NEWS

Dong Yu စက်ရုံ တွင် ည ၁၁နာရီ အထိ အချိန်ပိုများ ဆက်တိုက် ခေါ်ယူနေ

CoverLogo
684 Views

Dong Yu အထည်ချုပ် စက်ရုံမှာ အချိန်ပို ညနက် ၁၁နာရီ အထိ ဆင်းခိုင်းပြီး မဆင်းပါက သတိပေး (ဝမ်တိန်) ထိုးခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ညနက် အချိန်ပိုတွေအပြင် ရက်သတ္တပတ်ပိတ်ရက် တနင်္ဂနွေ အချိန်ပိုမဆင်းလျှင် ဂရိတ်ချမယ်ဆိုပြီး ခြိမ်းခြောက် ပြော အတင်းအကျပ် လုပ်ကိုင်ခိုင်းတယ်လို့ ပြောပါတယ်။ 

“ တနင်္ဂနွေ ဆင်းခိုင်းရင် ပိုက်ဆံ လက်ငင်း မရှင်းပေးဘူး။ ၃/ ၄ရက်ကြာမှ ရှင်းပေးတယ်။ ရက်ပျက်တော့ ဂရိတ်ချ  တယ်။ ဝမ်တိန် ထိုးရတယ်။ အချိန်ပို ဆိုရင်လဲ ညတိုင်း ည ၁၁ နာရီ ခေါ်တယ်။ အထည် စံချိန်က ၁၀၀၀ ပေးရ  တယ်။ စံချိန်မပြည့်တာနဲ့ အော်ဟစ်ပြီး တောင်းတယ်။ အထည်မနိုင်တဲ့ နေရာတွေကို ည ၁၁ နာရီ ထိ ဆက်ခေါ် တယ်။ တခါတလေ စနေနေ့မှာ အောလင်း ခေါ်တယ်။ ရက်ပျက်တာ၊ အိုတီ မဆင်းတာတွေကို ဂရိတ်ချတာ ရုံးပေါ်က လုပ်ခိုင်းတာလို့ ပြောတယ် " လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

စက်ရုံ ရဲ့အလုပ်ချိန်က မနက် ၈နာရီမှ ညနေ ၆နာရီ ခွဲထိ ပုံမှန် အလုပ်ချိန်ဖြစ်ပြီး စနေနေ့တွင် ညနေ ၄နာရီ ခွဲ အထိ ဖြစ်ပေမဲ့ ညနက် ၁၁ နာရီ အထိ လုပ်ကိုင်နေရတာလို့ အလုပ်သမားတွေက ပြောတာပါ။  နေ့လည်စာ စားပြီးကတည်း နားချိန်မပေးဘဲ အချိန်ပို ည ၆ နာရီခွဲအထိ လုပ်ကိုင်ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 

" အချိန်ပိုတွေ နေ့တိုင်းဆင်း နေရတာ။ ပြီးတော့ လူရွေးခေါ်တာ။ မဆင်းချင်ဘူးလို ပြောရင်လဲ မရဘူး။ မဆင်းချင် အလုပ်ထွက်၊ ဂရိတ်ချမယ်ပြောတော့ မဆင်းချင်လဲ ဆင်းနေရတယ် ။ ဆင်းတော့လည်း အိပ်ရတာက အဆင်မပြေ ဘူး။ အလုပ်ပြီးတာနဲ့ မီးတွေပိတ်ထားတော့ ခြင်တွေကိုက်နဲ့ ၊ တချို့ကျ အထည်တွေကြား၊ ခုံတွေအောက် အိပ် ရတယ်။ မနက်ရေချိုးတော့ ယောကျာ်းလေးတွေကတော့ ကိစ္စ မရှိဘူး၊ မိန်းခလေးတွေကျတော့ အဆင်မပြေဘူး။ ညနက် အချိန်ပို အထိဆင်းပြီးလည်း နောက်နေ့ အလုပ်ပြန်ဝင်ခိုင်းတာ။ ပင်ပန်းတော့ အချိန်ပို မဆင်းချင်ဘူး ။ ခေါင်းဆောင်တွေက ပြောဆိုနေတော့ ဆင်းပေးရတယ်။ တခါ ဆင်းရရင် အလုပ်သမား ၁၀၀ ဝန်းကျင်။ တစ်လ အချိန်ပိုက နာရီ ၁၀၀ နီးပါး ရှိတယ်။” လို့ ပြောပါတယ်။

လုပ်ငန်းခွင်ထဲမှ သန့်စင်ခန်းသွားလိုပါက ကတ်ယူရပြီး သောက်ရေသန့်ကို အပြင်ကမှာယူပေမဲ့ သောက်ရေ ပြတ်လတ်တာတွေ မကြာခဏ ဖြစ်လို့ အလုပ်သမားတွေမှာ အခက်အခဲတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအတွင်း လုပ်ငန်းခွင်ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ WCC ဖွဲစည်းထားမရှိလို့လည်း လုပ်ငန်းခွင်အဆင်မပြေမှုတွေ ပြောဆိုဖို့ အခက်အခဲ ဖြစ်နေရတယ်လို့  ပြောဆိုထားပါတယ်။ 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026