင့် ရွေးချယ်ခံရသည့် အလုပ်သမားတစ်ဦးမှ အလုပ်သမားများ၏ လုပ်ငန်းခွင်ပြသာနာများကို ဝင်ရောက်ဖြေရှင်း ကူညီမှုများ ပြုလုပ်ပေးခဲ့ရာ အဆိုပါ အလုပ်သမားကို WCC ကနေ ထုတ်ပယ်သလို အပြစ်တစုံတရာမရှိဘဲ လုပ်ငန်းခွင်ကနေ ပါ ထုတ်ပယ်ခဲ့တာကြောင့် နစ်နာမှုကိုဖြေရှင်းပေးဖို့ ခုံသမာဓိကောင်စီအဆင့်ထိ တိုင်ကြားရန် ကြိုးပမ်းလျှက်ရှိတယ်လို့ သိရပါတယ်။
 
၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် မတရားအလုပ်ထုတ်ခံရမှုကို အလုပ်သမား ဆက်ဆံရေးရုံးတွင် တိုင်ကြားခဲ့ပြီး ပြေလည်မှုမရသဖြင့် ခုံသမာဓိအဖွဲ့ သို့ဆက်လက်တိုင်ကြားခဲ့ပြီး ၂၁.၈.၂၀၂၄ ရက်နေ့တွင် ခုံသမာဓိအဖွဲ့၏ ဆုံးဖြက်ချက်မှာအလုပ်ရှင်မှ အလုပ်သမားကို လုပ်သက်နှစ်အလိုက် နစ်နာကြေးပေး ရန် ဟုဆိုကာ အမိန့်ချခဲ့သဖြင့် နစ်နာသူအလုပ်သမားမှ ခုံသမာဓိအဖွဲ့၏ တစ်ဖက်သတ်အမိန့်ကို မကျေနပ်သဖြင့် ခုံသမာဓိကောင်စီထံသို့ ဆက်လက်တိုင်ကြားသွားမယ်လို့ သိရပါတယ်။
 
လက်ရှိ လုပ်ငန်းခွင်အခြေအနေမှာလည်း အလုပ်သမားရေးရာ ဦးစီးဌာနမှ ဝင်ရောက်စစ်ဆေးပေမဲ့ ပြုပြင်ပြောင်းလဲတာမရှိဘူးလို့ ပြောပါတယ််။
 
လုပ်ငန်းခွင်မှာ နေ့စားအလုပ်သမားတွေခန့်ထားပြီး EC စာချုပ်ချုပ်ဆိုခြင်းမရှိဘဲ ခိုင်းစေနေတာတွေ လုပ်ငန်းခွင်မှာ ဆေးဝါးတွေလုံလောက်အောင် စီစဉ်မပေးတာနဲ့ လုပ်ငန်းသုံးပစ္စည်းတွေကိုပါ အလုပ်သမားတွေကိုယ်တိုင် အိတ်စိုက်ဝယ်သုံးရတဲ့အထိပါ ဖြစ်ပေါ်နေတာလို့ အလုပ်သမားကပြောပါတယ်။
 
"ကျွန်မတို့ အလုပ်သမားတွေအနေနဲ့ ကပ်ကြေးဝယ်သုံးရတာတွေရှိတယ်။ လုပ်ငန်းသုံးပစ္စည်းတွေကို လုံ လောက်အောင်ဝယ်မပေးထားဘဲ အလုပ်သမားတွေ စံချိန်မမီရင် မိုက်နဲ့အော်ပြောတာတွေလုပ်တော့ အလုပ်သမားတွေအနေနဲ့ ကိုယ်ပိုက်ဆံနဲ့ကိုယ် ဝယ်သုံးနေရတုန်းပါဘဲ။ အပ်လဲ စာရေးမနဲ့ဆိုရင် နေတိုင်းရန် ဖြစ်နေရပါတယ်။ကပ်ကြေးကတော့ အလုပ်ဝင်ကတည်းက ကိုယ့်ပါနေဝယ်သုံးကြရပါတယ်” လို့ အလုပ်သမား တစ်ဦးက ရင်ဖွင့်ပါတယ်။
 
“ကျွန်မအလုပ်လုပ်လာတာ ၁ နှစ်နီးပါခန့်ရှိပါပြီ။ စက်ရုံအနေနဲ့ အဆင်မပြေတာတွေ အများကြီးရှိတယ်။ ဒီရက်ပိုင်းတင်မှာပေါ့ လည်ဆွဲကတ်တွေ အတင်းဆွဲလာခိုင်းတယ်။ ထုတ်ပေးထားတဲ့ ကတ်ကြိုးကမကောင်းလို့လဲခိုင်းတာကို ကိုယ်ဘာနေဝယ်သုံးရမယ်လို့ မန်နေဂျာက ပြောလာ ပါတယ်။” လို့ အလုပ်သမားက ပြောပြပါတယ်။
 
လောလောဆယ် အောနိုက်တွေခေါ်တာကိုတော့ ခဏရပ် ထားတယ်။“ကျွန်မကတော့ တစ်ခါမှမဆင်းဘူး။ အရင်က မဆင်းရင်ပြဿနာ ရှာတက်ကြပေမယ့် လက်တလောမှာတော့ ကျွန်မကိုလည်း ပြဿနာ မရှာရဲ ကြဘူးလေ" လို့လဲအလုပ်သမားတစ်ဦးက ပြောပါ တယ်။
 
စက်ရုံမှာ WCC အသစ်ထပ်မံရွေးချယ်မှုတွေလုပ်လာတယ်။ “ကျွန်မဒီစက်ရုံကို ရောက်စတည်းကဆိုရင် WCC ဖွဲ့စည်းတာ လပိုင်းလေးအတွင်းမှာတင်တောင် (၂) ကြိမ်ကြုံပြီးပါပြီ။ အလုပ်သမားတွေရဲ့အခက်အခဲတွေ မညှိနှိုင်းပေးနိုင်ဘဲ ပညာဝမ်းစာမပြည့် ဗဟုသုတ မရှိသူတွေကို ပိုင်ရှင်စိတ်ကြိုက် ရွေးချယ်ခဲ့လို့ ဒီလိုဖြစ်ရတာ ဖြစ်မယ်”လို့လဲအလုပ်သမတစ်ဦးက ဆိုပါတယ်။
“တစ်လလုံးဂိတ်ပါတ်ယူတာ(၈)နာရီပြည့်ရင် ရက်မှန်ကြေးနဲ့ ဒေးကြေးဖြတ်မယ်လို့ HRကပြောတယ်။ လစာတွေမှာ ဖြတ်ထားတာတွေလည်း ရှိပါတယ်။
 
ဒီတစ်ခါ လစာထုတ်လို့ ဖြတ်ထားတယ်ဆိုရင်တော့ ကျွန်တော်တို့ သက်ဆိုင်ရာရုံးတွေကနေဘဲ စကားပြောတော့ မယ်လို့ ဆုံးဖြတ်ထားပါတယ်”ဆိုပြီး အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
စက်ရုံက ယခင်ကတည်းက ပုံရိပ်မကောင်းခဲ့ဘူးလေ။လူမှုရေးကိစ္စတွေကလည်း ဒုနဲ့ဒေးရှိနေတယ်။ အခုဆိုရင် အလုပ်သမားတွေထဲမှာ ထက်ထက်မြတ်မြတ်ရှိသူလို့ သံသယရှိနေရင် ထမင်းစားချိန်တောင် လူမှုရေးပတ်သက်ဆက်နွယ်သူတွေ အဖွဲ့ခေါင်းဆောင်ပိုင်းတွေအကုန် ဝိုင်းကြီးပတ်ချာ လှည့်ထိုင်စောင့်ကြည့် နေမှုတွေကို နေ့စဉ်တွေ့နေရပါတယ်လို့ အလုပ်သမားတစ်ဦးက ပြောပြပါတယ်။
 
အလုပ်သမားတွေအတွက် ကောင်းမွန်သော လုံခြုံမှုရှိသော လုပ်ငန်းခွင် မဖြစ်ပေမယ့် ရှားပါးလှသောအလုပ်အကိုင်များကြောင့် အောင့်အင်းလုပ်ကိုင်နေရသော စက်ချုပ်သမများအနေဖြင့် ၎င်းတို့ရဲ့ပုံရိပ်တွေ ပါထိခိုက်မှာကို စိုးရိမ်နေကြပါတယ် လို့အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026