NEWS

Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ

CoverLogo
324 Views
 
ညီမက ပုသိမ်ကပါ၊ အထည်ချုပ်စက်ရုံ မှာအလုပ်လုပ်ပါတယ်။ စက်ရုံက Dong long အထည်ချုပ်စက်ရုံပါ။
 
ပုသိမ်စက်မှုဇုန် ကင်မလင်းကျွန်း၊ ၁၃ ရက်ကွက်၊ ပုသိမ်မြို့ မှာပါ။ မပန်းအိဆိုတဲ့ အမျိုးသမီးက အလုပ်လုပ်တာ မှားတာရှိရင် ေ--ိုးမ ၊ -ာ-ယ်မ ဆိုပြီး ဆဲပါတယ်။ မပန်းအိက Finishing ဌာနကပါ။ လီတာရာထူးပါ။
 
ဒီလိုမျိုးဆဲတာက သူ့လက်အောက်က လူတိုင်းကို ဆဲနေတာပါ။ သူ့အထက်က ရာထူးမြင့်တဲ့သူက သူ့ကို ဆူရင်၊ သူက သမီးတိုကို ခေါ်ပြီး ဆဲပါတော့တယ်။
 
စက်ရုံထဲက အလုပ်သမားတွေ အတော်တော်များများ အဆဲခံရတာပါ။ အဲ့အထဲမှာ မပန်းအိ လက်အောက်မှာလုပ်ရတဲ့ အလုပ်သမားတွေက ပိုပြီး မိုက်ရိုင်းစွာ အဆဲခံရပါတယ်။ အလုပ်သမားတွေ မုန့်စားတော့ သူက ခေါ်ဆဲပါတယ်။ သူကတော့ အထည်ပုံထဲမှာ မုန့်စားပါတယ်။
 
တခါတလေ မပန်းအိက ကတ်ကြေးဖြင့် ထိုးသတ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ တနဂ်နွေနေ့တွေဆိုရင် နေမကောင်းလို့ အလုပ်မဆင်းရင် ေ- နဲ့ ကိုင်ထုတ်ပြီး ခေါ်ဆဲတာခံရပါတယ်။ လုပ်ငန်းခွင်မှာ ကောင်းကောင်းမွန်မွန် ပြောဆိုတာကို လက်ခံပေမဲ့ ေ--ိုးမ၊ -ာ-ယ်မ ဆိုပြီး လက်ညှိးထိုး အဆဲ ခံရတာပါ။
 
စား၀တ်နေရေးအတွက် အဆဲခံပြီး အလုပ်လုပ်နေရတာပါ။ တနင်္ဂနွေနေ့ ပိတ်ရက်တွေမှာ အနားမရပါဘူး ။ ပိတ်ရက်ကို တလ အနည်းဆုံး ၃ ပတ် ဆင်းပေးနေရတာပါ။ အလုပ်ထုတ်မှာကြောက်လို့ သွားမတိုင်ရဲပါဘူး။ အခုလိုပြောပြရင်ဖွင့်ရတာတောင် ကြောက်မိပါတယ်။
 
အလုပ်ထုတ်မှာကြောက်လို့ စက်ရုံကိုဘာမှ မပြောရဲပါဘူး။ ခုလို ပြောပြ ရင်ဖွင့်ရတာတောင် ကြောက်မိ ပါတယ်။ WCC အဖွဲ့လည်း ရှိပါတယ်။ ဆဲနေတဲ့ အချိန် WCC အဖွဲ့ဝင်တွေ ဖြတ်သွားတာတောင့် အရေး မလုပ်ပါဘူး။
 
ဆဲတဲ့ အကြောင်း ပြောပြတာတောင် ‘ ဒီလိုပဲပေါ့ ‘ ဆိုတာနဲ့တင် ပြီးခဲ့ပါတယ်။ စက်ရုံမှာ အလုပ်သမားခေါင်းဆောင်တွေရှိတယ်ဆိုပေမဲ့၊ ဖြေရှင်းပေးတာ မရှိပါဘူး။ အလုပ်သမားတွေမှာ နေ့စဉ် အမျှ စိတ်ဆင်းရဲစွာ အလုပ်လုပ်နေရပါတယ် ။
ကိုယ်ချင်းစာပေးပြီး ကူညီပေးပါရှင့်။
 
( စက်ရုံက Dong long အထည်ချုပ်စက်ရုံနဲ့ အလုပ်သမားကြားမှာ EC စာချုပ် ချုပ်ဆိုထားပြီး အဲ့ဒီ EC စာချုပ်ရဲ့ စည်းမျဉ်းစဉ်းကမ်း ၁၅/၁၆/၁၇ မှာ ဆဲဆိုမှုနဲ့ ကိုယ်ထိလက်ရောက် ခြိမ်းခြောက် အနိုင်ကျင့်မှုနဲ့ ပတ်သက်ပြီး တားမြစ်ထားပါတယ်။
EC စာချုပ် စည်းမျဉ်းစည်းကမ်းတွေ ဖေါက်ဖျက် ပါက သတိပေးမှု ၃ ကြိမ်ပြုလုပ်ပြီး ထပ်မံကျူးလွန်ပါက နစ်နာကြေးမပေးဘဲ အလုပ်ထုတ်နိုင်တယ်လို့ သတ်မှတ်ထားပါတယ်။)

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026